အချစ်မှာ နာကျင်စရာမှ မရှိတာ
အချစ်က သူ့ဘာသာ အဖြူထည်လေးနဲ့ချစ်နေတာပဲ....
လူတွေကသာ အချစ်ကို အရောင်ဆိုး
ဂုဏ်ပကာသနတွေနဲ့ စည်းခြားပြီး
အဆင့်တန်းတွေ အောက်မှာ ဆေးခြယ်ပစ်ကြတာပါ။
အချစ်မှာ အဆင့်တန်းမရှိပါဘူး
အချစ်မှာ ငွေဂုဏ်ဓန မပါပါဘူး
အချစ်မှာ ရုပ်ရည်ရူပကာ မပါပါဘူး
အချစ်မှာ နာကျင်ခြင်း တွေ မပါပါဘူး
အချစ်မှာ အထီးကျန်ခြင်းလဲ မပါပါဘူး
အချစ်မှာ .....
ကိုယ့်ချစ်သူကို လွမ်းဖို့ အလွမ်းနည်းနည်းလေးရယ်
ကိုယ့်ချစ်သူကို မမေ့စေဖို့ သတိရခြင်းတွေရယ်
ကိုယ့်ချစ်သူကို တမ်းတစေဖို့ မျှော်လင့်ခြင်းတွေရယ်ပဲ ပါတာပါ။
လွမ်းဆုလေး

0 comments:
Post a Comment