Sunday, December 1, 2013

“နှလုံးရောဂါ ဖြင့်မြန်မာအလုပ်သမား တစ်ဦးသေဆုံး”




 နိုဝင်ဘာ ၂၆  မြတ်ညို(အလွတ်သတင်းထောက်
 ဘန်ကောက်မြို့ ဘန်ဘော်စံ အရပ်တွင်ရှိသော ကီလိုချိန်ခွင် များထုတ်လုပ်သည့် အလုပ်ရုံအလုပ် သမား တစ်ဦး နှလုံးရောဂါဖြင့် ဘန်မကော်ကောက် (အမှတ်၉) အင်တာနယ်ရှင်နယ် ဆေးရုံကြီးတွင် ကွယ်လွန် သွားခဲ့ရာ ယမန်နေ့ညနေပိုင်းက သဂြိုဟ် လိုက်ပြီးဖြစ်ကြောင်းသိရှိရသည်။

မကွေးတိုင်း ကုန်ကန်ရွာ မှ အဖ ဦးကံရှိန်+ဒေါ်မြစံပယ် တို့၏ သား အသက် ၂၃ နှစ် အရွယ် မောင်ဇော်ဝင်းရှိန် သည် လုပ်ငန်းခွင် အတွင်း  အမောဖေါက်လာသဖြင့် ဘန်ကောက်မြို့  အယ်ကချိုင်လမ်း တွင်ရှိသော ဘန်မကော်ပက်(အမှတ်၈)ဆေးရုံ သို့ ဦးစွာတင်ပို့ခဲ့ပါသည်။ ထိုဆေးရုံတွင် တစ်ရက်တစ်ညကု သပြီး၍ အမှတ်(၉) ဆေးရုံကြီးသို့ထပ် မံပြောင်းရွှေ့ ကုသစဉ် ကွယ်လွန် သွားခဲ့ခြင်း   ဖြစ်သည်။

အဆင့်မြင့်ဆေးဝါးကုသခံယူရမှု အပါအ၀င် သဂြိုဟ်စရိတ်ပါ ဘတ်ငွေ လေးသောင်း ထက် မနည်း ကုန်ကျခဲ့သည်။ အလုပ်သမားများနှင့်စေတနာရှင်တချို့တို့၏ အရပ်ရပ် အလှူငွေ ဘတ်ငွေ တစ်သောင်း ကျော်ရရှိခဲ့သည်။

ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ၏ တရားရုံးအမှုတွဲ ဘာသာပြန် ကိုဘခက် က“ ဒီအလုပ်ရုံက အလုပ် သမား ၈ယောက်က ကျနော်တို့ ဆီမှာ သူတို့သူဌေး ပတ်စပို့သိမ်းထား တယ်ဆိုပြီး အကူညီတောင်းထား တာဖြစ်တယ်။ ခု ကွယ်လွန်သွားတဲ့သူဟာ ဒီအ ထဲ က အပါအ၀င်ဖြစ်တယ်။ ဆေးရုံတင်ရေးကအစ သဂြိုဟ်ပြီးစီးတဲ့အထိ အစအဆုံးကူညီပေး လိုက်ရ တယ်။

 ငွေတွေလည်း ကျနော်တို့ပဲ စိုက်ထားရ တယ်။ ဗမာပြည်က မိဘတွေကတော့ ကောင်းကောင်း မွန်မွန် သဂြိုဟ်ပေးပါ ငွေပြန်ပေးမယ် လို့ တော့ပြောပါတယ်” ဟု ပြောဆိုသည်
အလုပ်သမားများမှာ မိမိလုပ်အားခများဖြင့် ပတ်စပို့တစ်ခုအတွက် လုပ်ငန်းရှင် သူဌေးက အလုပ်သမားများထံမှ ပတ်စပို့အတွက်  ဘတ်ငွေ ၁၂,၀၀၀မှ ၁၈,၀၀၀  ဖြတ်တောက်၍ လုပ်ကိုင် ထားကြရသော်လည်း ပတ်စပို့ ကိုင်ဆောင်ခွင့်မရ၍ MATအဖွဲ့သို့ အကူညီ တောင်းခံထားခြင်းဖြစ်သည်။

သေဆုံးသွားသည့်အလုပ်သမားသည် မိမိပတ်စပို့ ကို ကိုယ်ဆောင်ခွင့်ရချင် သည့်စိတ်ဆန္ဒပြင်ပြစွာရှိ ခဲ့သော် လည်း ကိုင်ဆောင်ခွင့် မရရှိသွားသဖြင့် အထူးစိတ်မကောင်းဖြစ်ရကြောင်း ကိုဘခက် က ပြော သည်။


                     http://lwansulay.blogspot.com/ 

No comments:

Post a Comment