ဝေဘူ ဆရာတော်ဘုရားကြီး
ဒကာကြီးရဲ့သည်လိုပြောပါမယ်၊ သကြားတို့ ဘာတို့တော့ ဒကာကြီးက ချိုတယ်လို့တော့ပြောမယ် မဟုတ်လား၊ ဒို့ကတော့မစားဖူးသေးဘူးလေ၊ တောထဲက ရဟန်းက
ဒကာကြီးတို့ကို သကြားချို သလား ပြောစမ်းပါ ဆိုရင် ဒကာကြီးက ချိုတယ်လို့
ပြောမှာပဲ မဟုတ်လား။ သည် တော့ ဒို့က ဒကာကြီးရဲ့ သကြားချိုတာ ကိုပြောစမ်းပါ
ဆိုရင် ဘယ်နှယ်ပြောမလဲ။
(တပည့် တော်က စားဖူးလို့ ပြောတတ် ပါတယ် ဘုရား။
မစားဘူတဲ့ ပုဂ္ဂိုလ်များကတော့မပြောတတ်ပါ ဘုရား။)
ဒို့က မစားဘူးလို့
သကြားချိုတာ ဘယ်လိုလဲ လို.ပြောစမ်းပါ။(ထန်းလျက်ထက် အ များကြီး ကောင်းပါတယ်
ဘုရား) ဒါဖြင့် ဒို့ကပြောမယ်၊သကြားဟာ ချိုတယ်ဆိုတာက ထန်းလျက် ထက်ကောင်းတယ်
ဆိုတော့ ဒို့က သိပါ့မလား။
(မသိပါဘုရား)။
မေး။ သကြားအချို တကယ်သိအောင် ဒို့ကို ပြောစမ်းပါဦး။
ဖြေ။ သကြားအချို တကယ်သိအောင် မပြောတတ်အောင် ဖြစ်နေပါတယ်ဘုရား။
ဒကာကြီးက စားဖူးသားပဲ၊ ဘာကြောင့်မပြောတတ်ရမှာလဲ။
(တပည့်တော်မပြောတတ်တော့ပါဘုရား၊ အရှင်ဘုရားပဲ ဘုဉ်းပေးကြည့်ပါလို့ပြောရမှာ ပါဘုရား။)
မေး။ သကြားရဲ့ပုံသဏ္ဍာန် ပြောစမ်းပါ ဆိုတော့ ဘယ့်နှယ် ပြောမလဲ။
ဖြေ။ ဆားနှင့်တူတယ်လိုပြောရမှာပါဘုရား။ ဒါပေမယ့် ဆားကတော.ပုရွက်ဆိတ်မတက်ဘူး၊
သကြားကတော့ ပုရွက်ဆိတ်တက်တယ်၊ အခုလိုပြောပေမယ့်၊ အရှင်ဘုရားသိမှာမဟုတ်ပါ
ဘုရား။
ဒါဖြင့် ဘယ်တော့မှ သိမှာလဲ။
(အရှင်ဘုရားဘုဉ်းပေးမှ သိမှာပါဘုရား)
သကြားပုံသဏ္ဍာန်က ဆားနှင့်တူတယ်ဆိုတော့ ဒို့က ဆားရော သကြားရော
ကောင်းကောင်းမမြင်ဖူးဘူး။ သည်တော့ ဆားနှင့်သကြား ကွဲပြားအောင်
ဘယ်လိုပြောမလဲ။
(ထုံးမှုန့် နှင့် ခပ်ဆင်ဆင် ပါဘုရား။)
ဖြူဖြူဖွေးဖွေးလား။ ဒို့က
ဆားကိုသာ မြင်ဖူးတော့ သည်ဆားကိုပဲ သကြားဆို ပြီး စားရေားဗျာ၊သည်ေ တာ့ ဘယ်နှယ်လဲ၊သကြားအမှန်ကို တွေ့ ပါ့မလား။
(ဆားနှင့်ပဲတွေ့ မှပါဘုရား။)
သည်
တော့ ဒို့ကမှတ်ရတော့မယ်။ သကြားဆိုတာ ငန်တာ ထင်ပါရဲ့ လို့မှတ်ရတော့မယ်။
(တပည့်တော်ပာာ အနိစ္စဘယ်လို မှတ်ရမှန်း မသိသလို လွဲနေမှာပါပဲဘုရား။)
အဲသည်တော့သကြားပုံသဏ္ဍာန်ကို လျှောက်ပြောရင် လွဲစရာတွေ အများကြီး ဖြစ်နေပြီ ၊ သေသေ ချာချာ ပြောမှဖြစ်မယ်။
(သကြားကိုယူလာပြီး အရှင်ဘုရား
ဘုဉ်းပေးပါလို ပြောမှပဲ ဖြစ်မှာပါဘုရား။)
သကြားတော့သိပြီ ပြောစမ်းပါလို့ဆိုတော့ ဘယ့်နှယ်လဲ။
(ပြောတော့ ပြောပါရစေနှင့် ၊ ဘုဉ်းပေး ပါလို့ပြောရမှာပါပဲဘုရား။)
စားရင်ငန်မှာလား။
(သကြားစားရင်တော့ချိုမှာပါပဲ ဘုရား။)
မေး။ အဲသည်တော့ ဒကာကြီးက သကြားစားနေတဲ့ လူနားက ထိုင်ပြီး ချိုပြီ ချိုပြီ လို ပြောနေရ ဦးမှာလား။
ဖြေ။ မပြောရပါဘုရား။
မေး။ အဲသည်လိုပါးစပ်က မပြောတော့ သကြားကရောမချို တော့ဘူးလား။
ဖြေ။ ချိုတာပါပဲဘုရား၊ ပြောလဲ နားငြီးရုံ ရှိမှာပါ ဘုရား။
မေး။ သကြားဟာ စားသည်နှင့် တပြိုက်နက် ဘယ့်နှယ်လဲ။
ဖြေ။ အဟုတ်ဆိုရင် ချိုမှာပါပဲ ဘုရား။
မေး။ သည်ရဟန်းကတောထဲက ရဟန်းဗျာ့၊ ငါ အကုန်လုံး မချိုဘူး၊မြို့ထဲက
ဒကာကြီးတွေ လောက် ပြည့်ပြည့်စုံစုံမချိုပဲ တ၀က်လောက် ချိုလိုက်မယ်
၊လျော့ချိုလိုက်မယ်ဆိုပြီး ချိုမှာလား။
ဖြေ။ မျက်နှာမလိုက်ပဲ အတူတူချိုမှာပါ ဘုရား။
ဒါကြောင့် ခုနကရုပ်နာမ်များကိုလဲ ခုနက လိုမှတ်လေ။ သကြားလိုပဲ ချိုပါလိမ့်မယ်ဗျာ။
သည်လိုမှတ်ရင်း မှတ်ရင်းနှင့် သကြားနှင့်ဆားလွဲမှား နေဦးမှာလားဗျာ့ ။
ဒကာကြီးက ဆားနှင့် သကြားသေသေချာချာ ကွဲသလား။ဒကာကြီးဟာ ဈေးထဲကို
မကြာမကြာရောက်သွားပြီး ဆားဝယ်စမ်း ဆိုရင် သကြားဝယ်လာမှလား။
(မမှားပါဘုရား၊
ကုလားကိုယ်တိုင်ဆားဆိုရင် ဆားပဲ ပေးလိုက်တာပါပဲ ဘုရား)
အခုလဲ ကုလားကတောင် မမှားဘူးဆိုတော့ အတု အတူမရှိတဲ့ ဘုရားရှင် သေသေချာချာ
ကိုယ်တော် တိုင်ထိုးထွင်းပြီး သိပါတဲ့အတိုင်း ဆင်းရဲကလွတ်ချင်တဲ့
လူနတ်ဗြဟ္မာ တို့ကိုယ်စား ဆိုပြီးသေသေချာချာပေးလိုက် တာပဲ၊ စားသာစား၊
မမှားပါဘူးဗျာ.၊ မှားမှားစိုးတာရင် မစားဘဲနေတာလား။ (သည်အချိန်တောင်မ
ရောက်သေးပါဘုရား၊ပြောတာ နားထောင်တုန်းပါပဲ ဘုရား။)
ဒါဖြင့် ခုနကပြောသလိုစားဗျာ့၊ မမှားပါဘူးတဲဗျာ့၊အေး..ဘာကြောင့်
မမှားသလဲဆိုရင် ရုပ်နာမ်ဆိုတဲ့ဟာ အစဉ်အမြဲ ဖြစ်ပြီးပျက်နေတာတွေပဲ။
မေး။ ဒါပေမဲ့ဘာကြောင်.အခုမသိသေးသလဲဆိုရင် စားဆိုရုံနှင့် မစားဘဲနေရင်သိပါ့မလား။
ဖြေ။ မစားဘဲနှင့်ချိုတာငန်တာကိုမသိနိုင်ပါဘုရား။
အေး…အခုလဲ သည်လိုကတော့သိနေတယ်။ ဒါကရုပ်၊ဒါကနာမ်၊ဒါကသုတ်၊ဒါက၀ိနည်း၊ဒါက
အဘိဓမ္မာ၊ သည်လိုတော့ သိနေပါပြီ။ ဘုရားရှင် ဟောတာကိုတော့ မေတ္တာရှင်၊ကရုဏာရှင်
တွေကလဲ မအားမပြတ်ရအောင် ညွှန်ကြားဆုံးမထားတော့ ဒါက သမထ၊ ဒါက ၀ိပဿနာ
ဆိုပြီးသိနေတယ် မဟုတ်လား။
(ဒါလဲ လုံးလုံးထွေးထွေးပါပဲဘုရား။)
ထွေးလဲထွေးပစေ၊
အခုနလိုသာဂရုစိုက်ဗျာ.၊ နောက်ကျရင်လုံးထွေးမှာ မဟုတ်တော့ပါဘူး။သူ့ဟာနှင့်
သူသီးသန့် နေပါမယ်ဗျာ။အရှေ့သွားတော့ အရှေ့ရောက်မယ်၊ အနောက်သွားတော့ အနောက်ရောက် ပါတယ်။
(တပည့်
တော်က မျက်စိလည်ပြီး အရှေ့ကိုအနောက်မှတ်ပြီး လျှောက်နေမိမှာ
စိုးပါတယ်ဘုရား။)
သည်နေရာမှာတော့ မီးရထားစီးသလိုပေါ့။ ဒကာကြီးက သည်ကနေပြီး
ဘယ်ကိုစီးချင်သလဲ ။
(မန္တလေး စီးချင်ပါတယ်ဘုရား)
အေး..မန္တလေးရထားသာ မှန်မှန်တက်စီး ၊ တောင်ခေါင်းထဲ သွားချင်သွားပါစေ၊
မဆင်းနဲ့ အဲဒါဆင်းရင် လွဲသွားမှာပဲဗျာ။ ဆင်းသာမဆင်းနဲ့။ မန္တလေးရောက်မှာပဲ။
ရထားကဘာတဲ့ဆိုရင် နှာသီးဖျား၊ နှာသီးဝ ကလေးကို လက်နှင့်ထိတော့ သိသလိုပဲ။
သည်လို စူးစူးစိုက်စိုက်ကလေးသာ သိနေ၊ အဲဒါ မီးရထား ပဲဗျာ၊ဘာတုံး ဆိုရင်
မဂ္ဂင်တည်းဟူသာလှေ၊ မဂ္ဂင်တည်ဟူသောဖောင် သည်လိုပြောကြတယ် မဟုတ်လား။ စီးသာစီး
မဂ် ဖိုလ်ရမယ်။
အရမ်းကောင်းသော စာလေးမို့အားလုံးမှတ်သားကျင့်ကြံနိုင်ရန် ပြန်လည်တင်ပြပေးလိုက်ရပါသည်။
လွမ်းဆုလေး
သကြားနှင့်ဆား စားမှသိ
Written By MyanmarChnnel@ on Saturday, February 1, 2014 | 7:42 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment