အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » Samsung Note 2 GT-N 7100 Android Version 4.3 မှာ မြန်မာစာ 100% မှန်ပြီ

Samsung Note 2 GT-N 7100 Android Version 4.3 မှာ မြန်မာစာ 100% မှန်ပြီ

Written By MyanmarChnnel@ on Tuesday, December 31, 2013 | 11:21 PM


 အားလုံးမင်္ဂလာပါ သည်ပို့စ်လေးကတော့ ကျွန်တော် ဘလော့ကာ တစ်သက် တန်ဖိုး အရှိဆုံးလို့ဘဲ  ကျွန်တော် ပြောလိုက်ခြင်ပါတယ်... သည်လို တန်ဖိုးရှိလာအောင် ကူညီ ထောက့်ပံ့ ပေးသူကတော့
ကျွန်တော့်ရဲ့ ဘော်ဘော်ကြီး  တိုင်ပင်ဖေါ်  တိုင်ပင်ဖက်   ဘလော့ကာ  ကိုဝင်းကမ္ဘာကျော်   ဘဲ ဖြစ်ပါတယ်
ဦးစွာ  ကိုဝင်းရေ...............အထူးးးအထူးးးကျေးဇူးဗျာ..........မွမွမွမွ

အဖြစ်က သည်လိုပါ  ကျွန်တော် Note 2.... Version 4.3 ... N 7100 လေးပါဘဲ..
အတော် ဒုက္ခပေးတဲ့ ဖုန်းပါ..ကျွန်တော် မြန်မာဖေါင့်မရလို့  တိုင်ပါတ်နေတာ ၂ ရက် ၂ ည ရှိခဲ့ပါပြီ..
မအိပ်မနေ  ကြိုးစားခဲ့ပါတယ်...နည်းလမ်းပေါင်းလည်းစုံနေတယ်.. ဆရာပေါင်းလည်းစုံနေပြီဗျာ..
အရမ်းစိတ်ညစ်ခဲ့ရတယ်...   ဖြစ်တဲ့ ပြဿနာကတော့...............

 သည်လို ပေါ်လာပြီး root ဘဲလုပ်လုပ် font changer ဘဲထည့်ထည့်  မအောင်မြင်ဖြစ်နေပါတယ်.

ဖုန်းမှာ ပထမ Root ဘယ်လိုမှ လုပ်မရတဲ့ပြသနာပါ... လုပ်တာနဲ့
Security  Notice  ဘောက်ကျလာလာပြီး  Root မအောင်ဖြစ်လာပါတယ်... အဆိုးဆုံးကတော့ဗျာ..
Root မအောင်မှတော့ Font Changer လည်းသုံးမရပေါ့.. နောက် ဘယ်လိုမှ မတွေ့ကြုံဘူးတဲ့  ပြသနာလေး တစ်ခုပါ  သူကတော့ ကျွန်တော်တို့ သာမာန်ဆို မြန်မာဖေါင့်ကို
Samaung တွေတိုင်းလိုလို Zawgyi One TTF ဆိုတာလေးကို Display..Fontstyle ကနေ ၀င်ချိန်းတာနဲ့
ရကြတာချည်းပါဘဲ  ကျွန်တော့် ဖုန်းအဖြစ်က ဆန်းကျယ်တယ်  အဲတာ ချိန်းမရဖြစ်တယ်ဗျာ...

 သည်ပုံကတော့ root မအောင်မြင်တာဘဲနော်....
နောက်ချိသေးတယ် zawgyi one ttf ချိန်းတဲ့ခါ ချိန်းမရတာလေ...ပြမယ်...
ချိန်းမရဘဲ သူက Uninstall ဘဲလုပ်ခိုင်းနေတာလေ... ပြဿနာကအဲတာလေ...

အဲတော့ ဘယ်လိုမှ မြန်မာစာမပေါ်နိုင်တော့တာပေါ့....
နည်းလမ်းအတော် စုံပါတယ်  ဗျ...
ပထမ..... ဖန်ဝဲလ်ပြန်တင်တယ်... Root ကြည့်တယ်.. မအောင်မြင်ခဲ့ဘူး...
ဒုတိယ... CWM သွင်းပြီး Install Zip From SD Card လုပ်ပြီး Flash လုပ်ကြည့်တယ်..
             နောက်  SSOT_LGNPACKnFontKB.zip  ထည့်ကြည့်တယ်....

သည်လိုနည်းလမ်တွေတင်မက  တခြားနည်းလမ်းများစွာ သုံးပြီး လုပ်ပါတယ် မရပါဘူးးးးး  နောက်တော့
လုပ်ရင်းနဲ့ R00t အောင်မြင်သွားတယ်... ဟောဗျာ ထူးဆန်းပြန်ရော  ဖေါင့်ချိန်ချာ အသုံးပြုမရပြန်ဘူး..
မြန်မာစာတွေကလည်း တခုမှ မမြင်ရတော့ဘူး.... ကျွန်တော် တင်တဲ့ ဖန်ဝဲလ် မှာကို myanmar(zawgyi)
ဆိုတာ အော်တိုပါလာပါတယ်.. ဒါပေမယ့် ဘယ်လိုမှ မမြင်ရပါဘူး ချိန်းလိုက်တာနဲ့  လေးထောင့်တွေဘဲ ဖြစ်နေတယ်....

 ကဲ တိုတိုပြောတော့မယ်.... သည်နေ့ည.. 28/12/2013 နေ့ည 11:45 မှာ ကိုဝင်းနဲ့ ချက်ရင်းပြောရင်း
သူပေးတဲ့ နည်းလမ်လေး ထလုပ်လိုက်တယ်.... အမလေးလေး    ပျော်လိုက်တာများ  ဖလမ်းဖလမ်းဘဲ
ကိုးးးးးးးးးးးးးးလောက်ရှိသွားတယ်...ဟတ်ဟတ်ဟတ်... ဖုန်းတခုလုံး မြန်မာစာတွေကို  ပလူပျံနေတာဘဲ ဗျို့...ေိေိေိ...ကြွားမယ်   နှစ်ရက် နှစ်ည  မအိပ်ခဲ့ရတာ သည်လောက်တော့ သည်းခံပါနော်..ေိေိေိ
နည်းလမ်းလေးကို ရှင်းပြပါ့မယ်...

Samsung Android Version 4.3 နှင့် အထက်မြန်မာစာတွေ မှန်စေဖို့  အတွက် ကို Kyaw Swar Thwin  ဖန်တီးထားတဲ့ .bat ဖိုင်လေးပါ... ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ထားပြီး (Driver တော့ရှိရပါမယ်) .bat ဖိုင်လ်လေးကို Right Click > Run as administrator နဲ့ Runပေးလိုက်တာနဲ့ အလိုလျောက် မြန်မာစာတွေ ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်...။

 အဲနည်းလေး လာပေးတော့ စမ်းလိုက်တာ အောင်မြင်စွာနဲ့ ပျော်ခဲ့ရတယ်ဗျာ...
ပထမဆုံး  အောက်ကဆော့ဝဲလ်လေးကို ဒေါင်းလိုက်ပါနော်
http://my.pcloud.com/#page=publink&code=h90

 ဒေါင်းလိုက်ပါနော် အဲမှာ download file ဆိုတာလေးကိုကလစ်ဒေါင်းပါ။
ရလာတဲ့ zip ဖိုင်လေးကို မိမိတို့ ကွန်ပျူတာမှာ ဖိုင်ဖြေပေးလိုက်ပါနော်..
နောက် အဲထဲက ပါလာတဲ့ .bat ဖိုင်လေးကို run ပေးလိုက်ပါ... ဖုန်းကို တချက်ကြည့်ပါ... ပေါ်လာတဲ့ပုံလေးကိုဘဲ  Grant ဆိုတာကလစ်ပေးလိုက်ပါ.. နောက် ပါဝါကျသွားမယ်...
ပြန်တက်လာတာနဲ့  ဘော်ဘော်တို့ရေ..ဖလမ်းဖလမ်း ဗျို့.......

အခုလို ကူညီဖြေရှင်းပေးတဲ့ ကိုဝင်း (ခ) ၀င်းကမ္ဘာကျော်
အားအထူးကျေးဇူးတင်ကြောင်း
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက *************
ဒီနည်းပညာလေးကို ကျွန်နော် သူငယ်ချင်းများကိုသိစေချင်လို့ 
ဘလော့ခရီးသည်ဆိုဒ်လေးမှ ပြန်လည်မျှဝေပေးလိုက်တာပါ
အားလုံးအဆင်ပြေမယ်လို့ ထင်ပါတယ် ကျွန်နော်ဆက်သွယ်ချင်ပါက
အောက်မှာ လိပ်စာလေးပါ
အားလုံးအဆင်ပြေပါစေ
ေ ဒါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ

ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ 

အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ခဗျာ....
အားလုံးအဆင်ပြေပါစေနော်..(လွမ်းဆောင်း)

       MWRN  (lwan saung
                                                   http://lwansulay.blogspot.com/ 

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်