ချစ်သူလေးရယ် ....
ကိုကို ရင်ခွင်ထဲမှာ ထွေးပိုက်ပြီး
အပူပင်ဟူသမျှ ဖြေပေးချင်တယ် ...
ချစ်သူလေးရယ် ...
အားငယ်နေတဲ့ ချစ်သူမျက်နှာ
ညိုးငယ်နေတဲ့ မျက်ဝန်းတွေကို
ကိုကို မကြည့်ရက်နိုင်ဘူးကွယ် ..
ချစ်သူလေးရယ် ...
ချစ်သူအတွက် ဘာမဆိုဖြည့်ဆည်းပေးနိုင်တဲ့သူဖြစ်ချင်တယ်
ချစ်သူအတွက် ပျော်ရွှင်ခြင်းများသာ ပေးထားချင်တယ် ...
ချစ်သူလေးရယ် ...
ဘယ်ခါမဆို အားငယ်မှုနဲ့ နောက်ဆုတ်နေတတ်တဲ့
ချစ်သူရဲ့ အားနာတတ်မှုတွေကို
ကိုကို အဆုံးထိ နားလည်ပါတယ် ချစ်သူရယ် ..
ချစ်သူလေးရဲ့ရှေ့မှာ
ဘယ်ချိန်မဆို ကိုကိုရှိနေတယ်နော် တဲ့လား ကိုကိုရယ် ..
ခုတော့ ....
ချစ်သူနဲ့ အဝေးဆုံးကို မသွားဘူးဆိုတဲ့ကိုကို
အနေနီးတဲ့ သုံးနဲ့လေးလို
ကျောချင်းကပ်ပြီး ချစ်သူအပေါ် သစ္စာမဲ့ခဲ့ပြီနော် ...
ရက်စက်တယ်လို့တော့ မပြောလိုတော့ပါဘူး
ရှေးကုသိုလ်ကံ မကောင်းခဲ့လို့
ဝေးရတာလို့ နားလည်ထားပါတယ် ..
ရင်တွေလဲ တစ်စစီပျက်ကြွေ
နှလုံးသားလဲ ဒဏ်ရာအထပ်ထပ်နဲ့
ကိုကို့အတွက် နောက်ဆုံးအချစ်နဲ့
ပေးဆပ်ခဲ့တာပါ ကိုကို...
ကိုကို ပြန်လာခဲ့ပေမယ့်
ဒဏ်ရာအထပ်ထပ်နဲ့ ကွဲအက်နေတဲ့
နှလုံးသားလေးကတော့ ပြန်မဆက်သေးဘူး ကိုကိုရယ် ..
လွမ်းဆုလေး

0 comments:
Post a Comment