အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » ရေချိုးခြင်းနှင့် ကျန်းမာရေး ရုပ်ပိုင်းဆိုင်ရာ

ရေချိုးခြင်းနှင့် ကျန်းမာရေး ရုပ်ပိုင်းဆိုင်ရာ

Written By MyanmarChnnel@ on Wednesday, December 11, 2013 | 8:29 PM

အလုပ်ပင်ပင်ပန်းပန်းလုပ်တာပဲဖြစ် ဖြစ်၊ အားကစားလုပ်ပြီးတဲ့ အခါမှာ ပဲဖြစ်ဖြစ် ရေချိုးလေ့ရှိကြပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ လန်း ဆန်းသွားစေဖို့ပါပဲ။ ဒါပေမယ့် အခု လို ပင်ပင်ပန်းပန်းတစ်ခုခုလုပ်ပြီးမှ ရေချိုးခြင်းက အခြားအကျိုးကျေးဇူး များစွာကိုလည်း ဖြစ်ပေါ်စေပါတယ်။

(၁)တကိုယ်ရေသန့်ရှင်းမှု-ဒါကတော့ လူတိုင်းသိပြီးသားပါ။ ရေချိုးခြင်း အားဖြင့် တကိုယ်ရေသန့်ရှင်းမှုရရှိ စေပြီး အဓိကအားဖြင့် အားကစား သမားတွေအတွက် ပိုပြီးလိုအပ်တယ်။ ဒါပေမယ့် လူအများစုကတော့ တကိုယ်ရည်သန့်ရှင်းရေးထက် အနံ့ အသက်ဆိုးများပျောက်ဖို့ကို ရည်ရွယ် ပြီး ချိုးလေ့ရှိပါတယ်။

(၂)ကြွက်သားနာမှုကို သက်သာစေ နိုင် – လူတွေက လေ့ကျင့်ခန်းပြင်း ပြင်းထန်ထန်လုပ်ပြီး နောက်တစ်နေ့ မှာ ကြွက်သားနာကျင်မှုကို ခံစားရ လေ့ရှိပါတယ်။ 
 
အဲဒီလိုမခံစားရအောင် လေ့ကျင့်ခန်းလုပ်ပြီးတဲ့ နောက်မှာ ရေအေးအေးနဲ့ရေချိုးပေးနိုင်ပါတယ်။ တစ်နေ့ထဲ လေ့ကျင့်ခန်းတစ်ခုပြီး တစ်ခု ဆက်လုပ်ရတဲ့ အားကစား သမားတွေမှာလည်း လေ့ကျင့်ခန်း တစ်ခုနဲ့တစ်ခုကြား ရေအေးအေးနဲ့ ချိုးပေးခြင်းအားဖြင့် ပင်ပန်းမှုကို လျော့ကျစေပါတယ်။
 
 လေ့ကျင့်ခန်း လုပ်တာများပြီး ကိုယ်လက်ကိုက်ခဲ သူများမှာ ရေအေးနဲ့ချိုးပေးတာ တောင် မသက်သာလျှင် နောက် တစ်နေ့နံနက်၌ ရေနွေးနွေးဖြင့် ပြန် ချိုးပေးသင့်ပါတယ်။ ယင်းကဲ့သို့ ချိုးခြင်းအားဖြင့် ကြွက်သားများကို သွေးလှည့်ပတ်မှုကောင်းစေပြီးနာကျင်မှုကို လျော့ကျစေပါတယ်။
 
(၃)အဆီကျစေနိုင်-တကယ်လို့လေ့ကျင့် ခန်းလုပ်ရတဲ့ရည်ရွယ်ချက်က အဆီ 
ကျစေဖို့ဆိုရင် လေ့ကျင့်ခန်းလုပ်ပြီး ချိန်မှာ ရေအေးအေးနဲ့ချိုးပေးသင့်ပါ တယ်။ ရေအေးအေးနဲ့ ရေချိုးနေတဲ့ အချိန်မှာ ခန္ဓာကိုယ်က အပူချိန်ကို ထိန်းထားဖို့အတွက် ဇီဝရုပ်ဖြစ်ပျက် မှုကို ၅၅၀%ခန့်ပိုမြန်စေပြီး ကယ်လို ရီတွေကို လောင်ကျွမ်းစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေ ကိုလည်း တင်းရင်းစေပါတယ်။

ref:IANS
Health Updates Journal
(ကျန်းမာရေးစာတိုများစုစည်းထားမှုမှ ပြန်လည်ကူးယူမျှဝေပါသည်။)
 
 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်