သတိမရချင်တော့လို့
မေ့ထားခဲ့တာ ကြာပါပြီ
မင်းနဲ့ လမ်းခွဲပြီးနောက်
မင်းအကြောင်းတွေကို
ငါ့ရင်ထဲမှာ ပြည်ဖုံးကားချ
သိမ်းထားခဲ့တာလဲ ကြာနေပြီ။
အတိတ်ကဖြစ်ရပ်တွေကို
အနာဂတ်ကိုမယူလာဖို့
ငါကိုယ်တိုင် ထားပစ်ခဲ့တာကို
နင် ဘာအငြိုးတွေကြောင့်
ယူခဲ့ရတာလဲ။
ငါတို့ပတ်သက်သမျှကို
ဟိုတစ်ချိန်ထဲက
ငါတို့နှစ်ယောက်နှလုံးသားထဲမှာ
ကိုယ်စီ သဂြိုလ်မြေချခဲ့ကြတာပါ။
ခုချိန်မှ နင် ဘာလို့ ပြန်အစဖော်ချင်ရတာလဲ
ငါ ခံစားခဲ့ရတဲ့နေ့ရက်တွေအတွက်
မကျေနပ်သေးလို့လား
ဒါမှမဟုတ်
ငါ မမေ့နိုင်သေးတာကို သိချင်လို့များ
စမ်းသပ်နေတာလား ဟာ ..
လွမ်းဆုလေး
မေ့ထားခဲ့တာ ကြာပါပြီ
မင်းနဲ့ လမ်းခွဲပြီးနောက်
မင်းအကြောင်းတွေကို
ငါ့ရင်ထဲမှာ ပြည်ဖုံးကားချ
သိမ်းထားခဲ့တာလဲ ကြာနေပြီ။
အတိတ်ကဖြစ်ရပ်တွေကို
အနာဂတ်ကိုမယူလာဖို့
ငါကိုယ်တိုင် ထားပစ်ခဲ့တာကို
နင် ဘာအငြိုးတွေကြောင့်
ယူခဲ့ရတာလဲ။
ငါတို့ပတ်သက်သမျှကို
ဟိုတစ်ချိန်ထဲက
ငါတို့နှစ်ယောက်နှလုံးသားထဲမှာ
ကိုယ်စီ သဂြိုလ်မြေချခဲ့ကြတာပါ။
ခုချိန်မှ နင် ဘာလို့ ပြန်အစဖော်ချင်ရတာလဲ
ငါ ခံစားခဲ့ရတဲ့နေ့ရက်တွေအတွက်
မကျေနပ်သေးလို့လား
ဒါမှမဟုတ်
ငါ မမေ့နိုင်သေးတာကို သိချင်လို့များ
စမ်းသပ်နေတာလား ဟာ ..
လွမ်းဆုလေး
0 comments:
Post a Comment