အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » အမှန်တိုင်းသာ ၀န်ခံပါ

အမှန်တိုင်းသာ ၀န်ခံပါ

Written By MyanmarChnnel@ on Monday, December 16, 2013 | 9:25 PM

ငါ့ရင်ခွင်က ဟောင်းသွားလို့
ရင်ခွင်သစ်ကိုရှာနေတာလား ..

ငါ့အချစ်တွေက နွေးထွေးမှုမရှိတော့လို့
အသစ်ပြောင်းဖို့ တွေးနေတာလား

ငါ့ ကြင်နာမှုက အေးစက်နေလို့
နွေးတဲ့နေရာ ပြောင်းချင်နေပြီလား

ငါ သံယောဇဉ်ကြီးမှန်းသိလို့
အလွမ်းဖြေသာအောင် ခဏအတွက် နှစ်သိမ့်နေတာလား

အစိမ်းသက်သက်မဖြတ်ရက်လို့
တစ်စတစ်စနဲ့ ပြေးနေခဲ့တာလား

ငါ မသိနိုင်ခဲ့ပါဘူး ငါ မမြင်နိုင်ခဲ့ပါဘူး ငါ မတွေးတတ်ခဲ့ပါဘူး

မျှော်နေကျ အချိန်လေးတိုင်း သူမရောက်လာရင်
ဖြေစရာမရှိတဲ့ နာကျင်မှုများနဲ့ စောင့်နေမိတယ်။

တကယ်ထွက်သွားဖို့ တွေးနေခဲ့တယ်ဆိုရင်
ငါ့ ကို အားမနာပါနဲ့
အမှန်တိုင်းသာ ၀န်ခံခဲ့ပါ ။

ခုလို နာကျင်မှုထက် တစ်ခါထဲ သတ်ခဲ့တာက
ပိုကောင်းပါတယ်
အမှန်တိုင်းပဲ ပြောပေးခဲ့ပါ ။

လွမ်းဆုလေး
 
 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်