အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ဝန်ကြီး ဦးသာအေး ကို ဆန္ဒပြကြ

ဝန်ကြီး ဦးသာအေး ကို ဆန္ဒပြကြ

Written By MyanmarChnnel@ on Wednesday, June 25, 2014 | 1:52 AM

တရုတ်ဝမ်ပေါင်နဲ့  စစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီတို့ ဆောင်ရွက်နေတဲ့ ကြေးနီ စီမံကိန်းကြောင့် လက်ပံတောင်း တောင်ဒေသခံတွေ စားဝတ်နေရေး တစထက်တစ ခက်ခဲလာတဲ့ အတွက် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး ကို ဒေသခံတွေက ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီဒေသမှာ စာသင်ကျောင်း ဖွင့်ပွဲတက်ဖို့  မနေ့ကလာရောက်ချိန်မှာ ဆန္ဒပြကြတာ ဖြစ်တယ်လို့  
လက်ပံတောင်း ဒေသခံဆရာတော် ဦးစန္ဒာသီရိကမိန့် ပါတယ်။

"ဒေသက ဖွံ့ဖြိုးရေးတွေ ဘာတွေ နိုင်ငံတော်ကနေ လုပ်ပေးပေမဲ့ ဒီအခု လက်ပံတောင်းကြေးနီ 
စီမံကိန်းကြောင့် ဆင်းရဲဒုက္ခရောက်နေတဲ့ ဒီလယ်သမားတောင်သူတွေရဲ့ အရေးကိုလည်း ဖြေရှင်းပေး 
ဖို့ပေါ့နော် ဒေသခံတွေကနေပြီးတော့ မိမိတို့ရဲ့ ဆန္ဒတွေကို ဆောင်ပုဒ်ကိုင်ဆောင်ပြီးတော့ 
ဝန်ကြီးလာမဲ့လမ်းကနေ တင်ပြတာပေါ့"

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ရဲ့ ခရီးစဉ်မှာလိုက်ပါလာတဲ့ စစ်ကိုင်းတိုင်း နယ်စပ်ဒေသ လုံခြုံရေးဝန်ကြီး 
ဗိုလ်မှူးကြီးကြည်နိုင်ကိုလဲ ဆည်တည်းရွာသူ ဒေါ်ရည်ဝင်းက စီမံကိန်းကြောင့် လယ်တွေလုပ်ခွင့် မရတော့တဲ့အတွက် သားဖြစ်သူကိုကျောင်းမထားနိုင်တော့တဲ့အကြောင်းနဲ့  စားဝတ်နေရေး 
ကြပ်တည်းနေပြီဆိုတဲ့အကြောင်းလိုက်ကြည့်ဖို့  လက်ဆွဲခေါ်ယူခဲ့တယ်လို့လဲ ဆရာတော် ဦးစန္ဒာသီရိကမိန့် ပါတယ်။

"စစ်ကိုင်းတိုင်းဝန်ကြီးတစ်ယောက်က သူကဦးစီးပြီးတော့ပေါ့ တောင်သူလယ်သမားတွေရဲ့ ခြံစည်းရိုးတွေကို ခတ်တယ်လို့ ဒါဒေသခံတွေသိရတဲ့အတွက်ကြောင့် ဝန်ကြီးအနေနဲ့ လယ်သမားတွေရဲ့ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေကို လိုက်ကြည့်လှည့်ပါအုံး ဆိုပြီးတော့ ဆွဲခေါ်တယ်"

အဲဒီနောက် ရွာသားတွေရဲ့ဆန္ဒပြပွဲကို ငြိမ်းချမ်းစွာရုပ်သိမ်းလိုက်တယ်လို့ သိရပါတယ်။

အဲ့ဒီသတင်းကို သစ်ထူးလွင်ဆိုဒ်မှပြန်လည်မျှဝေထားပါတယ်
Admin -lwan saung
 
website - http://lwansulay.blogspot.com/  


 (လွမ်းဆုလေး) 
website  http://lwansaung.blogspot.com/








Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်