အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » မေ့နေတဲ့ window admin password ကို အလွယ်ကူဆုံး ဖျက်ကြည့်ရအောင်
မေ့နေတဲ့ window admin password ကို အလွယ်ကူဆုံး ဖျက်ကြည့်ရအောင်
Written By MyanmarChnnel@ on Sunday, January 12, 2014 | 5:45 AM
ယခုပို့စ်ကို ယခင်တုန်းက ရေးပေးခဲ့ပြီးသားပါ။ ဒါပေမယ့် ပို့စ်အဟောင်းတွေကို ရှင်းတဲ့ထဲမှာ
 ပါသွားလို့ ပန်ပြီးတော့ ထပ်ရေးပေးလိုက်ပါတယ်။
ဒီ Program နဲ့ ပါတ်သက်ပြီးတော့ https://www.facebook.com/NyiNayMinIT Facebook Page
 မှာ video ဖိုင်ဖြင့် ရှင်းပေးထားပြီးသားပါ။ မိမိတို့ရဲ့ ကွန်ပျူတာ password မေ့နေခဲ့ရင်
 အလွယ်ကူဆုံး လုပ်တဲ့နည်းပါ။ နည်းလမ်းပေါင်းများစွာ ရှိပါတယ်။ အဲ့ဒီ့နည်းလမ်းတွေထဲကနေ
 ယခုနည်းက အလွယ်ကူဆုံး နည်းလမ်းဖြစ်ပါတယ်။ ကွန်ပျူတာထဲမှာ ရှိတဲ့ ရှိသမျှ
 Administrator Password တွေကို ဖျက်ပေးနိုင်ပါတယ်။ 
ကွန်ပျူတာတွေမှာ window log in password ပေးထားတတ်ကြပါတယ်. အဲ့လိုပေးထားတဲ့ နေရာမှာ
 တစ်ချို့က ပေးထားတဲ့ password ကို မေ့သွားလို့၊ တစ်ချို့က password ပေးထားတဲ့ စက်ကို
 မကြည့်ပဲ ၀ယ်မိလို့၊ ဘယ်လိုအကြောင်းအရာပဲ ဖြစ်နေ ဖြစ်နေ admin password ပေးထားတဲ့
 ကွန်ပျူတာကို ၀င်လို့ရအောင် ပေးထားတဲ့ admin password ကို ဖျက်ပစ်လိုက်ကြည့်ရအောင်.
 အရင်က ပေးထားတဲ့ နည်းက နည်းနည်းလေး အဆင့်များပါတယ်၊ လုပ်နည်းတွေ
 တောင်လိုပုံနေပါတယ်။ အဲ့ဒီ့အထဲမှာမှ ဒီနည်းလေးက အကောင်းဆုံး၊ အမြန်ဆုံး၊ အလွယ်ဆုံးလို့
 ပြောလို့ရပါတယ်။ window xp| window vista | window 7 စတဲ့ window os
 အားလုံးရဲ့ password တွေကို ဖျက်ပေးနိုင်ပါတယ်။ နောက်ဆုံးထွက်တဲ့ version ပါ။ လုပ်နည်းကအစ
 ပြောပြပေးပါ့မယ်။
ပေးထားတဲ့ Download link ကနေ Reset Windows Password software
 ကို Download လုပ်လိုက်ပါ။ ဖိုင်(၃)ဖိုင်ရလာပါလိမ့်မယ်။
ပုံ(၁)
အထဲကနေမှ ResetWindowsPwd.iso ဖိုင်ကို nero နဲ့ အခွေ Burn လိုက်ပါ။
ပုံ(၂)
အခွေ မ burn တတ်သူများအတွက်ကိုပါ ထပ်ပြောပေးလိုက်ပါ့မယ်။ အရင်ဆုံး nero တင်ထားပေးပါ။
 ပြီးရင် ရလာတဲ့ ResetWindowsPwd.iso ဖိုင်ကို Double click နှိပ်ပါ(Double click နှိပ်လို့မှ
 nero တက်မလာရင် ResetWindowsPwd.iso ဖိုင်ကို right click ထောက်ပြီး open with ကနေ
 nero express (or) nero burningroom ကိုရွေးပေးလိုက်ပါ) . Nero လည်း တင်ပေးထားသလို ခု
 တင်ပေးမယ့် program မှာ UltraISO ပါပါတယ်. အဲ့ program ကို အရင်တင်ပြီး
 Ultraiso နဲ့ အခွေကူးလိုက်လည်းရပါတယ်။
ပုံ(၃)
Nero တက်လာတာနဲ့ burn ကို နှိပ်ပြီးတော့ CD နဲ့ အခွေ ကူးထားလိုက်ပါ။
ပုံ(၄)
ရလာတဲ့ ဖိုင်(၃)ဖိုင်ထဲက keygen ကို Double click နှိပ်ပြီး ဖွင့်လိုက်ပါ။
ပြီးလျှင် Name အကွက်ထဲမှာ မိမိနာမည်ကို ရိုက်ထည့်လိုက်ပါ။ အောက်မှာ နံပါတ် အလုံး(၂၀)ပေါ်လာပါလိမ့်မယ်။
 အဲ့ဒီ့ပေါ်လာတဲ့ မိမိနာမည်နဲ့ နံပါတ်ကို စာအုပ်မှာဖြစ်ဖြစ် အခုနက ကူးထားတဲ့ CD မှာ ဖြစ်ဖြစ်
 ရေးပြီးမှတ်ထားလိုက်ပါ။ ဘာဖြစ်လို့လဲဆိုရင် register version မဟုတ်ဘူးဆိုရင် user account ကိုပဲ
 ဖွင့်လို့ရပါတယ်. admin account ကို ပေးမဖွင့်ပါဘူး။ register version ဖြစ်မှသာ admin password ကို
 ပေးဖျက်ပါတယ်။ အဲ့ဒါကြောင့် မှတ်ထားခိုင်းတာပါ။ name အကွက်မှာ ဘာပဲရိုက်ထည့်ရိုက်ထည့် 
အဲ့ရိုက်ထည့်တဲ့ နာမည်ရယ် အောက်မှာပေါ်တဲ့ နံပါတ် အလုံး(၂၀)ရယ်ကို မှတ်မိရင်ရပြီ။
အခုအခွေလဲ ကူးပြီးပြီ။ name and password ကိုလဲ မှတ်ထားပြီးပြီဆိုတော့ admin password ပေးထားတဲ့
 စက်တစ်လုံးဆီကို ခုနက အခွေယူသွားပြီး ထည့်လိုက်ပါ။ တစ်နည်းအားဖြင့် Reset Windows Password
 CD ထည့်ပြီးတော့ boot တက်လိုက်ပါ။ 
ပုံ(၅)
 Boot တက်လာရင် ခဏစောင့်နေလိုက်ပါ အားလုံးပြီးသွားရင် Reset Windows Password program
 ပေါ်လာပါလိမ့်မယ်။ ပေါ်လာတဲ့အထဲက About ကို mouse နဲ့နှိပ်ပြီး ခုနက မှတ်ထားခဲ့တဲ့
 Username နဲ့ Registration code အလုံး(၂၀)ကို ရိုက်ထည့်လိုက်ပါ။ ပြီးတာနဲ့ ok ကိုနှိပ်ပါ။ 
ပုံ(၆)
Administrator ကိုရွေးပြီးတော့ reset ကို နှိပ်လိုက်ပါ။
ပုံ(၇)
နောက်ဆုံး ပုံမှပြထားတဲ့ restart ကိုနှိပ်ပြီး ကွန်ပျူတာကို restart လုပ်လိုက်ပါ။ ပြီးလျှင် အခွေပြန်ထုတ်ထားလိုက်ပါ။ဝင်းဒိုးတက်လာတာနဲ့ ၀င်မရတဲ့ admin account
 အခုလို အလွမ်းများရဲ့ ဆောင်ပုဒ်ဆိုဒ်လေးကိုဝင်ရောက်လေ့လာပေးတဲ့အတွက်
အထူးပဲကျေးဇူးတင်ရှိပါတယ်လို့  ကျွန်နော်(လွမ်းဆောင်း)ကပြောခဲ့ပါစေ
ကျွန်နော်အသစ်တင်သမျှfb လိုက်ကကြည့်ချင်တယ်ဆိုရင် ဒီမှာ သွားလိုက်နော်
အားလုံးအဆင်ပြေပါစေနော်..(လွမ်းဆောင်း)
Share this article :
0 comments:
Post a Comment
မန်ဘာဝင်ရန်
သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks
AD
နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်
တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ
လေ့လာစရာဆိုဒ်လေးများ
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်
Proudly powered by ဆုလေးနွယ်