အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ကျားမ မရွေးဖြစ်ပွားတတ်သောခါးနာရောဂါ

ကျားမ မရွေးဖြစ်ပွားတတ်သောခါးနာရောဂါ

Written By MyanmarChnnel@ on Wednesday, December 4, 2013 | 11:08 PM


ခါးနာရောဂါသည် ကျားမ မရွေးဖြစ်ပွား တတ်ပြီး ခါးနာခြင်းကြောင့် တခြားသောအရိုး ရောဂါများ ဆက်စပ်ဖြစ်ပွားတတ်သဖြင့်ခါးနာခြင်း ရောဂါမဖြစ်စေရန်အတွက် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်နိုင်ရန် ဒေါက်တာအောင်ခင်ဆင့်က ယခုလိုပြောပြခဲ့သည်။

ခါးနာခြင်းဝေဒနာအစ လူသည်ပက်လက်ဆန့်ဆန့် အိပ်ရာ အပေါ်တွင် အိပ်နေပါက ဖိအားသည်အနည်းဆုံးဖြစ်ပေသည်။ ခါးရိုးကိုအသုံးချမှု ကြာရှည်လာလျှင်သော်လည်း ကောင်း၊ အထူးသဖြင့် ခါးရိုးကိုမှန်ကန်စွာ အသုံး မချနိုင်ခဲ့ပါက ခါးရိုးနှင့်တကွ ၄င်း၏အထိန်းအကွပ် အရွတ်နှင့်ကြွက်သားများပေါ်တွင် ဒဏ်ပိကာခါးနာ ခြင်းဝေဒနာကို စတင်ခံစားလာရပေမည်။

ခါးနာခြင်းကင်းဝေးအောင်အိပ်စက်လျှင်အိပ်ရာမာမာကြမ်းခင်းပေါ် တွင် ဆန့်ဆန့်အိပ်ပါ။ ခေါင်းအုံးပါးပါးအုံးပါ။ ထိုင်လျှင်ခါးကိုကော့၍ထိုင်ပါ။ ကြာရှည်စွာထိုင် ရမည်ဆိုပါက ခါးနောက်တွင်ခေါင်းအုံးတစ်ခုထား ပါ။မတ်တတ်ရပ်လျှင် ကြာရှည်စွာတစ်နေရာတည်း တွင်မတ် တတ်ရပ်ခြင်းထက်လှည့်လည်၍လမ်းလျှောက် နေခြင်းက ခါးနာခြင်း
ကိုသက်သာစေသည်။

လေ့ကျင့်ခန်းလုပ်ရန်လိုပက်လက်ဆန့်ဆန့်အိပ်ပြီးခါးနောက်ကျောကို အပေါ်သို့ကော့တင်ပေးပါ။ တစ်ခါလေ့ကျင့်လျှင် ၁ဝ ကြိမ်မျှသုံးလေးခါ အားတဲ့အချိန်လုပ်ပါ။ မနာ စေရပါ။

ပက်လက်ဆန့်ဆန့်အိပ်ပြီး လက်ကိုကိုယ်ဘေး ကပ်ဖိထားပြီး ဒူးကွေး၍ရင်ညွန့်ရောက်အောင် ဒူးထိပ်ကိုရသမျှခါးကွေး၍ ရင်ညွန့် သို့မဟုတ် နဖူးကိုထိပေးပါ။

မှောက်အိပ်ပြီး ခြေနှစ်ဖက်စလုံး တစ်ပြိုင် နက်အပေါ်ကော့ပါ ဦးခေါင်းကိုလည်းအပေါ် ကော့တင်ပါ သုံးလေးခါရေကူးလေ့ကျင့်ပါ။ 

                                                            http://lwansulay.blogspot.com/ 

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်