အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ဘ၀တန္ဖုိး

ဘ၀တန္ဖုိး

Written By MyanmarChnnel@ on Saturday, April 26, 2014 | 7:55 PM

ချစ်သူရေ....
မပီပြင်ဝိုးတ၀ါးမြင်နေရတဲ့
ဟိုးအဝေးက မြင်မဆုံးတဲ့ တောတန်းကို
အဓိပ္ပာယ်မဲ့စွာ ငါ ငေးကြည့်နေခဲ့တယ်။

ဘ၀ဆိုတာ ရှုပ်ထွေးတတ်မှန်း
ကြိုတင်မသိခဲ့လေတော့
လမ်းမှားခဲ့တဲ့ မုဆိုးပမာ
ဝင်္ကပါအထပ်ထပ်ကြားမှာ ရူးသွပ်လုပေါ့။

အချိန်ခါမဟုတ်ရွာသွန်းလာတဲ့
မိုးရေစက်တွေက
ငါ့မျက်နှာ ပါးပြင်ထက်မှာ
တရွေ့ရွေ့ ကျဆင်းနေလို့
လက်တစ်စုံနဲ့ ခပ်ကြမ်းကြမ်းသုတ်ပစ်နိုင်ဖို့
ကြိုးစားမိတယ်...

ပင်မြင့်ပေါ်စံတဲ့ သဇင်ပန်းက
မြေပေါ်က ပန်းခရေလို
ဘ၀တန်ဖိုး နားလည်မှာမဟုတ်တော့
လောကကြီးဆိုတာကိုလဲ
အူကြောင်ကြောင်ငေးကြည့်နေဆဲပေါ့။
( လွမ်းဆုလေး )

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်