အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ရွှေ့ပြောင်းအလုပ်သမားများမှတ်ပုံတင်ပြုလုပ်ခြင်း(ONE STOP SERVICE) အတွက်သတင်းထုတ်ပြန်ချက်

ရွှေ့ပြောင်းအလုပ်သမားများမှတ်ပုံတင်ပြုလုပ်ခြင်း(ONE STOP SERVICE) အတွက်သတင်းထုတ်ပြန်ချက်

Written By MyanmarChnnel@ on Thursday, June 26, 2014 | 5:11 AM

 


ရွှေ့ပြောင်းအလုပ်သမားများမှတ်ပုံတင်ပြုလုပ်ခြင်း(ONE STOP SERVICE) အတွက်သတင်းထုတ်ပြန်ချက်

၂၆ ဇွန် ၂၀၁၄ မွန်းလွဲ၁နာရီ စင်ထရယ်ပလေ့စ်ဟိုတယ် စမွတ်စခွန်ခရိုင်


နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုထိန်းသိမ်းရေးအဖွဲ့၏ ရွှေ့ပြောင်းအလုပ်သမားများစနစ်တကျစီမံရေးမူဝါဒအရ ရွှေ့
ပာင်းအလုပ်သမားများကို
 လူ့အခွင့်အရေး၊လူ့ယဉ်ကျေးမှုစံနှုန်းများနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် အတွက်လည်းကောင်း၊ 
ဥပဒေချိုးဖေါက်မှု၊ မတရားစေခိုင်းမှု၊ လူကုန်ကူးမှု၊ တရားမ၀င်ခိုးဝင်နေထိုင်မှု၊ မူးယစ် ဆေးဝါးပြဿနာ၊ 
ရာဇ၀တ်မှုပြဿနာ အစရှိသည်တို့မှကာကွယ်ရန်အတွက် ဥပဒေနှင့်အညီ 
မှန်ကန်စွာမှတ်ပုံ တင်ပြုလုပ်ပေးမည်ဖြစ်သည်။

စမွတ်စာခွန်ခရိုင်မှူးဖြစ်သော ရဲဗိုလ်မှူးအာထစ် ဘွန်ယစိုဖတ် သည် အထက်ပါမူဝါဒနှင့်အညီပြုလုပ်နိုင်ရန် 

မှတ်ပုံ တင်ပြုလုပ်ရန်အတွက် (ONE STOP SERVIC) အဖွဲ့စုံဝန်ဆောင်ရေးဌာနကို ဖွင့်လှစ်ပေးမည်ဖြစ်ပြီး 
စမွတ်စာခွန် ခရိုင်အတွင်းရှိ တရားမ၀င်အလုပ်သမားများကို တရားဝင်အဖြစ်မှတ်ပုံတင်ပြုလုပ်ရန် 
စီစဉ်လျက်ရှိပါသည်။ ၎င်း (ONE STOP SERVIC) အဖွဲ့စုံဝန်ဆောင်ရေးဌာနကို ဇွန်လ၃၀ မှ ဇူလိုင်လ၃၀ 
ရက်နေ့အထိ လူမှုဖူလုံရေးဌာန (ပကန်စန်ခုမ်)ရုံးသစ်တည်ရှိရာ ထေ့စဘန်၈လမ်း မဟာချိုင်နယ်မြေ 
စမွတ်စာခွန်ခရိုင်တွင်ဖွင့်လှစ်၍ နေ့စဉ် နံနက် 8:30 မှ ညနေ 4:30အထိ ပိတ်ရက်မရှိ 
လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။ ထို့ကြောင့်မှတ်ပုံတင် မပြုလုပ်ရသေးသော မြန်မာ၊လာအို၊
ကမ်ပူးချားနိုင်ငံသား အလုပ်သမားများကို ငှားရမ်းလုပ်ကိုင်နေသည့် အလုပ်ရှင်/အလုပ်ရုံများအနေဖြင့် 
အလုပ်ကြမ်းနှင့်အိမ်ဖေါ်အလုပ်သမားအဖြစ် လာ ရောက်မှတ်ပုံတင်ပြု လုပ်နိုင်ပါသည်။ 
၎င်းအဖွဲ့စုံဝန်ဆောင်ရေးဌာနတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဌာနက
 ထောရော၃၈/၁ ကို ပြုလုပ်ပေးမည်ဖြစ်ပြီး၊ စမွတ်စာခွန်ခရိုင်အလုပ်ရှာဖွေရေးဌာနက 
အလုပ်လုပ်ခွင့်လက်မှတ် ကို ပြုလုပ်ပေးမည်။
ကျန်းမာရေးစစ်ရန်နှင့်ကျန်းမာရေးအာမခံလက်မှတ်အတွက် ဆေးရုံများက 
လာရောက်လုပ် ဆောင်ပေးမည်ဖြစ် သည်။ ထိုသို့ပြုလုပ်ရာတွင်
 မြန်ဆန်ရေး၊ ပြုလုပ်သည့်အဆင့်များလျော့နည်းရေး၊ သက်သာ ရေးနှင့် ပွင့်လင်းမြင် 
သာရှိရေး အတွက် အထူးဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယခင်ကထက်
 ငွေကုန်ကြေးကျ သက်သာမှုရရှိစေ 

မည်ဖြစ်သည်။ ထို့ကြောင့် ဖေါ်ပြပါ၃နိုင်ငံသားအလုပ်သမားများကို ငှားရမ်းလုပ်ကိုင်နေသော အလုပ်ရှင်/ အလုပ်ရုံများအနေဖြင့် ဤကြေငြာချက်ပါနေရာနှင့်အချိန်အတိုင်း လာရောက်၍မှတ်ပုံတင်ခြင်းပြုလုပ် ကြပါရန် အသိပေးကြေငြာအပ်ပါသည်။
မှတ်ချက်။ ။ 
တရားဝင်ဘာသာပြန်မဟုတ်ပါ။http://www.policy.doe.go.th/ebookdoc/020400013858_0.pdfMWRNမှအနီးစပ်ဆုံး ဘာသာပြန်ဆိုပါသည်။
မူရင်း ပြည့်စုံကို ဖတ်ချင်ရင်တော့ MWRN   သွားရောက်ဖတ်ရှူနိုင်ပါတယ်။
Admin -lwan saung

website - http://lwansulay.blogspot.com/ 

(လွမ်းဆုလေး) 
website http://lwansaung.blogspot.com/
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်