အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ထို အစက္မ်ားက....

ထို အစက္မ်ားက....

Written By MyanmarChnnel@ on Thursday, January 2, 2014 | 8:29 PM



ချမှတ်ထားတဲ့ ငါ့အချိန်ဇယားအတိုင်း
ဘယ်ဆီနေမှန်းမသိတဲ့ ငါ့မျှော်လင့်ချက်တွေအတွက်
ဘ၀တိုက်ပွဲကို ငါ လင်းလက်တဲ့အပြုံးတွေနဲ့
ချီတက်လို့ပေါ့။

အချိန်တွေကို အဖော်ပြု
တစ်ယောက်ထဲခရီးဆက်ခဲ့တာ ခရီးတစ်ဝက်ရောက်တော့
သူ....
ငါ့နား ရောက်လာခဲ့တယ်။

မသိတစ်ချက် သိတစ်ချက်နှင့်
ချစ်မိသည့် ငါ့စိတ်တွေကို အသာမျိုသိပ်
သူမမြင်အောင်ဖုံးကွယ်ရင်း
ငါ စခဲ့မိသည့် ဒီခရီး ...

ပြန်လှည့်ဖို့ မဖြစ်နိုင်တာကြောင့်
အဖော်မပါ ဒီလမ်းရှည်မှာ
သူ့ကိုသာ အဖော်ပြု ရှေ့ကိုလှမ်းလို့ လျှောက်မိတယ်။

ဟိုး.... ရှေ့က မှိန်ပြပြ အလင်းရောင်က
ငါ ဦးတည်ခဲ့တဲ့ ပန်းတိုင်လေးမပီပြင်ဝိုးတစ်ဝါးလေးနဲ့
အလင်းယဲ့ယဲ့ ငါမြင်မိတော့
ဝမ်းသာအားရ ပြောပြဖို့ပြင်
ငါ့နားမှာ သူမရှိတော့ ...

နောက်ကိုဆုတ်ရင်း ပြန်ရှာမိတယ်
သူဘယ်ဆီမှာများ ကျန်နေရစ်လဲ
ငါသိချင်စိတ်တို့ မဆုံးခဲ့ခင် .......

အခြားရင်ခွင်တစ်ခုမှာ ပြုံးပျော်နေတဲ့သူ့အား
မြင်တွေ့စဉ်ခဏ ငါချမှတ်ခဲ့တဲ့နေ့စွဲ
ဘယ်နေရာမှ ကျန်ခဲ့လို့များ
အမှားတွေ ထပ်နေရလဲ...

အခါခါတိုက်ကြည့် ငါ့ဒိုင်ယာရီ နဲ့ အချိန်ဇယား
ဘယ်နေရာမှ မမှားခဲ့ပါ
ငါဆွဲခဲ့တဲ့ ဒီလမ်းခရီး အပေါက်တစ်ခုပါခဲ့တော့
ငါ့ရဲ့နောက်ဆုံး answer က ...

တစ်စက်မှ နှစ်စက် ....
နှစ်စက်မှ သုံးစက် .....
အစက်ပေါင်းများစွာ ပါးပြင်ပေါ်ပြိုဆင်း

ထို အစက်များက...

ကောင်းကင်ထက်က မိုးစက်တွေလား ...
ရေပြင်ထက်မှ ရေစက်တွေလား ...
သို့မဟုတ် .......
ငါ့ ရင်ထဲက မျက်ရည်တွေလား ....


လွမ်းဆုလေး
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်