Sunday, December 1, 2013

“လှေမှောက်၍ သေဆုံးခဲ့သည့်မြန်မာ အလုပ်သမား၅ ဦးအတွက်အမှုဖွင့်


ဒီဇင်ဘာ ၁ ရက် မြတ်ညို(အလွတ် သတင်းထောက်)
ဘန်ကောက်မြို့ အနောက်ဘက် ကီလို ၁၂၃ ခန့် အကွာတွင်ရှိသော ဖက်ဘူလီ နယ်မြေ ဘန်လိင်း လှေဆိပ်မှ ငါးဖမ်းရန်ထွက်သွား သည့်  လှေနစ်မြုပ် သဖြင့်သေဆုံးခဲ့သည့် မြန်မာလှေ အလုပ်သမား ၅ဦးနှင့်ထိုင်းတစ်ဦး ကိစ္စအတွက် MAT အဖွဲ့တွင် အမှုဖွင့်တိုင်ကြားကြောင်းသိရသည်။

 အောက်တိုဘာ  ၆ ရက်နေ့ နံနက်၁၁ နာရီခန့်တွင် ထိုင်းပင်လယ်ပြင်ထဲတွင် လှေနစ်မြုပ်ခဲ့ သဖြင့်  ထိုင်းလူမျိုးပဲနင်းတစ်ဦးနှင့်အတူ မြန်မာလှေ အလုပ် သမား ၅ဦးတို့ သေဆုံးခဲ့ကြသည်။ လှေက စက်တင်ဘာလ ၂၂ ရက်နေ့တွင် စတင်ထွက် ခွာခဲ့ခြင်းဖြစ်သည်။

ခင်ပွန်းနှင့် သားတစ်ဦး သေဆုံးခဲ့သည့် ဒေါ်ညိုသန်း က “လှိုင်းကြီးလို့မြုပ်သွားတာလို့သိရတယ်။ သူဌေး က မြုပ်သွားတဲ့လှေကိုပြန်ဖေါ်ပြီး ငါးပြန်ဖမ်းနေပြီ၊ ကျမမှာ လင်ရောသားပါသေဆုံးခဲ့ရပါတယ်။  သေဆုံး သွား သူတွေအတွက် သူဌေးဘာတစ်ခုမှ လုပ်ပေးတာမရှိပါ ဘူး” ဟုပြောသည်။

 ကွယ်လွန်သွားခဲ့ကြသည့် အလုပ်သမားများအားလုံးတို့တွင် တရားဝင် ပတ်စပို့လုပ်များရှိကြသည်
ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ရုံးတာဝန်ခံ ကိုစိုင်းအေး က “ သေမှုသေခင်းဆိုတော့ မြန်မာသံရုံးကိုလည်းတင်ပြရမယ်။ ကျနော်တို့ရုံးမှာ ရှိတဲ့ FED ကရှေ့နေကြီးေ တွနဲ့ လည်းတိုင်ပင်မယ်။ လုပ်ငန်းခွင်အတွင်းမှာ သေဆုံးသွားခဲ့ခြင်းဖြစ်တာကြောင့် ဒီအလုပ်သမားတွေ အသက် လျှော်ကြေးရအောင် ကျနော်တို့ကြိုးစားသွားပါမယ်” ဟုပြောသည်။

 ထိုင်းနိုင်ငံတွင်ကျင့်သုံးနေသော အလုပ်သမားဥပဒေအရ အမှုအခင်းတစ်ခု ခြောက်လထက် မကြာမြင့်မီ အမှုဖွင့်ရမည်ဖြစ်သလို၊ တရားရုံးမှ အဆုံးအဖြတ်ချမှတ်လိုက်သည့် ပြစ်ဒဏ်တစ်ခုခုကို  ကျေနပ်ခြင်း မရှိပဲ ပြန်လည်အယူခံဝင်မည်ဆိုပါက  တစ်လခွဲကာလအတွင်း ပြင်ဆင်ခွင့်ရှိသည်
သေဆုံးခဲ့ကြသူများမှာ။

၁။ မောင်ကျော်ဆန်း အသက်၂၂  အဖအမည်။  ဦးနီ+ ဒေါ်သန်းရီ   ထားဝယ်မြို့နယ်  ပဲဒက် စံပြကျေးရွာ 

  ၂။ မောင်မင်းဇင် အဖအမည်..ဦးကျော်ရှိန် + ဒေါ်ထွေးလှ   ထားဝယ်မြို့ ကျက်စာပြင်ရပ်ကွက်

၃။  မောင်ဇော်ကိုဦး အသက် ၁၈ အဖအမည် ဦးတေဇ + ဒေါ်ကျင်သိန်း  ရေဖြူမြို့နယ် ပုဂေါ်ဇွန်းကျေးရွာ။

၎။ ဦးတေဇ အသက် ၃၅   အဖအမည်  ဦးသန်းထွန်း+ဒေါ်ကြူ ကြူ ရေဖြူမြို့နယ်  ပုဂေါ်ဇွန်းကျေးရွာ 

 ၅။ မောင်မင်းမင်း  ကော့သောင်း   တို့ဖြစ်ကြသည်။  

                     http://lwansulay.blogspot.com/ 

No comments:

Post a Comment