အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » အချိုရည်နှင့် အချိုစာများကြောင့် ကျောက်ကပ် ထိခိုင်နိုင်

အချိုရည်နှင့် အချိုစာများကြောင့် ကျောက်ကပ် ထိခိုင်နိုင်

Written By MyanmarChnnel@ on Tuesday, December 10, 2013 | 7:13 PM

အစားအစာမှာပါဝင်တဲ့ အချိုရည် နဲ့ သကြားတွေကြောင့် ကျောက်ကပ်ပေါ်မှာ အကျိုး ဆုတ်ယုတ်နိုင်ကြောင်း  လေ့ လာမှု အသစ်နှစ်ခုအရ တွေ့ရှိထားပါ တယ်။ ဂျပန်မှာ ပြုလုပ်တဲ့ လေ့လာမှုအ သစ်တစ်ခု အရ တစ်နေ့ကို အနည်းဆုံး အချိုရည် နှစ်ခွက်သောက်သူတွေဟာ ဆီးထဲမှာ ပရိုတင်းပါဝင်မှု များတာနဲ့ ဆက် စပ်နေကြောင်း တွေ့ရှိခဲ့ပါတယ်။ ဆီးထဲ မှာ ပရိုတင်းပါဝင်မှု များတာဟာ ကျောက် ကပ်အလုပ် မလုပ်နိုင်တာရဲ့ လက္ခဏာ တစ်ခုပါလို့ ဆိုပါတယ်။
 
တခြားနိုင်ငံက လေ့လာမှုတစ်ခုအ ရလည်း ကြွက်တွေမှာ ဖရူတို့စ်ခေါ်တဲ့ သစ်သီးမှ ရရှိတဲ့အချိုဓာတ်ကို ပမာဏ အသင့်အတင့် ရရှိပါက ဆားညီညွတ်မှု ကို ထိန်းချုပ်ပေးတဲ့ ပရိုတင်း တစ်မျိုးဖြစ် တဲ့ Angiotensin II အပေါ် ကျောက် ကပ်ရဲ့ Sensitivity ပိုမို များပြားလာ တယ်လို့ တွေ့ရှိခဲ့ပါတယ်။ 

ဒါကြောင့် ကျောက်ကပ် အတွင်းမှ ဆဲလ်တွေက ဆားတွေကို စုပ်ယူမှု ပိုများလာပြီး ကျောက် ကပ် ထိခိုက်လာပါတယ်။ အချိုရည် အဖြစ် အသုံးပြုတဲ့ High Frutose Corn Syrup တွေကို များများ အသုံးပြုရင် ဆီးချိုရောဂါ၊ အဝ လွန်တာ၊ သွေးတိုးရောဂါနဲ့ ကျောက်ကပ် ပျက်စီးတာတွေနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။
(ကျန်းမာရေးစာတိုများစုစည်းထားမှုမှ ပြန်လည်ကူးယူမျှဝေပါသည်။)  

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်