အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » စိတ်ကိုဖြူစင်အောင် ဘယ်လိုလုပ်ကြမလဲ

စိတ်ကိုဖြူစင်အောင် ဘယ်လိုလုပ်ကြမလဲ

Written By MyanmarChnnel@ on Sunday, December 29, 2013 | 10:30 PM



မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်က ခန္ဓာကိုယ်ကို သန့်ရှင်းအောင်လုပ်ရမယ်လို့ ဟောတဲ့နေရာ အင်မတန်မှနည်းတယ်၊ မရှိသလောက်ပါပဲ။ သစိတ္တ ပရိယောဒနံ ကိုယ့်စိတ်လေးကို ကိုယ်ဖြူစင်အောင်လုပ်ပါ လို့ပဲဟောတယ်။ စိတ်ဖြူစင်မှုက အဓိကကျတယ်။ ဒါကြောင့် စိတ်ဖြူစင်မှုကို အရေးပေးပြီးတော့ လုပ်ကြရမှာဖြစ်တယ်။

စိတ်ဖြူစင်အောင်လုပ်တယ် ဆိုတဲ့နေရာမှာ ဘာတွေက မဖြူစင်တာလဲ ? ဘယ်အရာတွေက ကိုယ့်စိတ်ထဲရှိနေရင် မဖြူစင်တာလဲ? ဘယ်အရာတွေဖြစ်မှ ဖြူစင်တာလဲ ? ဆိုတာလဲ သိဖို့လိုတယ်။ ပြင်ပဗဟိဒ္ဓမှာ ကိုယ့်အ၀တ် ညစ်ပတ်နေလို့ရှိရင် သိတယ်၊ ဒါက အ၀တ်ကိုညစ်ပတ်စေတယ်။ ဖုန်တွေ၊ အရောင်မကောင်းတဲ့ အညစ်အကြေးတွေပေါ့။

အဲဒါကို စင်ကြယ်အောင် စင်ကြယ်စေတဲ့ဆပ်ပြာတို့ နဲ့ရောပြီးတော့ လျှော်ကြ၊ စင်ကြယ်အောင်လုပ်ကြ၊ ဖြူစင်အောင် ကြိုးစားကြတယ်။ သို့သော် ကိုယ့်စိတ်လေး ညစ်ထေးနေတာကျတော့ စင်ကြယ်အောင်လုပ်ဖို့ အများက သတိမရဘူး၊ လွတ်ထားကြတယ်။ လူ့သဘာဝလို့လည်း တွက်တယ်။ လူဆိုတာ လှတာမြင်ရင် သဘောကျမယ်၊ မလှတာမြင်ရင် စိတ်ထဲမှာ မခံချိ မခံသာဖြစ်မယ်၊ ဒါလူ့သဘာဝပဲ  ဆိုပြီးတော့ လွှတ်ထားကြတယ်၊ စိတ်ရဲ့ အညစ်အကြေးမှန်း မသိကြဘူး၊ အညစ်အထေးလို့ အသိမှတ်မပြုကြဘူး။

အဲဒီလို မသိသေးသမျှ ကာလပတ်လုံး စိတ်ကိုဖြူစင်အောင် စိတ်အလှပြင်ဖို့ဆိုတာကို ဘယ်သူမှ လုပ်မှာမဟုတ်ဘူး။ အခု မြန်မာနိုင်ငံမှာ လူလာဖြစ်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ ဗုဒ္ဓဘာသာဝင် မိသားစုက မွေးဖွားလာလို့ မြတ်စွာဘုရား ဟောကြားတဲ့ တရားဓမ္မတွေကို နာယူရလို့ ဘုရားတရားကို သိတတ်လာကြတယ်။ ဒီလိုပုဂ္ဂိုလ်တွေထဲကမှ စိတ်ဖြူစင်ဖို့ မကြိုးစားဘူးဆိုရင် ကျန်တဲ့ပုဂ္ဂိုလ်တွေက ဒီဘက်ကို သတိတောင်မရဘူး၊ အမှတ်တောင်မရဘူး။  မြန်မာနိုင်ငံမှာ လူဦးရေသန်းပေါင်း ၅၀ကျော် ၆၀ နီးပါးရှိတဲ့ အထဲမှာ စိတ်ဖြူစင်ဖို့ စဉ်းစားတဲ့ပုဂ္ဂိုလ်တွေ အလွန်နည်းပါးပါလိမ့်မယ်။

ဘာတွေဟာ စိတ်တွေရဲ့ အညစ်အကြေးတွေလဲ၊ Impurity တွေလဲ၊ အဲဒါတွေကို ဘယ်လိုစင်ကြယ်အောင် လုပ်ရမလဲ? ဆိုတာ သိတဲ့ပုဂ္ဂိုလ်တွေကျတော့ ရာခိုင်နှုန်းပိုနည်းသွားပြီ။ ဒါကြောင့်မို့ မြတ်စွာဘုရား သာသနာတော်နဲ့  တွေ့ကြုံလာတဲ့ အခိုက်ကလေးမှာ စိတ်ရဲ့ အညစ်အကြေးဆိုတာ ဘာတွေလဲ၊ စိတ်မဖြူစင်ဘူးဆိုတာ ဘာလဲ၊ စိတ်ကို မဖြူစင်စေတဲ့ စိတ်ရဲ့အညစ်အကြေးတွေကို ဘယ်လိုသန့်ရှင်းရေး လုပ်မလဲဆိုတာတွေ သိရှိနားလည်ဖို့လိုတယ်။ အခုတွေ တရားပွဲတွေကျင်းပတာ ဒါတွေသိအောင်လုပ်တာနော်။ တကယ်ကတော့ ကိုယ့်ဘ၀မှာ မကောင်းတဲ့အရာတွေကို ဖယ်ရှားလို့ ကောင်းတဲ့အရာတွေကို လက်ခံကြိုးစားဖို့၊  ကောင်းအောင်ပြင်တတ်ဖို့အတွက် ပညာယူနေတဲ့ သဘောပဲ။


 ** အဂ္ဂမဟာအရှင်ပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ ဆရာတော်၏ အလေးထား၍ စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်မှ ကောက်နုတ်ထားပါသည်။

                                                                                       လွမ်းဆုလေး
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်