မဟာချိုင်မှာရှိတဲ့ CPF ပင်လယ်စာစက်ရုံမှာ ၂၁.၂.၂၀၁၄ သောကြာနေ့က အလုပ်သမား၇၅ယောက်ကို ဗီဇာ၎နှစ်ကုန်ဆုံးတာအကြောင်းပြုပြီး အလုပ်ကရပ်ဆိုင်းလိုက်ပါတယ်။ ဒါကြောင့် MWRN အနေဖြင့် စက်ရုံက တာဝန်ရှိသူများထံ ဆက်သွယ်ညှိနှိုင်းမှုလုပ်ခဲ့ပါတယ်။
ဒီနေ့ ၂၄.၂.၂၀၁၄ မှာ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးနဲ့ အလုပ်ရှာဖွေရေးရုံး တို့က အစိုးရအရာရှိတွေနဲ့ စက်ရုံကတာဝန်ရှိသူတွေနဲ့ ၃ပွင့်ဆိုင်ဆွေးနွေးခဲ့ပါတယ်။ အစိုးရ အရာရှိတွေကိုယ်တိုင်လည်း မှားသည်၊မှန်သည် ရေရေရာရာ မရှင်းပြနိုင်ခဲ့ပါဘူး။
ဘာကြောင့်လဲဆိုတော့... ၂ဖက်အစိုးရတွေက ၄နှစ်ဗီဇာပြည့်သူများကို သက်တမ်းတိုးပေးမယ့်အစီအစဉ်ဖေါ်ဆောင်မှု နှောင့်နှေးကြန့်ကြာနေတာကြောင့် အခုလို မလိုလားအပ်တဲ့ ပြဿနာများဖြစ်နေရတာပါ။
မနက်ဖန် ၂၅.၂.၂၀၁၄ မှာ အလုပ်ရှင်နဲ့အလုပ်သမားတို့ MWRN ရုံးခန်းမှာ ထပ်မံဆွေးနွေး ညှိနှိုင်းဖို့ လုပ်ကြပါမယ်။ အလုပ်သမားများကို ဆက်လက်အလုပ်ခန့်ထားရေး၊ အလုပ်ထုတ်မယ်ဆိုရင် ဥပဒေက ပြဌာန်းထားတဲ့နစ်နာကြေးရရှိရေး၊ အလုပ်ခေတ္တနားရမယ်ဆိုရင်လည်း နားနေစဉ်မှာ အလုပ်ရှင်က လုပ်အားခ ၇၅% ပေးရေး စတဲ့ အလုပ်သမားအခွင့်အရေးကို အဓိကထား တောင်းဆို ညှိနှိုင်းကြပါမယ်။
မူရင်သတင်းကိုဆက်လက်ဖတ်ရှူချင်ပါက..MWRN fb pages ကိုသွားရောက် ဖတ်ရှူနိုင်ပါတယ်
ကျွန်နော် ပြန်လည်ပြီး သတင်းများကို မျှဝေပေးနေပါမယ် ဆက်သွယ်လိုပါက
ဦးအောင်ကျော် ဥက္ကဌ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက် 0867555 337
လွမ်းဆောင်း 0877688072 ဖုန်းများကိုဆက်သွယ်နိုင်ပါတယ်.။
လွမ်းဆောင်း
www.lwansulay.com
မူရင်သတင်းကိုဆက်လက်ဖတ်ရှူချင်ပါက..MWRN fb pages ကိုသွားရောက် ဖတ်ရှူနိုင်ပါတယ်
ကျွန်နော် ပြန်လည်ပြီး သတင်းများကို မျှဝေပေးနေပါမယ် ဆက်သွယ်လိုပါက
ဦးအောင်ကျော် ဥက္ကဌ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး
လွမ်းဆောင်း 0877688072 ဖုန်းများကိုဆက်သွယ်နိုင်ပါတယ်.။
အားလုံးအဆင်ပြေပါစေ.......။.အလွမ်းများရဲ့ ဆောင်ပုဒ်ဆိုဒ်လေးမှာ အသစ်တင်သမျှ fb က
www.lwansulay.com
0 comments:
Post a Comment