ငါ့ရင်ခွင်ရိပ်က
အသဲကွဲသူတိုင်း လာနားပါလို့
စာတမ်းမကပ်ထားပါဘူး ။
ငါ့ မေတ္တာရိပ်က
အထီးကျန်သူတိုင်း မလာရလို့
ငါ စာတမ်းမချိတ်ထားခဲ့ပါဘူး။
ငါ့ကြင်နာမှုရိပ်က
ချမ်းသာမှ လာပါလို့လဲ
ငါ စာမကပ်ခဲ့ပါဘူး ။
ငါ့ရင်မှာနား ငါ့နားမှာနေ
ငါ့ဆီက အားအင်တွေယူပြီး
အေးချမ်းသွားမှ ....
ငါ့ရင်ကို ခြေစုံကန်
ငါ့နှလုံးကိုခွဲ ငါ့အသဲကိုယူပြီး
နေပူပူက ကန္တာရအလယ်မှာ
ပစ်ထားခဲ့တယ်။
ဒါပေမယ့် ချစ်သူရယ် ....
နင်ပျော်မယ်ဆို ငါ့ရင်ကွဲပြီး
ငိုနေရလဲ ရှိပါစေ
မင်းစိတ်ချမ်းသာဖို့ အတွက်
နှစ်သက်ရာလမ်းကိုသာ ရွေးပါလို့
ငါ ......
ပြောလိုက်ရပါစေ ။
လွမ်းဆုလေး
အသဲကွဲသူတိုင်း လာနားပါလို့
စာတမ်းမကပ်ထားပါဘူး ။
ငါ့ မေတ္တာရိပ်က
အထီးကျန်သူတိုင်း မလာရလို့
ငါ စာတမ်းမချိတ်ထားခဲ့ပါဘူး။
ငါ့ကြင်နာမှုရိပ်က
ချမ်းသာမှ လာပါလို့လဲ
ငါ စာမကပ်ခဲ့ပါဘူး ။
ငါ့ရင်မှာနား ငါ့နားမှာနေ
ငါ့ဆီက အားအင်တွေယူပြီး
အေးချမ်းသွားမှ ....
ငါ့ရင်ကို ခြေစုံကန်
ငါ့နှလုံးကိုခွဲ ငါ့အသဲကိုယူပြီး
နေပူပူက ကန္တာရအလယ်မှာ
ပစ်ထားခဲ့တယ်။
ဒါပေမယ့် ချစ်သူရယ် ....
နင်ပျော်မယ်ဆို ငါ့ရင်ကွဲပြီး
ငိုနေရလဲ ရှိပါစေ
မင်းစိတ်ချမ်းသာဖို့ အတွက်
နှစ်သက်ရာလမ်းကိုသာ ရွေးပါလို့
ငါ ......
ပြောလိုက်ရပါစေ ။
လွမ်းဆုလေး
0 comments:
Post a Comment