ဂုဏ်တော်ပွားခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ (၁)
************************************************
ဘုရား၊တရား၊သံဃာလို့ ရတနာသုံးပါးရှိသည့်အတွက် ဂုဏ်တော်ကလည်း ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော်လို့ သုံးမျိုးရှိပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင် အများစုက ဘုရားဂုဏ်တော်ကိုပဲ ပုတီးစိပ်ကြ၊ ပွားများကြတဲ့အတွက် ဂုဏ်တော်ပုတီးစိပ်တယ်၊ ဂုဏ်တော်ပွားများ ကြတဲ့အတွက် ဂုဏ်တော်ပုတီးစိပ်တယ်၊ ဂုဏ်တော်ပွားများတယ်လို့ ပြောလိုက်ရင် ဘာဂုဏ်တော် လဲလို့ မေးနေစရာမလိုပဲ ဘုရားဂုဏ်တော်ဆိုတာ ချက်ချင်းသိကြပါတယ်။
ဂုဏ်တော်ပွားတယ်ဆိုတာ တကယ်တော့ မိတ္တူကူးတာပါ။ မြတ်စွာဘုရားရှင်မှာရှိတဲ့ စိတ်ကောင်း စိတ်မြတ်တွေ၊ ဓာတ်ကောင်းဓာတ်မြတ်တွေကို ကိုယ့်စိတ်ထဲ၊ ကိုယ့်နှလုံးသားထဲမှာ စိမ့်ဝင်ပျံ့နှံ့လာအောင် မိတ္တူကူးယူတာပါ။ မြတ်စွာဘုရားရှင်ရဲ့ စိတ်ဓာတ် အရည်အသွေးတွေ၊ လုပ်ရပ်အရည်အသွေးတွေ၊
ကိုယ့်ဘ၀ထဲ ရောက်လာအောင် မိတ္တူကူးယူတာပါ။
မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တစ်ခုကို ပွားရင် အဲဒီဂုဏ်တော်တစ်ခုရဲ့ အရည်အသွေးမျိုး ကိုယ့်စိတ်ထဲမှာ ကူးစက်လာပါတယ်။ ဥပမာ၊ 'လိုချင်မှု ကင်းစင်တော်မူသောမြတ်စွာဘုရား' လို့ ပွားလိုက်ရင် ကိုယ့်စိတ်မှာလဲ လိုချင်မှုကင်းစင်တဲ့ စိတ်ဓာတ်တွေ ကူးစက်လာပါတယ်။ 'သံယောဇဉ် ကင်းစင်တော်မူသော မြတ်စွာဘုရား လို့ ' ပွားလိုက်ရင် ကိုယ့်စိတ်မှာလဲ သံယောဇဉ်ကင်းစင်တဲ့စိတ်ဓာတ်တွေ စိမ့်ဝင်လာပါတယ်။
တစ်ခါပွားရင် တစ်ခါကူးစက်၊ တစ်ခါပွားရင် တစ်ခါစိမ့်ဝင်နဲ့ ပွားဖန်များလာတဲ့အခါ ကူးစက်စိမ့်ဝင်မှု အားကောင်းပြီး မြတ်စွာဘုရားရှင်မှာရှိတဲ့ အရည်အသွေးမျိုး ကိုယ့်မှာလည်း ကိုယ့်အတိုင်းအတာ နဲ့ကိုယ် ပြည့်စုံလာပါတယ်။ မြတ်စွာဘုရားနဲ့ ထပ်တူထပ်မျှ ကြီးတော့ မဖြစ်နိုင်ဘူးပေါ့။
ဂုဏ်တော်ပွားခြင်းကြောင့် မြတ်စွာဘုရားရှင်ရဲ့ စိတ်ကောင်းစိတ်မြတ်တွေ၊ ဓာတ်ကောင်းဓာတ်မြတ်တွေ ကိုယ့်နှလုံးသားထဲမှာ ကူးစက်လာပြီဆိုရင် ကိုယ့်နှလုံးသားဟာ လည်း နှလုံးသားကောင်း နှလုံး သားမြတ်ဖြစ်သွားပါတယ်။
ကောင်းမြတ်တဲ့နှလုံးသားပိုင်ရှင
ဒါကြောင့်လဲမြတ်စွာဘုရားရှင်က 'ဂုဏ်တော်ပွားရင် လိုအင်ဆန္ဒပြည့်ဝတယ်'လို့ မိန့်ကြားတော်မူ ထားပါတယ်။ ဂုဏ်တော်ပွားသူရဲ့ နှလုံးသားမှာ လိုတရဓာတ်တွေ ကိန်းဝပ်နေတာမို့ ဂုဏ်တော်နှလုံးသား ဟာ လိုအင်ဆန္ဒကိုလည်း ပြည့်ဝစေနိုင်၊ လိုအပ်ချက်ကိုလဲ ပြည့်စုံစေနဲ့ လိုတရနှလုံးသား ပါပဲ။
စံပယ်ပန်း ထုပ်တဲ့ဖက်ရွက် စံပယ်ပန်းရနံ့ သင်းသလို ဂုဏ်တော်ပန်းထုပ်တဲ့ နှလုံးသားဖက်ရွက်ဟာလဲ ဂုဏ်တော်ရနံ့သင်းပျံ့လာပါတယ်။ ကိုယ်ပွားနေတဲ့ဂုဏ်တော်နဲ့ သက်ဆိုင်တဲ့ သဘောသဘာဝတွေ၊ ဓာတ်သတ္တိတွေ အရှိန်ဟပ် ကူးစက်လာပါတယ်။ စိတ်အေးတဲ့ဂုဏ်ကို ပွားနေရင် ကိုယ့်စိတ်လဲအေးလာပြီး ဥာဏ်ကြီးတဲ့ဂုဏ်ကိုပွားနေရင် ကိုယ့်ဥာဏ်လည်း ကြီးလာပါတယ်။
မိတ္တူစာရွက်မှာ မူရင်းစာသား၊ မူရင်းပုံရိပ်တွေ ကောင်းကောင်းထင်ဖို့အတွက် မိတ္တူကူးစက်အရည် အသွေး ကောင်းဖို့လိုအပ်သလို နှလုံးသားစာရွက်မှာလဲ ဂုဏ်တော်သတ္တိ၊ ဂုဏ်တော်ပုံရိပ်တွေ ပီပီပြင်ပြင်ထင်ထင်ရှားရှား ကူးစက်ဖို့အတွက်လဲ 'ဂုဏ်တော်အသိ ' ဆိုတဲ့ မိတ္တူကူးစက် အရည် အသွေးကောင်းဖို့ အထူးလိုအပ်ပါတယ်။
ဂုဏ်တော်တွေကို ပါဠိသက်သက် သိထားရုံနဲ့ မိတ္တူကူးစက် အရည်အသွေး မကောင်းသေးပါဘူး။ ကိုယ်နေ့စဉ်အမြဲသုံးနှုန်းနေတဲ့ ဘာသာစကားနဲ့ ပိုင်ပိုင်နိုင်နိုင်အဓိပ္ပာယ်သ
မြန်မာနိုင်ငံသားတွေ အနေနဲ့ မြန်မာစကားကိုပဲ အဓိကသုံးနှုန်းကြတာဖြစ်လို့ ဘုရား ဂုဏ်တော် တွေကို မြန်မာလိုအဓိပ္ပာယ် ကျေကျေညက်ညက်သိအောင် လေ့လာထားလို့ သိပ်အရေးကြီးပါတယ်။
ဂုဏ်တော်မပွားခင်မှာသာ မြန်မာလိုသိထားရမှာမဟုတ်ဘူး။ တကယ်ဂုဏ်တော်ပွားနေချိန်မှာလဲ မြန်မာလို ပွားရမှာပါ။ မြန်မာလူမျိုးတွေအတွက် ဘုရားဂုဏ်တော်ကို မြန်မာလိုပွားတာ အကောင်းဆုံးပါပဲ။ ပါဠိပါမှ အားရတယ်ဆိုရင်လဲ ပါဠိ - မြန်မာ တွဲဖက်ပြီး ပွားနိုင်ပါတယ်။ ပါဠိသက်သက် ရွတ်ပွားနေတာထက် အဆပေါင်းများစွာ ပိုထိရောက်ပါတယ်။ လူကြိုက်များတဲ့ စကားနဲ့ပြောရရင် အဆပေါင်းများစွာ ပိုအစွမ်းထက်ပါတယ် ။အဆပေါင်းများစွာ ပိုတန်ခိုးကြီးပါတယ်။
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)၏ နှလုံးသားမိတ္တူမှ ကောက်နှုတ်တင်ပြပါသည်။
0 comments:
Post a Comment