အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » အဆန်းမဟုတ်တော့ပါဘူး

အဆန်းမဟုတ်တော့ပါဘူး

Written By MyanmarChnnel@ on Saturday, February 8, 2014 | 6:17 PM

အသဲကွဲသူဇာတ်လမ်းမှာ
အလွမ်းသမားဆိုတာ
တခမ်းတနားနဲ့ အဆန်းအပြားလဲ မဟုတ်ဘူး။

အထီးကျန်ခြင်းလမ်းပေါ်မှာ
ကြေကွဲခြင်း လေကြမ်းတို့
တိုက်ခတ်နေလဲ အဆန်းမဟုတ်တော့ဘူး။

မျှော်လင့်ခြင်းမီးအိမ် အရောင်မှိန်မှိန်နဲ့
လမိုက်ညသန်းခေါင်ထက်
ပိုမိုက်နေလဲ အဆန်းမဟုတ်တော့ဘူး ။

အမုန်းမီးတိုင်အောက် ငါရောက်သွားခိုက်
အလင်းမိုက်ခဲ့လဲ အဆန်းမဟုတ်တော့ပါဘူး ။

မင်းရက်စက်ခဲ့တာသိသိကြီးနဲ့
မင်းအငြိုးတွေအောက်မှာ
ခုချိန်ထိ ငါ မေ့မရ မုန်းမရနဲ့
ချစ်နေမိတဲ့ ငါ့ ရင်ဘတ်ကြီးကပဲ
ငါ့အတွက် ဆန်းနေတယ် ...

လွမ်းဆုလေး


Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်