ချစ်သူ ...
သတိရခြင်းက ပန်းတစ်ပွင့်လို့ တင်စားမယ်ဆိုရင်
ဒီ ပန်းလေးကို ငါ သိမ်းပိုက်လိုက်ပါရစေ..
တမ်းတခြင်းက ပန်းတစ်ပွင့်ဆိုရင်
ဒီ ပန်းကိုလဲ ငါပဲ ပိုင်ဆိုင်ရပါစေ
မျှော်လင့်ခြင်းက ပန်းတစ်ပွင့်ဆိုရင်
ဒီပန်းကိုလဲ ငါ ပဲ ယူထားပါရစေ
လွမ်းဆွေးခြင်းက ပန်းတစ်ပွင့်ဆိုလဲ
ဒီပန်းပွင့်လေးကို ငါပဲ ခူးဆွတ်ထားပါရစေ
ချစ်ခြင်းတွေက တစ်ပွင့်သာပွင့်တဲ့ပန်းဆိုရင်
နင်နဲ့ ငါ့အတွက် ထာဝရပွင့်နေပါစေ
ဆုံဆည်းခြင်းက ပန်းတစ်ပွင့်ဆိုရင်
ဒီ ပန်းကိုတော့ နင်နဲ့ငါ အတူခူးပါရစေ
နှုတ်ဆက်လမ်းခွဲခြင်းက ပန်းတစ်ပွင့်ဆို
ဒီပန်းလေး မနွမ်းခင် ငါ နင်နားက ထွက်ခဲ့ပါရစေ
မမေ့နိုင်ခြင်းက နောက်ဆုံးပန်း ဆိုရင် ဒီပန်းကို
ငါ သေဆုံးသည်ထိ ပြုစုစောင့်ရှောက်ပါရစေ။
လွမ်းဆုလေး
သတိရခြင်းက ပန်းတစ်ပွင့်လို့ တင်စားမယ်ဆိုရင်
ဒီ ပန်းလေးကို ငါ သိမ်းပိုက်လိုက်ပါရစေ..
တမ်းတခြင်းက ပန်းတစ်ပွင့်ဆိုရင်
ဒီ ပန်းကိုလဲ ငါပဲ ပိုင်ဆိုင်ရပါစေ
မျှော်လင့်ခြင်းက ပန်းတစ်ပွင့်ဆိုရင်
ဒီပန်းကိုလဲ ငါ ပဲ ယူထားပါရစေ
လွမ်းဆွေးခြင်းက ပန်းတစ်ပွင့်ဆိုလဲ
ဒီပန်းပွင့်လေးကို ငါပဲ ခူးဆွတ်ထားပါရစေ
ချစ်ခြင်းတွေက တစ်ပွင့်သာပွင့်တဲ့ပန်းဆိုရင်
နင်နဲ့ ငါ့အတွက် ထာဝရပွင့်နေပါစေ
ဆုံဆည်းခြင်းက ပန်းတစ်ပွင့်ဆိုရင်
ဒီ ပန်းကိုတော့ နင်နဲ့ငါ အတူခူးပါရစေ
နှုတ်ဆက်လမ်းခွဲခြင်းက ပန်းတစ်ပွင့်ဆို
ဒီပန်းလေး မနွမ်းခင် ငါ နင်နားက ထွက်ခဲ့ပါရစေ
မမေ့နိုင်ခြင်းက နောက်ဆုံးပန်း ဆိုရင် ဒီပန်းကို
ငါ သေဆုံးသည်ထိ ပြုစုစောင့်ရှောက်ပါရစေ။
လွမ်းဆုလေး
0 comments:
Post a Comment