အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ဒါနအမ်ဳိးမ်ဳိး

ဒါနအမ်ဳိးမ်ဳိး

Written By MyanmarChnnel@ on Friday, March 7, 2014 | 6:21 PM

၁။ အာမိသဒါန၊ ဓမၼဒါန

ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး စတဲပစ္စည်းဝတ္ထုကို လှူလျှင် အာမိသနဒါနဖြစ်တယ်။ မြတ်စွာဘုရားရဲ့ တရားတော်ကို သူတစ်ပါးတို့အား ဟောပြောပို့ချခြင်းကို ဓမ္မဒါနလို့ ခေါ်တယ်။ အလှူအပေါင်းမှာ တရားအလှူက အမြတ်ဆုံးပဲ။

၂။ သာဝဇ္ဇဒါန၊ အန၀ဇ္ဇဒါန

သားငါးစသည်တို့ကို သတ်ဖြတ်ပြီး ဆွမ်းလှူဒါန်းရင် အပြစ်နှင့်တကွ ဖြစ်လို့ သာဝဇ္ဇဒါနဖြစ်တယ်။ သတ္တ၀ါများကို သတ်ဖြတ်ခြင်း မရှိတဲ့ ဒါနမျိုးက အပြစ်ကင်းတဲ့အတွက် အန၀ဇ္ဇဒါန မည်တယ်။ အန၀ဇ္ဇဒါန ဖြစ်အောင် လှူပါ။

၃။ ဓမ္မိယဒါန၊ အဓမ္မိယဒါန

တရားသဖြင့် ရှာဖွေရရှိတဲ့ ပစ္စည်းဥစ္စာကို လှူဒါန်းခြင်းဟာ ဓမ္မိယဒါနဖြစ်တယ်။ မတရားတဲ့နည်းဖြင့် ရှာဖွေရရှိတဲ့ ပစ္စည်းဥစ္စာကို လှူဒါန်းခြင်းဟာ အဓမ္မိယဒါန ဖြစ်တယ်။ ဓမ္မိယဒါနက ပိုမြတ်ပါတယ်။

၎။ သာဟတ္ထိကဒါန၊ အာဏတ္ထိကဒါန

ကိုယ်တိုင်ကိုယ်ကျ လက်ဖြင့် ကိုင်တွယ်ပြီး လှူရင် သာဟတ္ထိကဒါနဖြစ်တယ်။ သူတစ်ပါးကို စေခိုင်းပြီး (ကိုယ်စားလှယ်လွှဲပြီး ) လှူဒါန်းရင် အာဏတ္ထိကဒါနဖြစ်တယ်။ သာဟတ္ထိကဒါနဖြစ်အောင် လှူပါ။

၅။ သက္ကစ္စဒါန၊ အသက္ကစ္စဒါန

လှူဖွယ်ဝတ္ထုကို မပြုပြင်ဘဲ မလေးမစား လှူဒါန်းရင် အသက္ကစ္စဒါနဖြစ်တယ်။ သက္ကစ္စဒါန ဖြစ်အောင် လှူပါ။

၆။ ကာလဒါန ၊ အကာလဒါန

အချိန်အခါနှင့် သင့်လျော်ညီညွတ်အောင် လှူဒါန်းရင် ကာလဒါန ဖြစ်တယ်။ အချိန်အခါကို မရွေးဘဲ လှူဒါန်းရင် အကာလဒါနဖြစ်တယ်။ ဥပမာ ကထိန်သင်္ကန်း၊ ၀ါဆိုသင်္ကန်း၊ ဖျားနာနေတဲ့ရဟန်းအတွက် ဆွမ်း (ဂလာနဘတ်) ၊ ဧည့်သည်ရဟန်းအတွက် ဆွမ်း (အာဂန္တုကဘတ်)၊ ခရီးထွက်မည့်ရဟန်းအတွက် ဆွမ်း(ဂမိကဘတ်) စသည် တို့က ကာလဒါနဖြစ်တယ် ကာလဒါနက အချိန်အခါနဲ့ လိုက်ဖတ်အောင် အကျိုးပေးတတ်လို့ အကာလဒါနထက် အကျိုးပေးပိုထူးတယ်။

၇။ နိဗဒ္ဓဒါန ၊ အနိဗဒ္ဓဒါန

နေ့စဉ်မှန်မှန် ဆွမ်းလောင်းခြင်း၊ ဘုရားရေချမ်း ကပ်လှူခြင်း စသည်ဖြင့် အမြဲမပြတ်ဝတ်ထားပြီး မှန်မှန်ပြုလုပ်တဲ့ဒါနကို နိဗဒ္ဓဒါနလို့ ခေါ်တယ်။ နေ့စဉ် မဟုတ်ဘဲ တတ်နိုင်တဲ့အခါ ပြုလုပ်တဲ့ဒါနကို အနိဗဒ္ဓဒါနလို့ ခေါ်တယ်။ နိဗဒ္ဓဒါန ပြုနိုင်အောင် ကြိုးစားပါ။

၈။ သံဃိကဒါန၊ ပုဂ္ဂလိကဒါန

ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို ရည်မှန်းပြီး လှူဒါန်းခြင်းဟာ ပုဂ္ဂလိကဒါနဖြစ်တယ်။ သံဃာတော်အား ရည်မှန်းပြီး လှူဒါန်းခြင်းဟာ သံဃိကဒါနဖြစ်တယ်။ သံဃိကဒါနက ပိုမြတ်တယ်။

၉။ ဟီနဒါန၊ မဇ္ဈိမဒါန၊ ပဏီတဒါန

အလှူပြုရာမှာ လိုလားမှု-ဆန္ဒ၊ ပိုင်းခြားပြီးသိမြင်မှု- စိတ္တ၊ အားထုတ်မှု- ၀ီရိယ၊ ထိုးထွင်းပြီးသိမြင်မှု- ၀ီမံသ၊ ဤတရား ၄ -ပါးတို့ သည် အညံ့စားဖြစ်နေရင် ဟီနဒါန-ညံ့တဲ့ အလှူဖြစ်နေလိမ့်မယ်။ ထိုတရား လေးပါးတို့ အလတ်စားဖြစ်ရင် မဇ္ဈိမဒါန- အလတ်စားအလှူဖြစ်တယ်။ ထိုတရားလေးပါးတို့ အမြတ်စားဖြစ်ရင် ပဏီတဒါန- အမြတ်စား အလှူဖြစ်ပါလိမ့်မယ်။

အကောင်းဆုံး အမွန်မြတ်ဆုံးသော ဒါနတွေပြုနိုင်ကြပါစေ..

ရိုသေလေးစားစွာဖြင့်

အိအိအောင်
 
Dana (ဒါနအမျိုးမျိုး ) by Ei Ei Aung (အိအိအောင်)
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်