ထိုင်းသတင်းဘာသာပြန်ပါ။
ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် က
အလုပ်ရှာဖွေရေးအေဂျင်စီပေါင်း၂၀၀ကျော်ကို ခေါ်ယူ၍
လူကုန်ကူးမှုတိုက်ဖျက်ရေးမူဝါဒရှင်းလင်းခြင်းနှင့် အကျိုးဆောင်ခလျှော့ချရန်
ညှိနှိုင်းခြင်း
၂၀၁၄ခုနှစ် ဇွန်လ၂၂ရက်နေ့ မွန်းလွဲ၂နာရီတွင်
ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဖြစ်သူ နိုင်ကျီရစက်
စုခထနချာ့တ် က အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီပေါင်း ၂၀၀ကျော်ကိုခေါ်ယူခဲ့ပြီး
ထိုင်းနိုင်ငံသို့ အလုပ်သမားတင်သွင်းမှုနှင့်ပတ်သက်သောမူဝါဒကို
ရှင်းလင်းခဲ့ပါသည်။
အထူးသဖြင့် လုပ်ငန်းရှင်များအနေဖြင့်
ရွှေ့ပြောင်းအလုပ်သမားများအပေါ်တွင်
တရားမျှတစွာဆက်ဆံမှုပြုလုပ်ရန်ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံအနေ ဖြင့်
လူကုန်ကူးမှုဆိုင်ရာနှင့် ရွှေ့ပြောင်းအလုပ်သမားများအပေါ်တွင် ခေါင်းပုံဖြတ်၊
အမြတ်ထုတ်မှုများရှိနေ ကြောင်း စွပ်စွဲ ပြစ်တင်မှုများခံနေရသည်။ ထို့ကြောင့်
အလုပ်သမားများအပေါ် အကျိုးဆောင်ခယူရာတွင် လျှော့ ယူရန်ညွှန်ကြားခဲ့ပြီး
အလုပ်ရှာဖွေရေးဌာန(DoE) အနေဖြင့်ဖြင့်လည်း စာရွက်စာတမ်းခများကို
လျှော့ပေါ့ပေးရန်၊ ပြုလုပ်ရန်အဆင့်ဆင့်များကိုဖြေလျှော့ပေးရန် နှင့်
ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းများလျှော့ချရန် ညွှန်ကြားထား ကြောင်းရှင်းပြသည်။
ထို့အတူ ရွှေ့ပြောင်းအလုပ်သမားကိစ္စရပ်များနှင့်ပတ်သက် စပ်ဆက်နေသည့် ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိ သူများနှင့်လည်း အစည်းအဝေးပြုလုပ်ခဲ့ပြီး လူကုန်ကူးမှုတွင်ဆက်နွယ်ပတ်သက်မှုများပြုလုပ်ကြောင်းစစ်ဆေး တွေ့ရှိလျှင် ပြင်ထန်စွာအရေးယူမည်
ဟုသတိပေးခဲ့ကြောင်း ပြောကြားသည်။ အေဂျင်စီများအနေဖြင့်
အစိုးရတာ ၀န်ရှိယူများက လာဘ်တောင်းခံလာလျှင် တိုင်ကြားနိုင်ကြောင်းနှင့်
လူကုန်ကူးမှုတွင် ပတ်သက်ဆက်နွယ်မှုရှိ ကြောင်းတွေ့ရှိလျှင်
လိုင်စင်ရုတ်သိမ်းပြီး အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်။
အတွင်းဝန် နိုင်ကျီရစက် က ယခုအခါ ထိုင်းနိုင်ငံသည် နိုင်ငံတကာအလယ်၌
လူကုန်ကူးမှုနှင့်ပတ်သက်၍ ပြစ် တင်စွပ်စွဲမှုများခံနေရသည့်အပြင်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာ
န၏ လူကုန်ကူးမှုအစီရင်ခံစာ၌ အဆိုးဝါး
ဆုံးဖြစ်သော အဆင့်၃ (Tier3) အဖြစ် သတ်မှတ်ခြင်းခံနေရပြီဖြစ်ကြောင်း၊
ကလေးအလုပ်သမားခိုင်းစေခြင်းနှင့် အဓမ္မခိုင်းစေခြင်းတို့ကို
သကြား၊ငါး၊ပုစွန်၊ချည်ထည်၊ညစ်ညမ်းမီဒီယာ စသည့်လုပ်ငန်း ၅မျိုးတွင်
ပြုလုပ်နေ ကြောင်း ထုတ်ပြန်ခံခဲ့ရသည်ဟု ရှင်းလင်းပြောကြားခဲ့သည်။
မည်သို့ပင်ဖြစ်စေ ပြီးခဲ့သည့်ကာလများ၌ ဌာနဆိုင် ရာအသီးသီးက
လူကုန်ကူးမှုနှင့်ပတ်သက်၍ အလေးထားဖြေရှင်းလုပ်ဆောင်ခဲ့ကြောင်း၊
အမေရိကန်အစိုးရက အဆင့်အတန်းသတ်မှတ်ခြင်းမြင့်မားမှုကို
လိုက်လျောညီထွေမှုရှိစေရန် မိမိတို့ကလည်း ပြုပြင်ပြောင်းလဲမှုများ
လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိဂုံးချုပ်အနေဖြင့် နိုင်ကျီရစက် က ယခုအချိန်ထိ အမေရိကန်အစိုးရအနေဖြင့်
မိမိတို့နိုင်ငံအပေါ် ပြင်ထန်သော အရေးယူမှုပြုလုပ်ရန်
ကြေငြာချက်မထုတ်ပြန်သေးကြောင်း၊ ထို့ကြောင့် ကောလာဟလများကြောင့် ထိတ်လန့်
မှုများဖြစ်ပွားရန်မလိုကြောင်း၊ စီးပွားရေးထိခိုက်မှုများစိုးရိမ်ရန်
မလိုကြောင်း ပြောကြားခဲ့ပါသည်။
0 comments:
Post a Comment