အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » System app တွေပျက်သွားရင် ပြန်သွင်းနည်း

System app တွေပျက်သွားရင် ပြန်သွင်းနည်း

Written By MyanmarChnnel@ on Thursday, January 9, 2014 | 5:22 AM




မသိသေးသူများအတွက် ဗဟုသုတအဖြစ် ရည်ညွှန်းပါတယ်
ကျွန်တော့်ဖုန်းစ၀ယ်ပြီး ၁လလောက်ကြာတော့ gallery apk လေးက
force stop ပြပြီး သူ့ဖွင့်လိုက်ရင် စက်ပါ အရမ်း ဟန်းသွားတယ်
အဲဒါနဲ့ ကျွန်တော်လည်း ဒီကောင်လေးကို uninstall လုပ်ပြီး
အသစ်ပြန်ဒေါင်းသွင်းမယ်ပေါ့ အကြံနဲ့ backup လုပ်ပစ်လိုက်ပါတယ်။

ဘာနဲ့လုပ်သလဲဆိုတော့ DX Toolbox လေးနဲ့ပါ။ ယူပြီးတော့ အဲကောင်လေးကို
DX လေးနဲ့ပဲ uninstall လုပ်ပြစ်လိုက်ပါတယ် ။ ပြီးတော့ ကျွန်တော်
ခုနက backup လုပ်ထားတာကို install လုပ်လိုက်တော့ not install ကြီးပဲပြနေပါတယ်။
 
ဘယ်လိုမှသွင်းမရခဲ့ဘူး အဲဒါနဲ့ အခြား gallery apk
တွေပဲ ဒေါင်းပြီး သုံးနေပါတယ် (လုပ်ရမှာပျင်းလို့ပါ) ။ဒီနေ့ တစ်ယောက်က
ဖုန်းဆက်မေးပါတယ် သူ့ဖုန်းက dial, message တွေ ပျောက်သွားတယ်
ဘယ်လိုပြန်လုပ်ရမလဲဆိုတော့ ကျွန်တော် အကြံပေးလိုက်ပါတယ်
အခြား ကိုယ့်ဖုန်းနဲ့တူတဲ့ တစ်လုံးကနေ backup ယူကာ ပြန်သွင်းလိုက်ပါလို့
လွယ်လွယ်လေး ပြောလိုက်ပါတယ် သူလုပ်တတ်မယ်ထင်လို့ပါ ။

ဒါပေမယ့် system app တွေက လွယ်လွယ်သွင်းလို့မရပါဘူး ။
အဲဒီသွင်းနည်းလေးသိဖို့တော့လိုအပ်ပါတယ် ။ အဓိကကတော့
system ကို ကလိပြီဆိုကတည်းက root access ရထားဖို့လည်း လိုအပ်ပါတယ်။
နောက် Root explorer ဆိုတဲ့ apk လေးလည်း လိုအပ်ပါတယ် ။

ဘယ်လိုလုပ်ရမလဲဆိုတော့ အခြားဖုန်းထဲက ကိုယ်လိုချင်တဲ့ system apk
ကို DX toolbox လေးသုံးကာ backup ယူလိုက်ပါ ပြီးရင် ကျွန်တော်တို့
ဖုန်းရဲ့ SD ကဒ် တစ်နေရာမှာသိမ်းထားလိုက်ပါ ။ ထို့နောက် Root Explorer
လေးကို ဖွင့်လိုက်ပါ ဖွင့်တဲ့အခါ root access တောင်းရင် allow လုပ်ပစ်လိုက်ပါ။

နောက်ပြီး root explorer လေးကို R/W လုပ်ရပါအုံးမယ် ဒါမှ Write လုပ်နိုင်မှာမို့ပါ။
အဲဒီ Root explorer လေးနဲ့ခုနက ကျွန်တော်တို့သိမ်းထားခဲ့တဲ့ system app
လေးတွေကို နာမည်လုံးဝမပြောင်းပဲနဲ့ system ကိုသွားပါ ပြီးရင်
System ထဲက app ထဲကို ခုနက သွင်းခဲ့တာလေးကို copy here
လုပ်ပေးလိုက်ပါ ပြီးရင် အဲဒီ app ကို အကြာကြီး ဖိထားကာ permission
ကိုရွေးလိုက်ပါ အဲမှာ Owner ရဲ့ Read ရော Write ရော အမှတ်ခြစ်လေး
လုပ်ထားပေးလိုက်ပြီး OK နှိပ်လိုက်ပါ ။


 ဒါဆို အဆင်ပြေသွားပါလိမ့်မယ် မတက်လာခဲ့ရင်
ဖုန်းကို Restart လုပ်ကြည့်လိုက်ပါ OK သွားပါလိမ့်မယ်ခင်ဗျာ

လိုအပ်ချက်များ-Root ထားရပါမယ် , Root Explorer , DX toolbox လေးများ
 ရှိထားရင် ကောင်းပါတယ် ။APK တွေကို နာမည်မပြောင်းပါနဲ့ သူ့မူလ အတိုင်းပဲ ထားပါ
ကျွန်နော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ 
အားလုံးအဆင်ပြေပါစေနော်..(လွမ်းဆောင်း)




Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်