အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » “ျမန္မာအလုပ္သမားတစ္ဦး အသတ္ခံရ”

“ျမန္မာအလုပ္သမားတစ္ဦး အသတ္ခံရ”

Written By MyanmarChnnel@ on Sunday, December 1, 2013 | 12:45 AM

                  နိုဝင်ဘာ ၂၃  မြတ်ညို(အလွတ်သတင်းထောက်)

         မဟာချိုင် ခွန်ခုအရပ်တွင် နေထိုင်သည့် မော်တော်ဆိုင်ကယ် အပို  ပစ္စည်း ထုတ်လုပ်သည့် အလုပ်ရုံမှ အလုပ်သမားတစ်ဦး ညဘက် အချိန်ပို ဆင်း၍ အိမ်အပြန် လမ်းတွင် အမည်မသိသူများ ရိုက်နှက်သဖြင့် ယမန်နေ့ က သေဆုံးသွားခဲ့ကြောင်းသိရှိရသည်။

         အသက် ၂၃ နှစ်အရွယ် မွန်အမျိုးသား မင်းချမ်းမွန် ဆိုသူသည် ၂၀၁၃ ခု နိုဝင်ဘာ ၂၀ ရက်နေ့ညဥ့် ၁၁ နာရီခန့်က  အလုပ်အတူတူ လုပ် သည့် ညီဖြစ်သူ  အောင်မြင့်ဦး အား မိဘများ နေအိမ်သို့ ပြန်လည် ပို့ဆောင် ခဲ့ပြီး ပြန်သွားခဲ့စဉ် ရိုက်သတ်ခံခဲ့ရခြင်းဖြစ်သည်။

           ဖခင်ဖြစ်သူ ဦးငွေဌေး က“၁၁ နာရီ  မိနစ် ၅၀  လောက်မှာ ဆေးရုံ ကဖုန်းလာပါတယ်။ သားစီးသွား တဲ့ ဆိုင်ကယ်က ကျနော်တို့နေတဲ့စွယ် ပါဟမ်းလမ်းထိပ်မှာ လဲနေတဲ့အတိုင်းပါပဲ
 ဦးခေါင်း၊လည်ပင်းနဲ့  မျက်နှာ   ရောင်ကိုင်းပြီး သတိလုံးဝမရခဲ့ဘူး  စီဝိချိုင်၅ ဆေးရုံ မှာပဲ မနေ့က ဆုံးသွားပါတယ်” ဟုပြောသည်။

            မင်းချမ်းမွန် တွင် ရန်ငြိုးရန်စမရှိသူဖြစ်ကြောင်း၊ ဇနီး သည်မှာ အဘွားဖြစ်သူ ကွယ်လွန်ခါနီးသဖြင့် ခေတ္တ မြန်မာပြည်ကို အလည်   ပြန်သွားကြောင်း၊ ကလေးမရှိကြောင်း၊ မူယစ်ဆေးဝါးသုံးစွဲသည့် ထိုင်း ဆိုးသွမ်းလူငယ်(လမ်းသရဲ)များ အုပ်စုလိုက် အကြောင်းမဲ့ သတ်သွားခြင်းဖြစ်နိုင်ကြောင်း ဖခင်ဖြစ်သူ က ယူဆပြောဆိုသည်။

         ကိုမင်းချမ်းမွန် ၏ ကြွင်းကျန် ရုပ်ကလပ်အား ယနေ့ ညနေပိုင်းတွင် မဟာချိုင် မြို့အစွန် ၀ပ်စလီမွန်ဘုန်းတော်ကြီး ကျောင်းတွင် သင်းဂြိုဟ် မည်ဖြစ်သည်။

သတင်းကတော့အခုမှရလို့ ကျွှန်နော်တင်ပေးလိုက်တာပါ
ဖြစ်တာကတော့ နည်းနည်းလောက်ကျော်လွန်းခဲပြီးဖြစ်ကြောင်းသိရပါတယ်
ထိုင်းနိုင်ငံမှာ ကျွှန်နော်တို့ မြန်မာတွေပာာဒီလိုပဲမကြာကြာအသတ်ခံရတာ
များနေပါပြီ အဲ့ဒီလိုပါပဲ ဘယ်လိုပဲတရားဝင်လုပ်စားနေကြပါစေ။

သူတို့ နိုင်ငံမှာအခုလို့ အသတ်ခံရတော့လဲ ကျွှန်နော်တို့ မြန်မာတွေက
ဘယ်လိုလုပ်တရားသွားစွဲမလဲဗျာအရမ်းကိုရင်နာစရာလဲကောင်း
အဲ့လိုပြောရင် ဘာလိုသူများနိုင်ငံသွားလုပ်တာလဲလို့ ပြန်မေးမှာပဲ
ဒီစကားကိုကျွန်နော်က ပြန်ပြောရမယ်ဆိုရင်တော့ အားလုံးသိပြီးသားပဲဗျာ။

ဘာကြောင့်သူများနိုင်ငံရောက်နေတယ်ဆိုတာကိုပေါ့
ရင်နာတယ်ဗျာ ကျွှန်နော်တို့ မြန်မာပြည့်သားတွေအတွက်
                     http://lwansulay.blogspot.com/ 



Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်