အချစ်သင်တန်းမတက်ဖူးပဲနဲ့
အချစ်ဝင်္ကပါထဲ ငါ တိုးဝင်ခဲ့တယ်
လမ်းမကျွမ်းကျင်သေးတဲ့
မုဆိုးတစ်ယောက်လို
သံယောဇဉ်နွယ်ရှင်တွေကြား
အကြိမ်ကြိမ်ကို ရစ်ပတ်ခံခဲ့ရပေါ့ ..
ပြေးစရာကုန်နေတဲ့ လူတစ်ယောက်လို
ဘယ်ဘက်ကိုပဲပြေးပြေး
အချစ်တောထဲပဲ ရောက်နေခဲ့တယ်။
မျှော်လင့်ခြင်းချောက်တွေက နက်လွန်းလို့
ငုံ့မကြည့်ရဲခဲ့ပေမယ့်
တောမကျွမ်းတဲ့လူဆိုတော့လဲ
အခါခါကို ကျနေခဲ့တာပဲ။
ခံစားမှုမြက်ရိုင်းတွေကြား
သွေးတစ်စက်စက်ကျနေတာတောင်
အမှတ်သည်းခြေနည်းတဲ့ ငါ့နှလုံးသားက
နာကျင်ခြင်း ဓါးနဲ့ မရှင်းရက်ပဲ တိုးနေမိဆဲ .. ။
လွမ်းဆုလေး
အချစ်ဝင်္ကပါထဲ ငါ တိုးဝင်ခဲ့တယ်
လမ်းမကျွမ်းကျင်သေးတဲ့
မုဆိုးတစ်ယောက်လို
သံယောဇဉ်နွယ်ရှင်တွေကြား
အကြိမ်ကြိမ်ကို ရစ်ပတ်ခံခဲ့ရပေါ့ ..
ပြေးစရာကုန်နေတဲ့ လူတစ်ယောက်လို
ဘယ်ဘက်ကိုပဲပြေးပြေး
အချစ်တောထဲပဲ ရောက်နေခဲ့တယ်။
မျှော်လင့်ခြင်းချောက်တွေက နက်လွန်းလို့
ငုံ့မကြည့်ရဲခဲ့ပေမယ့်
တောမကျွမ်းတဲ့လူဆိုတော့လဲ
အခါခါကို ကျနေခဲ့တာပဲ။
ခံစားမှုမြက်ရိုင်းတွေကြား
သွေးတစ်စက်စက်ကျနေတာတောင်
အမှတ်သည်းခြေနည်းတဲ့ ငါ့နှလုံးသားက
နာကျင်ခြင်း ဓါးနဲ့ မရှင်းရက်ပဲ တိုးနေမိဆဲ .. ။
လွမ်းဆုလေး
0 comments:
Post a Comment