အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » လွန်ခဲ့တဲ့ ၁၈.၆.၂၀၁၄ နေ့ ဖတ်ခနုံနယ်မြေတရားရုံးက Andy Hal တရားရုံးမှ ပြန်ပြီးလွတ်မြောက်လာသော သတင်း

လွန်ခဲ့တဲ့ ၁၈.၆.၂၀၁၄ နေ့ ဖတ်ခနုံနယ်မြေတရားရုံးက Andy Hal တရားရုံးမှ ပြန်ပြီးလွတ်မြောက်လာသော သတင်း

Written By MyanmarChnnel@ on Monday, June 23, 2014 | 1:33 AM


 

l လွန်ခဲ့တဲ့ ၁၈.၆.၂၀၁၄ နေ့ ဖတ်ခနုံနယ်မြေတရားရုံးက Andy Halကို အသရေဖျက်မှုနဲ့တရားစွဲတာ ရုံးတင် စစ်ဆေးဖို့လက်ခံလိုက်ပါတယ်။ တရားလိုက Natural Fruit Co.ltd လို့ခေါ်တဲ့ ပရာကျွပ်ခီရီခန်ခရိုင်က နာနတ် သီးစည်သွပ်စက်ရုံပါ။ ဒီစက်ရုံမှာ မြန်မာအလုပ်သမားတွေထောင်နဲ့ချီပြီး အလုပ်လုပ်နေပါတယ်။ အဲ့ဒီက မြန်မာ အလုပ်သမားတွေကတော့ ဒီစက်ရုံကို စော်စော်ရုံလို့ခေါ်ကြပါတယ်။ စက်ရုံပိုင်ရှင်က ထိုင်းလိုလွှတ်တော်အမတ် ကို အတိုကောက်ခေါ်တဲ့ စော်စော်ဆို
တာအစွဲပြုပြီး ဒီလိုခေါ်ကြတာပါ။ ဒီစက်ရုံပိုင်ရှင်က ယခင်ဒီမိုကရက်ပါတီ အစိုးရဖြစ်စဉ်
တုံးက အလုပ်သမားဝန်ကြီးဖြစ်ခဲ့သူပဲဖြစ်ပါတယ်။

အမှုကတော့ အဲ့ဒီနာနတ်သီးစက်ရုံမှာအလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေကို Andy Hall ကသွားရောက် တွေ့ဆုံပြီး အင်တာဗျူးလုပ်ပါတယ်။ စည်သွပ်စက်ရုံတွေရဲ့ လုပ်ငန်းခွင်အခြေအနေနဲ့အလုပ်သမားအခွင့်အရေး ဆိုင်ရာအတွက် စစ်တမ်းတစ်ခုလုပ်ဖို့ဖြစ်ပါတယ်။ ဒီစစ်တမ်းဟာ မဟာချိုင်မှာရှိတဲ့ငါးသေတ္တာစက်ရုံ၂ရုံနဲ့ ပရာကျွပ်ခီရီခန်မှာရှိတဲ့ ဖေါ်ပြပါနာနတ်သီးစည်သွပ်ရုံတို့မှာအလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေနဲ့ တွေ့ဆုံ မေးမြန်းပြီး ထုတ်ပြန်ခဲ့ပါတယ်။ အဲ့လိုတွေ့ဆုံမေးမြန်းရာမှာ စက်ရုံတိုင်းမှာ အလုပ်သမားအခွင့်အရေးနဲ့လုပ်ငန်း ခွင်အခြေအနေ အနည်းနဲ့အများဆိုသလို ချိုးဖေါက်တာ ဆိုးဝါးတာတွေ့ရှိခဲ့ပါတယ်။ နာနတ်သီးရုံကတော့ အဆိုး ဆုံးပါပဲ။ လုပ်အားခကို ဥပအေတိုင်း အပြည့်အ၀မပေးတာ၊ အသက်မပြည့်တဲ့ကလေးတွေကိုခိုင်းစေတာ၊ စာရွက်စာတမ်းတွေသိမ်းထားတာ၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရာတာ စတဲ့အချက်ပေါင်းများစွာ ဖြစ်နေခဲ့ပါတယ်။

အဲ့လိုတွေ့ဆုံမေးမြန်းပြီး စစ်တမ်းကို အများပြည်သူနဲ့နိုင်ငံတကာသိအောင်ထုတ်ပြန်ခဲ့ပါတယ်။ အထူးသဖြင့် ဒီစက်ရုံတွေကထွက်ကုန်ကို ၀ယ်ယူနေတဲ့နိုင်ငံတွေသိအောင်ထုတ်ပြန်ခဲ့ပါတယ်။ အဲ့လိုထုတ်ပြန်ပြီးတဲ့နောက် မှာ မဟာချိုင်မှာရှိတဲ့ ငါးသေတ္တာစက်ရုံ၂ရုံကတော့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ပေးခဲ့ပါတယ်။ သို့သော် ဖေါ်ပြပါနာနတ်သီးစက်ရုံကတော့ ငြင်းဆန်ခဲ့ပြီး သူ့စက်ရုံဟာ အင်မတန်ကောင်းကြောင်း၊ ဘာအခွင့်အရေးမှ မချိုးဖေါက်ကြောင်း တုံ့ပြန်ပြောဆိုခဲ့ပြီး ဒီစစ်တမ်းကိုပြုလုပ်ခဲ့တဲ့ Andy Hall ကို အသရေဖျက်မှုအတွက် ရာဇ ၀တ်ကြောင်းအရရော တရားကြောင်းအရပါ စုစုပေါင်း အမှု၃မှု စွဲဆိုခဲ့ပါတယ်။

Andy Hall ဆိုတာ ဘယ်သူလဲ လို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအားလုံး နီးပါးက မသိရှိကြပါဘူး။ ဒါပေမဲ့ Andy Hall ကတော့ အလုပ်သမားအားလုံးအတွက်အကျိုးကျေးဇူးရှိစေမယ့်အကြောင်းအရာပေါင်း များစွာကို နှစ်ပေါင်းများစွာလုပ်ပေးဖူးခဲ့ပါတယ်။ လုပ်ငန်းခွင်မှာထိခိုက်ဒဏ်ရာရသူတွေကိုနစ်နာကြေးရဖို့၊ ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးဌာန(ပကန်စန်ခုမ်) ကို မြန်မာအလုပ်သမားတွေမပေးဝင်လို့ တရားစွဲတာ၊ ILO မှာ ထိုင်းအစိုးရက ခွဲခြားဆက်ဆံမှုပြုလုပ်ကြောင်းကို ထိုင်းအလုပ်သမားသမဂ္ဂနဲ့ပူးပေါင်းပြီး စွဲချက်တင်ခဲ့တာ၊ အလုပ်သမားတွေကိုယ်ပိုင်နာမည်နဲ့ ယာဉ်ပိုင်ဆိုင်ခွင့်ရဖို့၊ ယာဉ်မောင်းလိုင်စင်လုပ်ဖို့ အတွက် ဆောင်ရွက်ခဲ့တာ၊ ယာယီပတ်စ်ပို့ပြုလုပ်ချိန်မှာ ခေါင်းပုံဖြတ်အမြတ်ထုတ်တာတွေကိုမီးမောင်းထိုးပြပြီး ဈေးလျော့စေခဲ့တာ၊ သံရုံးမှာယာယီပတ်စ်ပို့သက်တမ်းတိုးလုပ်တုန်း က ဈေးလျော့အောင်လုပ်ပေးခဲ့တာ၊ ရေထွက်ကုန်လုပ်ငန်းတွေမှာ အဓမ္မစေခိုင်းတာတွေကိုမီးမောင်းထိုးခဲ့တာ များစွာ များစွာ လုပ်ပေးခဲ့သလို အခုချိန်ထိလည်း လုပ်ပေးနေဆဲပါပဲ။

အထူးသဖြင့် မြန်မာအလုပ်သမားအရေးကို မြန်မာအလုပ်သမားတွေကိုယ်တိုင်ဆောင်ရွက်နိုင်ဖို့ ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန်ရက် Migrant Worker Rights Network (M.W.R.N) စတင်ဖွဲ့စည်းဖို့၊ ရပ်တည် နိုင်ဖို့ကို ကြိုးစားပြုလုပ်ပေးခဲ့သူလည်းဖြစ်ပါတယ်။ ယခုအချိန်ထိလည်း MWRNရဲ့ နိုင်ငံတကာရေးရာအကြံပေး အဖြစ် မဟာချိုင်ရုံး၊ ရန်ကုန်ရုံးတို့အတွက် ဆောင်ရွက်ပေးနေသူဖြစ်ပါတယ်။ ဆိုခဲ့ပြီးသလို ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် အလုပ်ပေါင်းများစွာလုပ်ပေးခဲ့သူ၊ ခံစားခွင့်များစွာရရှိအောင်လုပ် ပေးခဲ့သူတစ်ယောက်ဖြစ်တဲ့ Andy Hall ကတော့ ယနေ့အချိန်မှာ ထိုင်းနိုင်ငံထဲကနေ အမှုမပြီးမချင်း ဘယ်ကိုမှ သွားလို့မရတော့ပါဘူး။ တရားရုံးအချုပ်ကနေ သူ့ကို အာမခံနဲ့ထုတ်ထားရပါတယ်။ ပတ်စ်ပို့ကိုလည်း တရာရုံးက သိမ်းထားပါတယ်။ သူ့ကို တရားရုံးက အာမခံနဲ့ထုတ်ပေးခဲ့သူတွေဟာ တခြားလူတော့မဟုတ်ပါဘူး။ ထိုင်းနိုင်ငံ အေးခဲပင်လယ်စာထုတ်လုပ်ငန်းရှင်များအဖွဲ့(TFFA) နဲ့ တူနာငါးသေတ္တာလုပ်ငန်းရှင်များအဖွဲ့(TTIA) တို့ပဲဖြစ် ပါတယ်။
Andy Hall ကို မတရားစွဲဆိုထားတဲ့အမှုတွေကနေ အမြန်ဆုံးလွတ်မြောက်ဖို့ M.W.R.N က လှိုက်လှိုက်လှဲလှဲ ဆန္ဒပြုလိုက်ပါတယ်။
အားလုံးအဆင်ပြေပါစေ အဆင်မပြေတာလေးရှိရင်တော့ CBOX  လေးမှာ ပြောထား
ခဲ့လို့ ရပါတယ် ။သစ်တင်တိုင်းFB က ဖတ်ချင်တယ်ဆိုရင်တော့ page လေးကိုသွားရောက်ဖတ်ရှူနိုင်ပါတယ်

 
Admin -lwan saung

 
website - http://lwansulay.blogspot.com/  


 (လွမ်းဆုလေး)
website  http://lwansaung.blogspot.com/
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်