အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » တမ်းတနေပါရစေ အမေရယ်

တမ်းတနေပါရစေ အမေရယ်

Written By MyanmarChnnel@ on Thursday, January 2, 2014 | 8:33 PM



အားငယ်မိတယ်
အမေနဲ့ ဝေးတဲ့နေ့များ
စာဖွဲ့တောင်မရနိုင်ခဲ့အောင်
နာကျင်နေတယ် ဒီရင်တစ်ခုလုံးပေါ့

အစားထိုးမရခဲ့မှန်း သိပေမယ့်
ရူးမိုက်စွာ အစားထိုးချင်နေမိတဲ့
သမီးအဖြစ်တွေက တစာစာပူဆာတတ်တဲ့ 
ကလေးငယ်တစ်ယောက်လို ဖြစ်နေခဲ့ပြီလား

တမ်းတမိတယ် အမေ့ရင်ငွေ့ကိုပေါ့
မရနိုင်တာကိုမှ တမ်းတမိတဲ့အဖြစ်တွေက
ဟားတိုက်စရာများ ကောင်းနေခဲ့ပြီလား
အမေရယ် .....

အမေ လို့ ရင်ကွဲအောင် အော်နေပေမယ့်
ပြန်မထူးနိုင်တော့ဘူး ဆိုတဲ့ အသိတွေက
သမီးအသံတွေကို ထွက်လာခွင့်မပေးခဲ့ကြဘူး ။

သေသောသူကြာရင်မေ့မယ်တဲ့
သမီးအတွက် ဟာသများဖြစ်နေခဲ့ပြီလား မသိဘူး
နေမကောင်းတိုင်း တမ်းတမိတဲ့
အမေ့ရင်ငွေ့တွေက တစ်သက်မရနိုင်တော့မှန်း
နားလည်နေပေမယ့်

သမီးတစ်သက် မျှော်လင့်နေပါရစေ
သမီးအတွက် တွေးနေပါရစေ
တမ်းတနေပါရစေ အမေရယ် .......

လွမ်းဆုလေး

( အမေ့ကို သတိရလို့ပါ  )
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်