အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ငါ မရောက်လာခဲ့ရင် ...

ငါ မရောက်လာခဲ့ရင် ...

Written By MyanmarChnnel@ on Thursday, January 2, 2014 | 8:29 PM




အေးစက်စက်လက်ဖျားတစ်စုံနောက်ကွယ်က
အေးစက်စက် နှလုံးသားတစ်စုံမှာ
ရာသီမဟုတ်ပဲ ရွာသွန်းနေတဲ့
မိုးရေစက်တွေကို မြင်သာအောင်လဲ
မပြချင်တော့ဘူး။

စပ်ဖျင်းဖျင်း နာကျင်နေတဲ့
ဘယ်ဘက်ရင်တစ်ခုလုံးဆီက
စူးအောင့်နေတဲ့ ဝေဒနာကိုလဲ
အသိပေး မကြေညာချင်တော့ပါဘူး ။

ပြတ်လုလုကိုက်ထားမိတဲ့
ဒီနှုတ်ခမ်းတွေထက်က
နာကျင်မှုတွေကိုလဲ ငါ မပြောချင်တော့ဘူး ။

အချစ်တစ်ခုကို လက်ခံချိန်ထဲက
ဒါတွေကို နားလည်နိုင်ရမယ်လို့
အဆုံးထိ ငါ တွေးခဲ့ပြီးသားပါ။

တစ်ခါတစ်ရံတော့လဲ
တစ်ကြိမ်တစ်ခါမဟုတ်တဲ့
ဒီ နာကျင်ခြင်းတွေကို
ငါ... စာမဖွဲ့ချင်တော့ဘူး။

ဘာပဲဖြစ်ဖြစ် ငါ့ရင်တစ်ခုလုံးကို
ငါကိုယ်တိုင် ပညာပေး
သူ နားလည်အောင် သင်ပြပေးဖို့
အချိန်ကာလတန်ကြာ
ငါ မရောက်လာခဲ့ရင် ...

နားလည်ပေးပါ ။
လွမ်းဆုလေး
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်