အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » တံခါးလေးပိတ် သော့ချိတ်မထားပါနဲ့

တံခါးလေးပိတ် သော့ချိတ်မထားပါနဲ့

Written By MyanmarChnnel@ on Sunday, December 29, 2013 | 4:07 AM

 
 
တမ်းတခြင်း ဆိုတဲ့
ပြတင်းတံခါးငယ်လေး
ပိတ်သွားမှာကို
စိတ်ကူးမှာတစ်ခုအနေနဲ့တောင်
မတွေးရဲခဲ့ပါ ...

ကျောက်စိုင် ကျောက်တုံးတွေအောက်က
ထွက်ကျလာတဲ့စိမ့်စမ်းရေလို
အေးမြတဲ့ ဒီ ကြင်နာမှုတွေက
နှလုံးသားထိပြိုဆင်း
မြစ်တစ်စင်းပမာ ..

လူဆိုတာ မျှော်လင့်ချက်နဲ့
အသက်ရှင်တယ်တဲ့ ..
ဟုတ်တယ် ..

ကျွန်မ ဘ၀အတွက်
မြတ်နိုးခြင်းကိုဖန်ဆင်း
ချစ်ခြင်းတွေပေးတတ်တဲ့
ရင်ခွင်တစ်ခုဆီကို
တလှမ်းခြင်းလျှောက်လှမ်း
သာယာချိုမြိန်တဲ့ ရင်ခုန်သံနဲ့အတူ
တိုးလာမိစဉ် ....

ကျေးဇူးပြု၍ နောက်မှလာပါ ဆိုတဲ့
စာတန်းတစ်ခုနဲ့
ရင်နင့်အောင် တံခါးလေးပိတ်
သော့ချိတ်မထားပါနဲ့ မောင်ရယ် ....
လွမ်းဆုလေး
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်