**သင်္ဘောသီးနှင့်မျက်နှာပေါင်းတင်နည်း**
(က) သင်္ဘောသီးမှည့်မှည့် ၁-ဖန်ခွက်တစ်စာပမာဏကို ပျားရည်စားပွဲတင်ဇွန်း ၂-ဇွန်း နဲ့ရောပြီး မွှေစက်ထဲထည့်မွှေပါ။ (သို့ မဟုတ်) သင်္ဘောသီးမှည့်မှည့် ကို ကျေညက်အောင်ချေပြီး ပျားရည်ဖြင့် သမအောင်မွှေပါ။ ထို့နောက် ၄င်းအရည်ပျစ်ပျစ်ကို မျက်နှာအနှံ့ စက်ဝိုင်းပုံစံလှည့်၍ လိမ်းကျံပြီး၊ မိနစ် ၂၀ အကြာမှာ ရေဆေးချပေးလိုက်ပါ။ မျက်နှာအသားအရေနူးညံ့ချော မွတ်သွားပါလိမ့်မည်။ (အကယ်၍ ပျားရည်အဆင်သင့်မရှိပါကသင်္ဘောသီးအနှစ်တစ်ခု တည်းဖြင့် လိမ်းကျံနိင်သည်)။
(ခ) သာမန်အသားအရေးရှိသူများအတွက် သင်္ဘောသီး၏အဖြူရောင်အစေးဖြင့် မျက်နှာပြင်ကို ပွတ်တိုက်ပေးပါက၊ အ သားအရေကို တောက်ပချောမွတ်စေနိုင်သည်။
(ဂ) ရေမချိုးခင် သင်္ဘောသီးအခွံဖြင့် မျက်နှာအနှံ့ အသာအယာပွတ်ပေးပြီး၊ ၂-မိနစ် လောက် အကြာမှာ မိမိတိုက်နေကျ မျက်နှာသစ် ဆပ်ပြာဖြင့်ရေချိုး၍ တစ်ပတ်
၂-ကြိမ်မျှလုပ်ပေးရုံဖြင့် နေလောင်ကွက် ကြောင့် မျက်နှာညိုမဲခြင်းမှ သက်သာ လာစေသည်။
**သင်္ဘောသီးနှင့်ခန္ဓာကိုယ်အသားအရေပေါင်းတင်နည်း**
သင်္ဘောသီးမှည့်မှည့်၊ မန်ကျည်းသီးအနှစ်နှင့် ပျားရည် တို့ ကို ရောစပ်ကာ သဘာဝ Spa အဖြစ်ငွေကုန်ကြေးကျမများဘဲ လွယ်လွယ်ကူကူ မိမိအိမ်မှာ တစ်ကိုယ်လုံး
ပေါင်းတင်နိုင်သည်။ ရှေးဦးစွာ သင်္ဘောသီးမှည့် တစ်ခြမ်းကို အစေ့ထုတ်ပြီး၊
အသားရောအခွံကိုပါ မွှေစက်ဖြင့် ကြေအောင်ချေပေးပါ။ ထို နော့က် မန်ကျည်းသီးမှည်
့အနှစ် စားပွဲ တင်ဇွန်း ၃-ဇွန်း နှင့် ပျားရည် စားပွဲတင်ဇွန်း ၂-ဇွန်းတို
့ဖြင့် သမအောင်ရောမွှေပြီး တစ်ကိုယ်လုံးကိုပွတ်လိမ်းပါ။ ၁၀ မိနစ်ခန့် 
အကြာတွင်၊ မိမိနှစ်သက်ရာ ဆပ်ပြာဖြင့် ရေချိုးသန့် စင်နိုင်သည်။ ထိုနည်းအတိုင်း
တစ်ပတ်လျှင် (၃)ကြိမ်ခန့်  လုပ်ပေးခြင်းဖြင့် အသားအရေကို နူးညံ့
တင်းရင်းချောမွေ့တောက် ပြောင်လာစေမှာ ဧကန်မုချပါ။
(ပေါက်ပေါက်.....မျှဝေသည်)
--
*promise.pauk*
(ကျန်းမာရေးစာတိုများစုစည်းထားမှုမှ ပြန်လည်ကူးယူမျှဝေပါသည်။)
0 comments:
Post a Comment