အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » iOS 7 အားကိုယ်တိုင် Jailbreak ပြုလုပ်သူများ Jailbreak ဗားရှင်းစနစ်အား ဂရုစိုက်သင့်

iOS 7 အားကိုယ်တိုင် Jailbreak ပြုလုပ်သူများ Jailbreak ဗားရှင်းစနစ်အား ဂရုစိုက်သင့်

Written By MyanmarChnnel@ on Thursday, January 2, 2014 | 2:10 AM


အသစ်ထွက်ရှိ ထားခဲ့သော iOS 7 ဗားရှင်းများအတွက် Jailbreak ထွက်ရှိလာခဲ့ပြီ ဖြစ်သော်လည်း ထွက်ရှိလာခဲ့သော Jailbreak စနစ်အချို့တွင် Error များရှိနေခြင်းကြောင့် အသုံးပြုသူများ အနေဖြင့် အဆိုပါ iOS 7 များအားကိုယ်တိုင် Jailbreak ပြုလုပ်ရာတွင် မိမိတို့ပြုလုပ်သော Jailbreak စနစ်၏ ဗားရှင်းအား ဂရုစိုက်ကာ ပြုလုပ်သင့်ကြောင်း သိရသည်။
*
အသစ်ထွက်ရှိလာသော iOS Jailbreak ဗားရှင်းများတွင် ပထမထွက်ခဲ့သော Jailbreak Version 1 နှင့်ဒုတိယ အကြိမ်ထွက်ရှိလာခဲ့သော Jailbreak Version 1.0.1 နှစ်မျိုး ထွက်ရှိထားခဲ့ပြီး ယင်းဗားရှင်း နှစ်မျိုးစလုံးတွင် Jailbreak စနစ်အတွက် ပြည့်ပြည့်စုံစုံ အဆင်မပြေနိုင်ခြင်းများ ရှိနေသေးသော်လည်း ပထမထွက်ခဲ့သော Version 1 အားအသုံးပြုပါက Jailbreak ပြုလုပ်သော Device များတွင် Firmware သေခြင်းပြဿနာများ ဖြစ်လာနိုင်ကြောင်း သိရသည်။
*
ယင်းနှင့်ပတ်သက်၍ iMotion မိုဘိုင်းဖုန်း အရောင်းဆိုင်မှ ကျွမ်းကျင်သူ ကိုအာကာကပြောပြရာတွင် “iOS 7 တွေအားလုံးအတွက် Jailbreak ဗားရှင်းကတော့ လက်ရှိအချိန်ထိ ၂ မျိုးထွက်ထားပါတယ်။ ပထမထွက်ခဲ့တဲ့ Jailbreak Version ကတော့ Version 1 ဖြစ်ပြီး နောက်ထပ် အသစ်ထပ်ထွက်လာခဲ့တဲ့ ဗားရှင်းကတော့ Version 1.0.1 ဖြစ်ပါတယ်။ အဲဒီဗားရှင်းနှစ်ခုမှာ ပထမဗားရှင်းဖြစ်တဲ့ Version 1 က Error တွေအများကြီး ရှိနေပါတယ်။ Version 1 ကိုအသုံးပြုပြီး Jailbreak လုပ်လိုက်တဲ့ Device အချို့မှာ Jailbreak ပြီးချိန်မှာ ပါဝါပြန်တက် မလာတော့ဘဲ ပါဝါပျောက်သွားတာတို့၊ Firmware ပျက်သွားတာတို့ ဖြစ်နေပါတယ်။ ဒါကြောင့် အသုံးပြုသူတွေ အနေနဲ့အိမ်မှာ ကိုယ်တိုင် Jailbreak ပြုလုပ်မယ်ဆိုရင် Version 1 ကိုအသုံးမပြုသင့်ပါဘူး။ ခုထပ်ပြီး အသစ်ထွက်ထားတဲ့ Version 1.0.1 ကိုပဲ အသုံးပြုသင့်ပါတယ်” ဟုပြောသည်။
*
လက်ရှိအချိန်တွင် Version 1 အား အသုံးပြုကာ Jailbreak ပြုလုပ်ခြင်းကြာင့် Firmware ပျက်သွားသော Device များထဲတွင် iPad များမှာအများဆုံး ဖြစ်နေကြောင်း သိရသည်။ ထို့ပြင် Version 1 အားအသုံးပြုကာ Jailbreak ပြုလုပ်ပါက Jailbreak စနစ်ကိုသာ ရရှိသွားမည်ဖြစ်ပြီး Jailbreak Function များဖြစ်သော Cydia Function များအားအသုံးပြု၍ ရနိုင်မည်မဟုတ်ကြောင်း သိရသည်။
*
Jailbreak Version 1.0.1 အားအသုံးပြုမည်ဆိုပါက Firmware ပျက်သွားခြင်းများကို ကာကွယ်နိုင်မည်ဖြစ်သော်လည်း* Jailbreak Function များဖြစ်သော Cydia Function များအား အသုံးပြုရာတွင် ယခင် Jailbreak စနစ်များကဲ့သို့ Cydia Function များအားပြည့်ပြည့် စုံစုံအသုံးပြုနိုင်အုံးမည် မဟုတ်ဘဲအချို့ Cydia စနစ်များအား အသုံးပြု၍ရနိုင် အုံးမည်မဟုတ်ကြောင်း 
ကိုအာကာ ကပြောကြားခဲ့ပါသသည်။

ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ 
ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ခဗျာ....
အားလုံးအဆင်ပြေပါစေနော်..(လွမ်းဆောင်း)

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်