Windows မှာလိုပဲ Android မှုာလည်း Safe Mode ကိုဝင်လို့ ရပါတယ်။
Android မှာ Safe Mode ကိုဝင်ရင် third-party applications တွေကို
Disable လုပ်ပေးထားမှာဖြစ်ပါတယ်။

သင့် Android Device ကောင်းကောင်းအလုပ်မလုပ်တော့တဲ့ အခြေအနေမှာ
Safe Mode ကနေ ပြဿနာတွေကို အဖြေရှာနိုင်ပါတယ်။ သင့် Android Device
မှာ Apps တွေသုံးနေရင်းနဲ့  ပိတ်သွာတာတွေ၊ ဖုန်းလေးလံလာတာတွေ၊ Apps တွေအလုပ်ကောင်းကောင်းမလုပ်ဘဲ ရပ်နေတာတွေ၊ Battery ကြာရှည်စွာ
အသုံးမခံတော့တာတွေ စတာတွေကို Safe Mode ကိုဝင်ပြီးအဖြေရှာနိုင်ပါတယ်။
Safe Mode ကိုဝင်ပြီး ဖြစ်နေတဲ့ ပြဿနာတွေ ဖြစ်သေးလားဆိုတာ စမ်းသပ်ကြည့်ပါ။
Safe Mode မှာ ပြဿနာတွေမဖြစ်တော့ ရင် Applications တွေကြောင့်ဖြစ်နိုင်ပြီး
ပြဿနာရှိနိုင်တဲ့ Apps တွေကို Uninstall လုပ်နိုင်ပါတယ်။ Safe Mode ကို ၀င် ခြင်း။

Android 4.1 နဲ့ သူ့ အထက်မှာ Safe Mode ကိုဝင်ဖို့ အတွက် Power Options
Menu ကိုမြင်တဲ့အထိ Power Button ကိုဖိထားပါ။

Power off option ကို ဖိထားပါ။ ဒါဆိုရင် Safe Mode ကို ၀င်မလားမေးပါလိမ့်မယ်။
OK ကိုနှိပ်ပါ။ Android Version အဟောင်းတွေမှာတော့ Power Button ကိုဖိပြီး။
ဖုန်းကို ပိတ်ပါ။ Power Button ကိုဖိပြီးဖုန်းကို ပြန်ဖွင့်ပါ။ Power button ကို
ဖိထားတာကို လွှတ်ပါ။ Logo ကို မြင်ရရင် Volume Up နဲ့ Volume Down buttons
နှစ်ခုကို ပြိုင်တူဖိထားပါ။ Screen ရဲ့ ဘယ်ဘက်အောက်ခြေ မှာ Safe Mode လို့ ပြနေ
တဲ့အထိ ဖိထားရမှာဖြစ်ပါတယ်။

Safe Mode မှာ ပြဿနာ တွေကို အဖြေရှာခြင်း
------------------------------------------------
Safe Mode ကိုဝင်ပြီးရင် Screen ဘယ်ဘက်အောက်ခြေမှာ Safe Mode
ဆိုတဲ့ စာကိုတွေ့ နိုင်ပါတယ်။
ဆိုတဲ့ စာကိုတွေ့ နိုင်ပါတယ်။
Safe Mode မှာ သင့် Android Device မှာ နဂိုပါလာတဲ့ Apps တွေကို
ပဲသုံးလို့ ရမှာဖြစ်ပြီး သင် Install လုပ်ထားတဲ့ Apps တွေ၊ Widgets တွေကို Disable လုပ်ပေးထားမှာပါ။ သင့် ဖုန်းကို သာမာန် လို ပဲအသုံးပြုကြည့်ပါ။ ပြဿနာ
တွေဖြစ်သေးလားဆိုတာ စောင့်ကြည့်ပါ။ ပြဿနာတွေမဖြစ်တော့ရင် သင်
Install လုပ်ထားတဲ့ third-party apps တွေကြောင့် ဖြစ်နိုင်ပါတယ်။

Apps တွေကို Disable လုပ်ထားပေမယ့် Uninstall လုပ်လို့ ရပါတယ်။
ပုံမှန်အတိုင်းပဲ Settings ကိုသွားပြီး Apps ကိုနှိပ်ပါ။ ပြဿနာဖြစ်စေတယ်လို့ 
ထင်ရတဲ့ Apps တွေကို Uninstall လုပ်ပါ။ မကြာမီ ကသွင်းထားတဲ့ Apps တွေက
ပြဿနာ ဖြစ်စေတဲ့ Apps တွေဖြစ်နိုင်ပါတယ်။ အဲဒီအတွက် မကြာမီ
ကသွင်းထားတဲ့ Apps တွေကို အရင်ဆုံး Uninstall လုပ်သင့်ပါတယ်။

ပြီးရင်တော့ Power ကိုပိတ်ပါ။ Power ကို ပြန်ဖွင့်ပြီး Normal Mode ကိုပြန်သွားပါ။
ဖြုတ်လိုက်တဲ့ Apps တွေကို တစ်ခုချင်းစီ ပြန်သွင်းပြီး စောင့်ကြည့်ပါ။ ဘယ် App ကပြဿနာဖြစ်စေတာလဲဆိုတာကို ဒီနည်းနဲ့  ရှာဖွေပါ။

သင့်ရဲ့ ပြဿနာ ဟာ Apps တွေကြောင့်မဟုတ်ဘဲ တစ်ခြား ကြီးကြီးမားမား
အကြောင်းအရာတွေကြောင့်ဆိုရင်တော့ သင့်ဖုန်း ရဲ့ Factory Default Settings
ကို Restore လုပ်သင့်ပါတယ်။ သင့်ရဲ့  ဒေတာ တွေအားလုံး ဖျက်ပစ်မှာကိုတော့ သတိပြုပါ။ အဲဒီအတွက် Backup လုပ်ထားသင့်ပါတယ်။ Apps တွေအားလုံးကိုလည်း ပြန်ပြီး Install
လုပ်ရမှာပါ။ Factory Default Settings ကို Reset လုပ်ဖို့ အတွက် Settings
ထဲကိုသွားပြီး Backup & Reset ကိုနှိပ်ပါ။ Factory Data Reset ကိုနှိပ်ပါ။ပြီးရင် ညွှန်ကြားချက်တွေအတိုင်းဆက်လုပ်သွားပါ။ အားလုံးအဆင်ပြေသွားမှာပါ။
ကဲကျွန်နော်ကတော့လုပ်ကြည့်လို့ ပြီးသွားပြီနော်. တကယ်ကိုကောင်းတယ်ဗျာ
အလွမ်းများရဲ့ ဆောင်ပုဒ်က သူငယ်ချင်းတွေကိုလဲ ရစေချင်လို့ ဒီနည်းပညာလေး
ကိုပြန်လည်မျှဝေပေးလိုက်တာပါ...
ကျွန်နော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ

အားလုံးအဆင်ပြေပါစေနော်..(လွမ်းဆောင်း)
From Myanmar Digital Life Journal
0 comments:
Post a Comment