အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » အပူကန်လည်ချောင်းနာအတွက် ဆေးတစ်ခွက်

အပူကန်လည်ချောင်းနာအတွက် ဆေးတစ်ခွက်

Written By MyanmarChnnel@ on Friday, January 3, 2014 | 8:22 PM

ဆောင်းရာသီကဲ့သို့ အေးမြတဲ့ရာသီရောက်လာတဲ့အခါတိုင်း၊ ခန္ဒာကိုယ်တွင်း အပူ ဓာတ်များသူတွေမှာ အပူကန်ထွက်လာပြီး လည်ချောင်းနာလေ့ရှိကြပါတယ်။ အဲဒီလို အပူဓာတ်များသူတွေ အဖို့ ခါတိုင်း ထက်ရေပိုသောက်ပေးရမှာဖြစ်ပြီး၊ ပုံမှန်ရေချိုးနေကျ အတိုင်း တစ်နေ့  ၂-ကြိမ်(သို့ မဟုတ်)အနည်းဆုံး ၁-ကြိမ် နေ့ စဉ်ရေချိုးပေးဖို့ လို ပါ တယ်။ ကိုယ်လက်လှုပ်ရှား များများလုပ်ကာ၊ ကောက်ညှင်းပေါင်းလို ၀မ်းချုပ် စာတွေမ စားဘဲ၊ သင်္ဘောသီး၊ ဌက်ပျောသီး တို့ လိုဝမ်းနူးစာတွေကိုစားပေးသင့်ပါတယ်။

အပူကန်၍ လည်ချောင်းနာတဲ့ဝေဒနာဟာ လည်ချောင်းထဲကို မီးစနဲ့ ထိုးခံရသလို ပူစပ်ပူလောင် ခံစားရပြီး၊ အာသီးရောင်သကဲ့ သို့ တံတွေးမြိုချတဲ့အခါ တိုင်းနာ တဲ့အပြင်၊ လည်ချောင်းထဲက ယား၍ချောင်းဆိုး တတ်ပြန်တာကြောင့် အင်မတန် ခက်ရခက်တဲ့ ဝေဒနာတစ်မျိုးပါဘဲ။ ဒီအတွက် စိတ်ညစ်မနေပါနဲ့ ။ ဟောဒီ မှာ ဆေးကောင်းတစ်လက်ရှိပါတယ်။ ဒီဆေးဖော်စပ်နည်းက လုပ်ရ တာလွယ်ကူ လို့ အထင်မသေး လိုက်ပါနဲ။့ .ဘေးထွက်ဆိုးကျိုးမရှိဘဲ ပျောက်ကင်းသက်သာသွားစေမယ့် ဆေးကောင်းတစ်ခွက်ဖြစ် လို့ ပါ။

သဘာဝပျားရည်စစ်စစ်၊ သံပုရာသီး၊ ဂျင်း စတဲ့ ပစ္စည်း ၃-မယ်ရှိရင် ဆေးဖော်စပ် ဖို့  ရပါပြီ။ (၁၀၀% သဘာဝပျားရည်စစ်စစ် ကို City Mart ဆိုင်များနဲ့ ဆေးဆိုင်တွေမှာ အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်။ သံပုရာသီး ၁-လုံး ကို အစေ့ဖယ် အရည်မညှစ် ဘဲ ခပ်ပါးပါး အချပ်လေးတွေ လှီးပေးရပါမယ်။ 

ဂျင်းလက် ၂-ဆစ်ခန့် ကို အ ခွံနွှာပြီးနောက် ခပ်ပါးပါး အချောင်း မျှင်မျှင်လေးတွေရအောင် လှီးဖြတ်ပါ) စောစော က လှီးဖြတ်ထားတဲ့ သံပုရာသီးအလွှာချပ်လေးတွေနဲ့  ဂျင်းအချောင်းလေးတွေ ကို ခြောက်သွေ့  သန့် ရှင်းတဲ့ ဖန်ပုလင်း လွတ် ၁-လုံး ထဲမှာထဲ့ပြီး၊ ၄င်း တို့ မြုပ်ရုံ ပျားရည်စစ်စစ်ကို အပေါ်ကလောင်းချပေးပါ။ ပြီးရင် ဖန်ပုလင်းလေလုံအောင် အဖုံးကို ကျပ်ကျပ်ပိတ်၍ ထိုအရောအနှော ၃-မျိုး ဂျယ်လီပုံစံပြောင်းသွားတဲ့ အထိ ရေခဲသေတ္တာ ထဲမှာ သိမ်းထားရပါမယ်။ 

ဂျယ်လီဖြစ်လာ တဲ့အခါ ၄င်းကိုဇွန်းနဲ့ ခပ်ကာ မတ်ခွက် တစ်ခွက်ထဲပြောင်းထဲ့ပြီး ရေနွေးဆူဆူလောင်းချ၍ ခပ်နွေးနွေးအနေ အထားမှာ စားလို့ရပါပြီ။ ပျားရည်နဲ့ ဓာတ်ပြုထားတာကြောင့် သံပုရာခွံကိုဝါးစား လို့ရပါတယ်။ အဲဒီအချိုးအစားအတိုင်း တစ်နေ့တစ်ကြိမ်ကျသောက်ပေးခြင်းဖြင့် ၃-ရက်မျှကြာတဲ့အခါ အပူကန်လည်ချောင်းနာ များ ပျောက်ကင်း သွားပါလိမ့်မယ်။ (ပုလင်းဖုံး လုံလုံပိတ်ပြီး ရေခဲသေတ္တာထဲ မှာ ၂-လ ၃- လ ကြာတဲ့အထိ သိမ်းထား လည်း ဆေးဓာတ်မပြယ်နိုင်ပါဘူး)

(ပေါက်ပေါက်….မျှဝေသည်)
(ကိုးကား…..BeautyTips4Her.com)
(ကျန်းမာရေးစာတိုများစုစည်းထားမှု မှ ပြန်လည်မျှဝေပါသည်။)




         
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်