ဆယ်နာရီ....... ။
သူ နှင်းဖွေးလာရာလှမ်းဆီသို့ ငေးကြည့်ရင်းမျှော်နေမိသည်။ အရိပ်ပင်မမြင်ရသေးပါ။
ဆယ်နာရီခွဲ ..... ။
သူ့ရင်တွေ စိုးရိမ်စိတ်ဖြစ်စပြုလာလေပြီ။ နှင်းဖွေးကိုမတွေ့ရသေး။ နှင်းဖွေးဘာဖြစ်လို့နောက်ကျနေသည်မသိပါ။ နှင်းဖွေး အချိန်ကိုလေးစားပါသည်။ တိကျသည်။ ဒီနေ့မှ ဘာလို့နောက်ကျနေမှန်းမသိပါ။
ဆယ်နာရီ လေးဆယ့်ငါး .... ။
သူ့ရင်တစ်ခုလုံးမီးတောင်ပမာ ပူလောင်နေပြီ။ ထိုင်ရမလို ထရမလိုနှင် သူ ဆောက်တည်ရာမဲ့ချင်နေပြီ။ နှင်းဖွေး ခုလောက်နောက်မကျဖူးပဲ ဘာလို့ ရောက်မလာသေးတာလဲ... ။
သူ နှင်းဖွေး ဖုန်းကိုခေါ်လိုက်သည်။
''တူ ... တူ...... တူ.....
တူ ..... တူ..... တူ..........''
ဖုန်းကိုင်မည့်သူမရှိ။ နှင်းဖွေးဘာလုပ်နေတာလဲ...။ စိတ်ပူလွန်းလို့ရူးတော့မယ်။
နှင်းဖွေးရေ.......။ ဘာတွေ လုပ်နေတာလဲကွာ.... ။
သူ မျက်ဝန်းထက်မှာ မျက်ရည်စ တို့ ခိုတွဲလာစပြုလာလေပြီ။ ထိုစဉ် အဖြူရောင်ဝတ်စုံလေးနှင့် တရွေ့ရွေ့လာနေသော အရိပ်တစ်ခု.. ။ သူ ထခုန်မိမတတ်ပျော်သွားလေသည်။ ထိုအရိပ်လေး သူ့အနားရောက်လာသည်နှင့် သူ ရင်ထဲမှ မြတ်နိုးမ၀စွာ တိုးတိုးလေး ခေါ်မိသည်။
''နှင်း....''
''ဟင်....''
''နှင်း ရောက်လာတယ်နော်... ကို စိတ်ပူလိုက်ရတာ နှင်း ရယ်... ''
''နှင်း နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်နော် ...''
''အင်း ရပါတယ် နှင်းရောက်လာပြီပဲ ... ''
''ကို ရောက်နေတာ ကြာပြီလား ... ''
''အင်း ကြာပြီလေ... ''
''အော် .... ''
''ဒီမှာ နှင်းအတွက် လက်ဆောင် ရော့.... ''
''ဘာလဲဟင် ကို .. ''
''ဖွင့်ကြည့်လေ .... ''
အနီရောင် ဘူးကလေးကို လှပစွာထုပ်ထားသည်။ နှင်းက သူပေးသာ ဘူးလေးကို ယူကာ လက်ချောင်းလှလှလေးများနှင့် ဖြည်းညှင်းစွာ ဖွင့်ကြည့်သည်။
''ဟင် .. လက်စွပ်လေး ... ''
''အင်း ဟုတ်တယ်လေ။ နှင်းကို လက်ထပ်ခွင့်တောင်းမလို့လေ... ''
''ကိုရယ် ...... ''
နှင်း အသံလေးများ တိုးလျတိမ်ဝင်သွားကာ ပါးပြင်ပေါ်သို့ မျက်ရည်စများ ကြွေကျလာသည်။
''ဟာ... နှင်း မငိုနဲ့လေ။ ပျော်ရမှာမဟုတ်ဘူးလားလို့ .. မငိုပါနဲ့ တိတ် တိတ် ''
''နှင်း ၀မ်းသာလို့ပါ ... ''
''နှင်း ရယ် ၀မ်းသာတာများ ငိုစရာလားလို့ .. နှင်း ကိုယ်လက်ထပ်ခွင့်တောင်းတာကို လက်ခံမယ်မဟုတ်လား ''
''အင်း လက်ခံပါတယ် ''
သူ နှင်းလက်သူကြွယ်လေးတွင် လက်စွပ်လေးကို စွပ်ပေးပြီးချစ်မြတ်နိုးလွန်းစွာ နှင်း ကိုယ်လေးကို ရင်ခွင်ထဲ ဆွဲဖက်ထားမိသည်။ သူ နဲ့ နှင်း ထာဝရမခွဲပဲ အတူနေရတော့မည်ကိုတွေးရင်း သူ့ရင်တွေ ခုန်နေမိသည်။
''နှင်း ... ''
''ရှင် ... ''
''ကို့ ကို ချစ်လားဟင် ... ''
''ချစ်ပါတယ် ကိုရယ် .. နှင်း အရမ်းချစ်ပါတယ် ...''
''ကိုလဲ အရမ်းချစ်တယ် နှင်းရယ် .... ''
''နှင်း ယုံပါတယ်''
''ဒီနေ့ ဘာနေ့လဲ သိလား ''
''အင်း သိတာပေါ့ ကိုရဲ့ ''
''ဟုတ်လား ပြောပြပါအုံး .. ''
''ချစ်သူများနေ့လေ ...''
''အင်း ဒီနေ့ကို သက်သေထားပြီး ကို သစ္စာဆိုမယ် ''
''ဘယ်လိုဆိုမှာလဲ ''
''အင်း ကို ချစ်တဲ့ နှင်းနဲ့ တစ်သက်လုံး အေးအတူပူအမျှ ထာဝရကြင်နာပါ့မယ်လို့လေ''
''ကိုရယ် .....''
''နှင်း ကို့နားမှာ အမြဲနေမယ်မဟုတ်လား ''
''နေမှာပေါ့ ကိုရဲ့ ၊နှင်း နဲ့ ကို ဘ၀ခြားခဲ့တောင် ကို့နားမှာ နှင်းလာနေအုံးမှာ ''
''နှင်းရာ.. ကိုတို့ဘ၀ခြားမှာကို မပြောပါနဲ့လား .. နှင်း ဘာမှ မဖြစ်ရဘူးလေ ကိုလဲ ဘာမှမဖြစ်ဘူး ဟုတ်တယ်မဟုတ်လား ... ''
''........... ''
''နှင်း ကိုပြောတာကို ပြန်ပြောလေ ... ''
''တကယ်လို့ ကိုနဲ့ နှင်း ဘ၀ခြားသွားပြီဆိုရင် ကို့ နားမှာ နှင်းနေခွင့်ရှိပါ့မလားဟင် ..''
''နှင်း ဘာတွေပြောနေတာလဲကွာ.. ''
''နှင်း မေးတာကိုဖြေပါ ကိုရဲ့ ''
''နေခွင့်ရှိတာပေါ့ ဒီဘ၀တင်မကဘူး ဘ၀အဆက်ဆက် နေခွင့်ရှိတယ် ကျေနပ်ပြီလား ''
''ဟုတ်.. ကျေးဇူးတင်ပါတယ် ကိုရယ်.. နှင်းလေ ကို့ကိုအရမ်းချစ်တယ်သိလား ''
''တူတူပါပဲ .... ''
''နှင်း ပြန်တော့မယ်လေနော် ကို ''
''အင်း ပြန်လေ... ကိုလဲ ပြန်မယ် ... ''
''ဟုတ် ကောင်းကောင်းပြန်နော် ''
''ကို လိုက်ပို့မယ်လေ နှင်းကို ''
''ရပါတယ် နှင်းဘာသာ ပြန်ပါ့မယ် .. ကို ပဲ လမ်းမှာ ဂရုစိုက်နော် ...''
''အင်း ဒါဆိုလဲ ကို ဒီကနေ ကြည့်နေမယ်နော် .. နှင်း အရိပ်လေးပျောက်သွားတဲ့ထိ''
''သဘောတိုင်းပါနော် .. ''
''ချစ်တယ် နှင်းရယ် ... ''
''ဟုတ် နှင်းလဲ အရမ်းချစ်တယ် ..မခွဲချင်ဘူး ကိုရယ် ... ''
သူ နှင်း ပါးလေးကိုတစ်ချက်နမ်းကာ ရင်ခွင်ထဲမှ လွှတ်ပေးလိုက်သည်။
''နှင်း ပြန်ပြီနော် ကို ''
''အင်း ''
သူ့နားမှ ဖြည်းညှင်းစွာထပြီး တရွေ့ရွေ့ထွက်ခွာသွားသော ချစ်သူ့ကျောပြင်လေးကို မျက်စိတဆုံးငေးကြည့်နေမိသည်။ နှင်း အရိပ်လေးပျောက်သွားတော့မှ သူ ပြန်ရန် ထိုင်ရာမှ ထလိုက်သည်။ ထိုစဉ် သူ့ဖုန်းမြည်လာလေသည်။
''တူ.... တူ... တူ..... တူ.... ''
''ဟဲလို... ''
''စိုးနောင်လားဟင် ''
''ဟုတ်ပါတယ် ''
''ငုဝါပါ စိုးနောင်''
''ငုဝါ ဘာဖြစ်လို့လဲ''
''ဟင့် ... စိုးနောင် .. နင် ... ခု .... နှင်းပွင့် အိမ်ကို လာခဲ့ ဟာ .... ''
''ဟာ.. ဘာဖြစ်လို့လဲဟ.. နင်ကလဲ ငိုသံတွေနဲ့ ဘာဖြစ်နေတာလဲ ''
''နင် တကယ်မသိဘူးလား ဟင် ''
''ငါက ဘာကိုသိရမှာလဲ ''
''နှင်း .... နှင်းပွင့် မရှိတော့ဘူး စိုးနောင်ရဲ့ ... ''
''မရှိ ဘယ်သွားလို့လဲ ..ခုမှ ငါနဲ့ တွေ့ပြီး ပြန်သွားတာကို ... ''
''ဟင် ... စိုးနောင် နှင်းပွင့် ဆုံးသွားပြီလေ.. ခုမနက်ဆယ်နာရီဆယ့်ငါးမိနစ်မှာ နင် တကယ်မသိဘူးလား ... ''
''ဟားဟား နင် နောက်စရာရှားလို့ ငုဝါရယ်...''
''ငါ တကယ်ပြောနေတာ .. နင်မယုံရင်ခုလာခဲ့ ''
''နင်နော်.... ငါ့ကို မစနဲ့ ''
''ငါ နောက်ပါ့မလားဟ တကယ်မရှိတော့လို့ မရှိဘူးပြောတာ ငါ့သူငယ်ချင်းကို ငါ သေခိုင်းစေချင်မှာလား နင် တို့ အဲလောက်ချစ်ကြတာ.. ''
''နင် တကယ်ပြောနေတာလား စနေတာတော့မဟုတ်ပါဘူးနော် ...''
''စိုးနောင်ရယ် .... နင် လာခဲ့ပါဟာ .. ငါ ဖုန်းချလိုက်တော့မယ်နော် ..''
''အင်း ''
''နင် လာဖြစ်အောင် လာပါဟာ ... ''
သူ မယုံတစ်ဝက် ယုံတစ်ဝက်နှင့် အိမ်ပြန်ရနိုး နှင်းပွင့်အိမ်ကို သွားရနိုးဖြစ်နေသည်။ မထူးပါဘူး ဆိုပြီး နှင်းပွင့်အိမ်ကို အရင်သွားလိုက်သည်။
ဟာ ..... လူတွေ အများကြီးပါလား ။ ငုဝါပြောတာ တကယ်များလား။ သူ စိုးရိမ်စိတ်တို့ ငယ်ထိကို ဒိတ်ခနဲ ဆောင့်တက်လာသည်။ ခြေလှမ်းများကို သွက်သွက်လှမ်း လိုက်သည်။ နှင်းပွင့်အိမ်ရှေ့ သို့ရောက်လျှင် အထဲမှ ငိုကာ ခေါ်လိုက်သော နာမည်ကြောင့် သူ ခြံရှေ့မှာပင် ကျောက်ရုပ်ဖြစ်သွားလေတော့သည်။
''နှင်းပွင့်ရေ.. သမီးလေး ...''
''သမီးရေ.. အမေ့ကိုထားခဲ့ပြီလား ... ''
သူ နေရာမှာပင် မည်မျှကြာအောင် ရပ်နေမိသည်မသိ။ ငုဝါလာဆွဲမှပင် သတိရတော့သည်။
''စိုးနောင် ... အထဲဝင်လေ .. ''
''မ၀င်တော့ပါဘူး ငါ ပြန်တော့မယ် .. ''
''ဟင် ... နှင်းပွင့်ကို မကြည့်တော့ဘူးလား ''
''ငါ ... ''
''စိုးနောင်ရယ် ...''
''ငါ မကြည့်ရက်ဘူးဟာ ... သူမရှိတော့ဘူး ဆိုတာကို ငါ မယုံကြည်နိုင်သေးဘူး .. ငါ့နားမှာ သူရှိနေတယ် ''
''ငါ နားလည်ပါတယ်ဟာ ... နင် ဘယ်လောက်ထိ ကြေကွဲနေမယ် ခံစားနေရမယ်ဆိုတာ ... ''
''ငါ ပြန်တော့မယ် ... ''
သူ ပြန်ဖို့ခြေလှမ်းလိုက်သော်လဲ မရ။ ခြေလှမ်းများက လှုပ်ရှားလို့မရခဲ့ပါ။ သူ အံကြိတ်ကာ မငိုဘူးလို့ အားတင်းထားပေမယ့် ထို အားတင်းမှုများ မကြာခင် အားလုံးပျောက်သွားခဲ့သည်။
''သား ... သမီးလေးကို လာကြည့်ပါအုံးကွယ် ... သမီးလေးကို နေရာက ဆွဲဖယ်လို့မရဘူး ဖြစ်နေတယ် ... ''
သူ နှင်းပွင့်အမေ အသံကြောင့် အိမ်ပေါ်သို့တက်လိုက်သည်။ ထို့နောက် နှင်းပွင့်အခန်းထဲ ...
ပန်းနုရောင်အိပ်ရာကတ္တီပါများနှင့် စံပယ်ပန်းဖြူဖြူလေးများ စီထားသောကုတင်များက သူ့ရင်ကို အစိတ်စိတ်အမွှာမွှာ ဖြစ်စေခဲ့သည်။ ကုတင်ထက်တွင် ငြိမ်သက်စွာ အသက်မဲ့နေတဲ့ ဂါဝန်ဖြူဖြူလေးနှင့် သူ သိပ်ချစ်ရသည့် နှင်းဖွေး ။
အသက်မဲ့နေသောချစ်သူ ကိုယ်လေးကို သူ ယုယစွာပွေ့ချီပြီး ခေါင်းတလားထဲသို့ ညင်သာစွာထည့်ပေးလိုက်သည်။
'' ကို့ ကို မခွဲဘူးဆိုတဲ့ နှင်းရယ် .... သွားနှင့်လေအုံးတော့ ...
ဘ၀ခြားနေရက်နဲ့ ကို့ ဆီရောက်အောင်လာခဲ့ရလေသလား ...
ကို ရင်တွေ တစ်စစီဖြစ်နေခဲ့ပြီ ချစ်သူရယ် ...
ကို့် ရင်ထဲမှာ နှင်းတစ်ယောက်ကိုပဲထာဝရမြတ်နိုးစွာနဲ့ ကိုယ် သိမ်းဆည်းထားတယ်လို့ နောက်ဆုံး ပြောခဲ့ပါတယ်.. နှုတ်ဆက်ခဲ့တယ် ချစ်ရယ် ... ''
သူ ခေါင်းတလားထဲထည့်ပြီးသည်နှင့် အပြင်သို့ထွက်လာခဲ့သည်။ သူအိမ်ပြန်ရာလမ်းတစ်လျှောက်မှာတော့ မျက်ရည်စမ်းတို့ လမ်းခင်းထားလေပြီ။
'' ဘ၀ခြားရင်တောင် ကို့နားမှာ နေခွင့်ရှိပါ့မလားလို့ မေးခဲ့တဲ့ ချစ်သူကို ကိုယ့်ဘ၀နားက ထပ်မခွဲသွားပါနဲ့လို့ အော်ဟစ်နေမိရင်း ..... ''
လွမ်းဆုလေး
0 comments:
Post a Comment