အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ဆင်းမ်ကတ်တန်ဖိုး ကျဆင်းလာပြီးနောက်ပိုင်း စမတ်ဖုန်းခိုးယူမှုများ ဆက်တိုက်ဖြစ်ပေါ်နေ

ဆင်းမ်ကတ်တန်ဖိုး ကျဆင်းလာပြီးနောက်ပိုင်း စမတ်ဖုန်းခိုးယူမှုများ ဆက်တိုက်ဖြစ်ပေါ်နေ

Written By MyanmarChnnel@ on Tuesday, May 6, 2014 | 10:24 PM


ပြည်တွင်း၌ အသုံးပြုနေကြသည့် ဆင်းမ်ကတ်များ၏ တန်ဖိုးများ သိသိသာသာကျဆင်းလာပြီး နောက်ပိုင်းတွင် မိုဘိုင်းဖုန်း ပျောက်ဆုံးမှုများ မကြာခဏဖြစ်ပေါ်နေကြောင်း ရန်ကုန်၊ မန္တလေးမြို့များရှိ မိုဘိုင်းဖုန်း အသုံးပြုသူနယ်ပယ်မှ စုံစမ်းသိရသည်။

ဆင်းမ်ကတ်များ၏ ဈေးနှုန်းများမှာ ကျပ်တစ်ထောင့်ငါးရာ ဖြစ်လာပြီးနောက်ပိုင်းတွင် လူအများစု၏ ရွေးချယ်မှုသည် တန်ဖိုးမြင့် စမတ်ဖုန်းများဖြစ်လာသည်ဟု ရန်ကုန်နှင့်မန္တလေးမြို့တွင် နေထိုင်သည့် မိုဘိုင်းဖုန်းအသုံးပြုသူအချို့ထံမှ သိရသည်။

ရန်ကုန်နှင့် မန္တလေးမြို့များတွင် တန်ဖိုးကြီး မိုဘိုင်းဖုန်းများကို ခိုးယူမှုများ ဆက်တိုက်ဖြစ်လာပြီး ဖုန်းပျောက်ဆုံးသွားပါက ပြန်လည်မရရှိသည့် အဖြစ်အပျက်များလည်း ဆက်တိုက်ဖြစ်ပေါ်လျှက်ရှိသည်ဟု စုံစမ်းသိရသည်။

iPhone အမှတ်တံဆိပ် ဖုန်းအိမ်များနှင့် ကိုရီးယားနိုင်ငံမှ ထုတ်လုပ်သည့် Samsung အမှတ်တံဆိပ် ဖုန်းအိမ်များကို အများဆုံးခိုးယူကြကြောင်း မိုဘိုင်းဖုန်းအသုံးပြုသူ အချို့ထံမှ သိရသည်။

“iPhone 5 ကို လိုင်းကားပေါ်မှာ နှိုက်ယူသွားတာပါ။ ကားတွေက အရမ်းကျပ်နေတဲ့အချိန် ဘောင်းဘီအိတ်ထဲ ထည့်ထားတဲ့ ဖုန်းကိုတောင် အာရုံမစိုက်နိုင်လောက်အောင်ပါပဲ။ လစာတွေစုပြီး ဝယ်ထားတဲ့ဖုန်းတစ်လုံး ဆုံးရှုံးသွားလို့ အရမ်းနှမြောပြီး နောင်တရမိတယ်” ဟု ပြီးခဲ့သည့်လအနည်းငယ်က ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် လိုင်းကားပေါ်တွင် မိုဘိုင်းဖုန်းခိုးယူခြင်းခံခဲ့ရသည့် အမျိုးသားတစ်ဦးက ဆိုသည်။

iPhone နှင့် Samsung ကဲ့သို့သော မိုဘိုင်းဖုန်းများ၏ ဈေးနှုန်းများသည် တန်ဖိုးမြင့်မားသည့်အတွက် အသုံးပြုပြီးသား တစ်ပတ်နွမ်းပစ္စည်းများကို ပြန်လည်ရောင်းချလျင်ပင် ယင်းထုတ်ကုန်များ၏ ဈေးနှုန်းများမှာ အနည်းဆုံး ကျပ်ငါးသောင်းမှ တစ်သိန်းကျော်အထိ ရှိသဖြင့် ယခုကဲ့သို့ မိုဘိုင်းဖုန်းများကို အဓိကခိုးယူခြင်းများ ရှိလာခြင်းဖြစ်နိုင်သည်ဟု ရန်ကုန်မြို့တွင်း ဖွင့်လှစ်ထားသည့် မိုဘိုင်းဖုန်းဆိုင်အချို့မှ တာဝန်ရှိသူများက သုံးသပ်ပြောကြားသည်။

“ဆိုင်ကိုလာဝယ်တဲ့ ပုံမှန်ဖောက်သည်တွေထဲမှာ ဖုန်းပျောက်သွားလို့၊ ခိုးယူတာခံလိုက်ရလို့ နောက်ထပ်အသစ် လာဝယ်ရတဲ့သူတွေရှိတယ်။ တကယ်တမ်းကျရင် အခုနောက်ပိုင်း ဖုန်းတစ်လုံးရဲ့တန်ဖိုးက သိပ်မနည်းလှဘူး။ တချို့တွေဆိုရင် သူတို့ဖုန်းမဟုတ်ဘူးထင်တယ်ဗျ။ ဆိုင်ကိုလာပြီး ဖုန်းရဲ့လျှို့ဝှက်ကုတ်နံပါတ်တွေ မသိလို့ ဖြေရှင်းပေးပါဆိုပြီး လာတာတွေရှိတယ်” ဟု ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် မိုဘိုင်းဖုန်းဝန်ဆောင်မှုနှင့် အရောင်းဆိုင်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် တန်ဖိုးမြင့် စမတ်ဖုန်းများ အငှားယာဉ်ကဲ့သို့သော နေရာမျိုးပေါ်တွင် ကျန်ခဲ့ခြင်းများ ဖြစ်ပေါ်လာပါကလည်း ပြန်လည်မရရှိခြင်းက ပိုမိုများပြားကြောင်း သိရသည်။ “တက္ကစီပေါ်မှာကျန်ခဲ့ရင် မရတာကများတယ်။ ပြန်ပေးတဲ့သူက တော်တော်ရှားတယ်။ နည်းပညာမြင့်လာလေ လူတွေကပိုပြီး ကောင်းလာတဲ့ နည်းပညာနောက်ကိုပဲ လိုက်လေဆိုတော့ ဒီမှာလည်း တန်ဖိုးကြီးဖုန်းကို သုံးလာကြတာတွေ များလာတယ်။ တစ်ဖက်မှာလည်း ပျောက်ဆုံးတာတွေ၊ ခိုးယူလာတာတွေက ရှိနေတယ်။ မေ့ကျန်ခဲ့တာပဲဖြစ်ဖြစ်၊ ခိုးယူခံရတာပဲဖြစ်ဖြစ် သိသိချင်း ဖုန်းပြန်ဆက်ကြတဲ့အခါ ဖုန်းတွေက စက်ပိတ်ထားကြတာက များပါတယ်” ဟု ပြီးခဲ့သည့် လကုန်ပိုင်းက Samsung Galaxy S4 မိုဘိုင်းဖုန်းအိမ်ကို အငှားယာဉ်ပေါ်တွင် ကျန်ခဲ့ပြီး ပျောက်ဆုံးခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် လိုင်းကားများပေါ်တွင် တန်ဖိုးကြီးဖုန်းအိမ်များကို ရည်ရွယ်ချက်ဖြင့် လိုက်လံခိုးယူနေသည့်သူများ ပိုမိုများပြားလာနေခြင်းနှင့် တစ်ချိန်တည်းတွင် မန္တလေးမြို့တွင်လည်း ယင်းကဲ့သို့ အဖြစ်အပျက်များ ဖြစ်ပေါ်နေသည်ဟု သိရသည်။

“လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး မိတ်ဆွေတွေနဲ့ စကားပြောနေတုန်း ဖုန်းကိုစားပွဲပေါ်ချထားတာ။ ဒီလိုချထားတာတွေကို ရည်ရွယ်ချက်နဲ့ စောင့်ကြည့်နေတဲ့သူ ထင်ပါတယ်။ အမြန်ပြေးဝင်လာပြီး ဖုန်းကိုကောက်ယူပြီးပြေးတာ။ လိုက်မမီလိုက်ဘူး။ ဆိုင်ကယ်နဲ့ပြေးတာဆိုတော့ လွတ်သွားတယ်” ဟု မန္တလေးမြို့တွင်နေထိုင်သည့် အမျိုးသားတစ်ဦးက ၎င်း၏ဖုန်းလုယူခံရသည့် အဖြစ်အပျက်နှင့်ပတ်သက်ပြီး ဆိုသည်။

နည်းပညာထုတ်ကုန်များ၏ လုပ်ဆောင်မှုများ နေ့စဉ်နှင့်အမျှ ပိုမိုမြင့်တက်လာခြင်းကြောင့် မိုဘိုင်းဖုန်းအသုံးပြုသူအများစုသည် တစ်နေ့တာ လုပ်ငန်းဆိုင်ရာကိစ္စများနှင့် ပုဂ္ဂလိကလူမှုရေးကိစ္စရပ်များကို ၎င်းတို့၏ စမတ်ဖုန်းများတွင် သိမ်းဆည်းထားလာကြသည်။ ထို့ကြောင့် စမတ်ဖုန်းပျောက်ဆုံးမှုများ ဖြစ်ပေါ်လာပါက အဆိုပါဖုန်းများထဲတွင် မှတ်သားထားသည့် အရေးကြီးအချက်အလက်များကိုလည်း မကြာခဏဆိုသလို ဆုံးရှုံးမှုများဖြစ်ပေါ်နေသည်ဟု သိရသည်။
အသစ်တင်တိုင်းဖတ်ချင်တယ်ဆိုရင်တော့ pages ကိုသွားရောက်လေ့လာနိုင်ပါတယ်...အဆင်မပြေတာရှိရင်လည်း ချက်ခန်းမှာပြောထားခဲ့လို့ ရပါတယ်.
Admin lwan saung(1)
facebook -lwan saung 
website http://www.lwansulay.co.vu/ 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်