အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » Google Talk ကိုမွှေနှောက်စို့

Google Talk ကိုမွှေနှောက်စို့

Written By MyanmarChnnel@ on Sunday, February 23, 2014 | 8:53 PM


(၁) စာရိုက်တဲ့အခါ Font Size ကြီးကြီးမြင်ချင်ရင် Control ကိုဖိထားပြီး Mouse အလယ်က Scroll Wheel ကိုလှည့်ကြည့်ပါ။ အကြီးအသေးပြောင်းပေးမယ်။

တစ်ဖက်ကို စာကြောင်းနှစ်ကြောင်း ခွဲရိုက်ချင်ရင် Shift+Enter ခေါက်ကြည့်။ အောက်တစ်ကြောင်း ဆင်းပေး တယ်။

ပိုပြီးထင်ရှားစေချင်တဲ့ စာကြောင်းတွေ၊ စာလုံးတွေကို အနက်ရောင် Boldတင်ချင်ရင် **နှစ်ခုကြားထဲသာ ထည့်ရိုက်ကြည့် အဲဒီ Starနှစ်ခုကြားတည်းက စာလုံးတွေ Bold ဖြစ်သွားလိမ့်မယ်။

စာလုံးကို အစောင်းအနေနဲ့ ထင်ရှားစေချင်ရင် Under Score __နှစ်ခုကြားထဲထည့်ပြီးရိုက်ပါ။ အဲဒီ_ နှစ်ခုကြား ထဲက စာလုံးတွေ စောင်းနေ လိမ့်မယ်။စာကြောင်းအလိုက် စာပိုဒ်အလိုက်တွေလည်း ဒီသင်္ကေတတွေကြားထဲမှာ ထည့်သုံးလို့ရတယ်။

အများကြီး အများကြီးနဲ့ Q အဲမှားလို့ Chat ကြတဲ့သူတွေ Mouseကိုပြေးပြေးမကိုင်ချင်ရင် တစ်ယောက် နဲ့တစ်ယောက်ကို Ctrl+Tab နဲ့ Switchလုပ်ပြီး ပြောင်းလို့ရတယ်။ Control ကိုဖိထားပြီး Tab လေးနှိပ်နှိ ပ်ပြီး ပြောင်းရုံပဲ။ တစ်ခုစီ ပိတ်ချင်ရင်တော့ Ctrl+F4 ဆိုရ ပါပြီ။

(၂) G-Talk တွေအများကြီး ဖွင့်လို့ရအောင် ဒီလိုလုပ်ပါ။ Desktop ပေါ်မှာG-Talk Short Cut ရှိမယ်။ မရှိရင် တင်လိုက်ပါ။ ပြီးရင် Propertiesထဲကိုဝင်လိုက်ပါ။ Target ဆိုတဲ့ဘေးက Box ထဲက စားသားတွေနောက်မှာ /nomutexလို့ပြင်လိုက်ပါ။  ဒီထက်လွယ် ချင်ရင်တော့ Desktop ပေါ်မှာ Right-Click နဲ့New Shortcut ယူလိုက် ပါ။ အောက်ပါစာသားတွေရိုက်ထည့်လိုက်ပါ။ " "များပါ.. ထည့် ရိုက်ပါ။ /nomutex ရှေ့တွေ Space ရှိပါတယ်။ "C:\programfiles\google\googletalk\googletalk.exe" /nomutex ပြီးရင် next ဆိုတာနဲ့Desktop ပေါ်မှာ G-Talk Shortcut ရောက်လာတဲ့အခါ စိတ်ရှိသလောက်သာဖွင့်ပေတော့။ အဲနောက်တစ်မျိုးက အဲဒီ စာသားတွေကို Start ထဲက Run Box ထဲသွားရိုက်ထည့်ပြီး OK ဆိုတိုင်း G-Talk တစ်ခု၊တစ်ခုပွင့်တယ်နော်။

အရေးကြီးတာတစ်ခုပြောမယ်။ သူများဆီမှာ သုံးပြီးထသွားရင် Usernameကြီးကျန်ခဲ့မှာပေါ့။ ဒါကို Delete လုပ်သွားတတ်ကြတယ်။ မထင်နဲ့ Usernameနေရာမှာ Click နှိပ်ပြီး Ctrl+Z နှိပ်ကြည့်၊ နောက်ဆုံးသုံးခဲ့တဲ့
Username ပြန်ပေါ်တယ်။ ဒါပေမယ့် Password တော့မရပါဘူး။ ဒါပေမယ့် Usernameတွေသိကုန်မယ်လေ။ ဒါကိုရှင်းကြမယ် G-Talk လေးတွေ ဒီအတိုင်းပိတ်ပြီးသွားရင်ညာဘက် အောက်က နာရီနေရာမှာ ကျန်သေးတယ်။ Sign-out လုပ်ပြီးလည်းခဲရောင်လေးအဖြစ်ကျန်တယ်။ အဲဒါလေးကို Right Click ထဲက Exit လုပ်လိုက်ရင်
ပိုကောင်းပါတယ်။ အဲဒီလို တခါတည်းတန်းပြီး Exit လုပ်ရင်လည်း အလိုလို Sign-Out ဖြစ်ပါတယ်။

အခုကျန်ခဲ့တဲ့ Account တွေဖျက်ကြည့်မယ်။ Start ထဲက Run ထဲမှာ အခုလိုရိုက်ပါ။"C:\program files\google\googletalk\googletalk.exe"/factoryreset ဒါဆိုရင် G-Talk ကို Factory ထုတ်စကအတိုင်း reset ပြန်လုပ်ပေး သွားပါတယ်။Install လုပ်ပြီးကာစ လုံးဝအသုံးမပြုရသေးတဲ့ G-Talk အသစ်စက်စက်လေး လိုပေါ့။ကဲ Remember Password ကိုတော့ Sign-in မလုပ်ခင် Check လေးဖြုတ်လိုက်နော်။

အဲဒီလို Run ထဲ ခဏခဏ သွားမရိုက်ချင်ရင်တော့ New Shortcut တစ်ခုယူလိုက်ပါ။ အဲဒီစာသားတွေ ရိုက်ထည့်ပါ။ Next ပြီးရင် G-Talk Factory Reset သို့မဟုတ် ကြိုက်ရာနာမည်ပေးပြီး Next လုပ်လိုက်တာနဲ့ Shortcut တစ်ခုရောက်လာမယ်။ အဲဒီ Shortcut လေး Double click နှိပ်ပေးလိုက်တာနဲ့ ရသွားပါပြီ။ အခြား လူတွေလည်း သုံးလို့ရသွားတာပေါ့။

Registery ကနေသွားကြည့်မယ်။ Windows ရဲ့ Registery ထဲက G-Talk ထဲမှာလည်း လုပ်စရာလေးတွေရှိတယ်။ Registery Editor ထဲကို Start ထဲက Run ထဲကနေregedit လို့ရိုက်ပြီး Enter ခေါက်ခေါ်လိုက်ရင် ရောက်လာ ပါလိမ့်မယ်။

Ggoogle Talk ကဘယ်မှာရှိ လဲဆိုတော့HKEY_CURRENT_USER\Software\Google\Google Talk အဲဒီထဲမှာရှိတယ်။  GoogleTalk ဆိုတဲ့အောက်က Account ဆိုတဲ့အောက်မှာ ဒီG-talkမှာ သုံးသွားသမျှ
Account တွေအားလုံးမှတ်ထားတယ်။ အဲဒါကြောင့် ကျန်နေတာပါ။ ဒီမှာ ဘယ်သူတွေSign-in ၀င်ခဲ့သလဲဆိုတာ အားလုံးသိရမယ်။ ဒါပေမယ့် ရှေ့မှာပြောခဲ့တဲ့ Factory Reset လုပ်လိုက်ရင်တော့ အားလုံးအပြောင်ပဲ။ အကယ်၍များ G-Talk လေးက System Tray လေးထဲမှာ ပုန်းနေလားဆိုတာကိုသိချင်ရင် Window Key + Esc ကိုနှိပ်ကြည့်လိုက်ရင် ထွက်ပေါ်လာလိမ့်မယ်။

(၃) Emotion လေးတွေကို G-talk ကအပြာရောင်လေးတွေနဲ့ပြပေးနိုင်တယ်။ခေါင်းလေးကို ဘယ် ဘက်စောင်းေ လးကြည့်ရင်တော့ မျက်နှာလေးတွေ ပိုပီပြင်တာပေါ့ :-l :-O :-x :-P :-D ;-) :-( :l :O :X :P :D :) :( ;-l ;-O ;-x ;-P ;-D ;-) ;-( ;l ;O ;x ;P ;D ;) ;( B-l B-O B-x B-P B-D B-) B-(  B'( BO Bx BD B) B( B)
 G-Mail ထဲကနေသွား Chat မယ်ဆိုရင်တော့ Emotion လေးတွေကို Animationလေးတွေနဲ့ပါ ပြပေးတယ်။ G-Mail ရဲ့အထဲက G-talk မှာ Sign Out လုပ်တဲ့မြှားလေးကို Invisible လို့ပြောင်းလိုက်ရင် ကိုယ့်ကို offline
အနေနဲ့ပဲမြင်ရတော့မယ်နော်။ G-Mail ထဲဝင်ပုန်း နေလို့ G ပုန်းကြီးလို့လဲခေါ်ကြတယ်ဗျာ။

*Pidgin အစွမ်း*

G-Talk ကနေမဟုတ်ပဲ Pidgin ဆိုတဲ့ Application လေးနဲ့သုံးကြည့်ရအောင်။ Pidgin ဆိုတဲ့ Application လေး ကလည်း Free ရပြီး G-Talk မှမဟုတ်ပါဘူး။ IMတော်တော်များများ သုံးလို့ရတယ်။ Windows မှာတင်မဟုတ်ပဲ Open Sourceတွေအတွက်လဲရှိတယ်။ သူ့ကို www.pidgin.im ကနေသွားပြီး Download
လုပ်လို့ရတယ်။ ပြီးရင် Install လုပ်ပြီး သုံးရုံပါပဲ။

တကယ်လို့ Install လုပ်ဖို့အခွင့်အရေးမရှိဘူး။ ဒီ Application လေးကို သွားလေရာသယ်သွားချင်တယ်ဆိုရင်ေ
တာ့ Portable Version လည်းရနိုင်တယ်။ Memory Stick ထဲကို Install ဖြည်ထည့်ထားပြီးသုံးရုံပဲ။

Website လိပ်စာက http://portableapps.com/apps/internet/pidgin_portableပါ။ အဲဒီမှာ Free Download လုပ်လို့ရပါမယ်။

အဲဒီ Pidgin လေးမှာ အစွမ်းအစအချို့အသုံးချကြည့်မယ်။ အရင်ဆုံးအသုံးဝင်မယ်ထင်တာလေးတွေ
ပြောမယ်။ ကိုယ့်ကို Block လုပ်ထား လား၊ မလုပ်ထားလား၊ ဒီ Pidgin ထဲကနေ၀င်ပြီး Check လုပ်လို့ရတယ်။ သူကကိုယ့်ကိုBlock လုပ်ထားလားမလုပ်ထားလားသိချင်ရင် သူ့ Account ပေါ်Right-Clickနှိပ်ပြီး အပေါ်ဆုံးက Get Info ဆိုတာကိုနှိပ်ကြည့်ပါ။

တကယ်လို့ Block လုပ်ထားတယ်ဆိုရင် သူ့ရဲ့ information (pics,username)တွေဘာမှမြင်ရမှာ မဟုတ်ပါဘူး။ Offline လို့ပဲပြလိမ့် မယ်။ သူ့ရဲ့Information လေးတွေ တွေ့ရပြီဆိုရင်တော့ ဒါကိုယ့်ကို block မလုပ်ထားပါဘူး။
ဒါက online မှာရှိရှိ၊မရှိရှိ ကြည့်လို့ရ တယ်။

ဒီ Information မှာပေါ်လာတဲ့ ပုံလေးကို Right-click နှိပ်ပြီး Save Image လုပ်ကာသိမ်းထားလို့ရတယ်။ ဒါပေမယ့် Resolution က တော့ 96 x 96 ပဲရလိမ့်မယ်။

ဒီ Pidgin ကို Portable အနေနဲ့ပဲ ကိုယ့်ရဲ့ Memory Stickထဲမှာသုံးစေချင်တယ်။ သူက Account တွေကိုသိမ်းထားပေးတယ်လေ။ အကယ်၍မဖျက်ခဲ့မိရင်တောင် ကိုယ့် Drive ထဲမှာ ဆိုတော့ ပြဿနာ မရှိတော့ပါဘူး။ MenuBar က Accounts ထဲမှာ Manage Account ဆိုတာရှိတယ်။ အဲဒီထဲမှာ Account တွေအများကြီး သိမ်းထားမလား၊ Password တွေပါပါလား၊ Accounts တွေဖြုတ်မလား စီမံလို့ရပါတယ်။ ထွက်ချင်ရင်တော့ Buddies ထဲကနေ Quit သာနှိပ်လိုက်တော့။ဒီလောက်ဆိုရင်တော့ G-talk ကိုမွှေနှောက် လို့ရ လောက်ပါပြီ။

Reference: PC World Magazine.

နာ့ကိုတော့ မနောက်ရ၀ူးနော် .. ကြိုတင်ပြောပြီ ဟိ ...

            လွမ်းဆုလေး 

copy - htpp;//kotaylay.yolasite.com
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်