အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » ရင် နင့် ဖွယ် ရာ့ မေ့ မေ တ္တာ

ရင် နင့် ဖွယ် ရာ့ မေ့ မေ တ္တာ

Written By MyanmarChnnel@ on Saturday, June 7, 2014 | 11:46 PM


Myawady News
ရင် နင့် ဖွယ် ရာ့ မေ့ မေ တ္တာ

ဒီဆောင်းပါးလေးနဲ့ မေမေနဲ့တကွ အမေများအားလုံးကို ဂုဏ်ပြုလိုက်ပါတယ်။ (ဖတ်ပြီး လို့ကောင်းတယ် ထင်ရင်တော့ ရှယ်ပေးဖို့မမေ့ပါနဲ့)
ဂျပန်နိုင်ငံမှာ ငလျင်အကြီးအကျယ်လှုပ်ပြီးတဲ့ နောက်တစ်နေ့မှာ ကယ်ဆယ်ရေး နဲ့ ပြန်လည်ထူထောင် ရေးလုပ်ငန်းတွေကို ဆောင်ရွက်ကြပါတယ်..။

ကယ်ဆယ်ရေးသမားတွေဟာ ပျက်စီးနေတဲ့ အမျိုးသမီး တစ်ဦးရဲ့ အိမ်ကိုရောက်တဲ့အခါမှာ.. အဆောက်အဦအပုံပျက်များကြားထဲက သေဆုံးနေတဲ့ အမျိုးသမီး အလောင်း ကို တွေ့ရှိခဲ့ ရပါတယ်..။
 
ဒါပေမယ့် သူမသေဆုံးနေတဲ့ပုံစံက ထူးခြားလို့နေပါတယ်..။ သူမဟာ မြေပေါ်ကို ဒူးထောက်ထားပြီး ၀တ်ပြုနေတဲ့ ပုံစံရှိပါတယ်..။ သူမရဲ့ ခန္ဓာကိုယ်ဟာ ရှေ့သို့ ညွှတ် ကိုင်းနေပြီး လက်နှစ်ဘက်ကတော့ ပစ္စည်းတစ်ခုကို ထောက်မထားပါတယ်..။
 
အခက်အခဲပေါင်းများစွာနဲ့..၊ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်ဟာ လက်တစ်ဝင်စာ အပေါက်ငယ်လေး ထဲကနေ အဆိုပါ အမျိုးသမီးအလောင်းကို ထုတ်ယူနိုင် ဖို့ကြိုးစား ပါတယ်..။
 
သူတို့ ဒီအမျိုးသမီး အသက်ရှင်နေလိမ့်အုံးမယ်လို့ မျှော်လင့်ဆဲပါ.။ ဒါပေမယ့် သူ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကို ထိမိလိုက်တဲ့ အချိန် မှာတော့ အေးစက်ပြီးတောင့် ခဲနေတဲ့အမျိုးသမီးရဲ့ ခန္ဓာကိုယ်က သူမသေဆုံးကြောင်းကို သက်သေပြလို့နေခဲ့ပါပြီ.။
 
သူတို့ဟာ လက်လျှော့လိုက်ပြီး တစ်ခြားမှာ ပိတ်မိနေတဲ့သူတွေကို အကူအညီပေး ဖို့ ပြင်လိုက်ကြပါတယ်..။ ဒါပေမယ့်…. ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်ဟာ တစ်စုံ တစ်ယောက် က သူ့ကို သေချာပြန်ကြည့်ဖို့ ဆွဲဆောင်နေတယ်လို့ ထင် တာကြောင့် သေချာအောင် သေဆုံးနေတဲ့ အမျိုးသမီးကို အပေါက်ထဲကနေ ပြန် ကြည့်လိုက် ပါတယ်..။
 
ရုတ်တရက်ပဲ… သူစိတ်လှုပ်ရှားစွာနဲ့ အော်လိုက်မိပါတယ်..
"ကလေး… ဒီမှာ ကလေးတစ်ယောက် ရှိနေတယ်…"
ကယ်ဆယ်ရေးအဖွဲ့တွေဟာ တက်ညီလက်ညီနဲ့ ပိတ်နေတဲ့ အဆောက်အဦပျက်တွေ အပိုင်းအစတွေကိုဖယ်ရှားကြပါတယ်..။
 သေဆုံးနေတဲ့ အမျိုးသမီးရဲ့ အောက်မှာတော့ ပန်းပွင့်တွေပါတဲ့ စောင်လေးနဲ့ ထုပ်ပိုးထားတဲ့ သုံးလအရွယ် ကလေးလေးတစ်ယောက်ရှိနေပါတယ်..။
 
အမေဖြစ်သူက သူ့ကလေးအသက်ရှင်ဖို့အတွက် နောက်ဆုံးအချိန်ထိ အသက်စွန့်ခဲ့ တာပါ..။ အိမ်ပြိုကျတဲ့အချိန်မှာ.. သူမဟာ သူမရဲ့ခန္ဓာကိုယ်ကို ကလေးအတွက် အကာ အကွယ်အဖြစ် ပြုလုပ်ပေးခဲ့တာပါ..။
 
ကယ်ဆယ်ရေး ခေါင်းဆောင်ဟာ ကလေးဖြစ်သူကို ကောက်ချီလိုက်ချိန်မှာတော့ ကလေးဟာ နှစ်ခြိုက်စွာ အိပ်မောကျလျက်ရှိပါတယ်..။ဆရာဝန်တွေ အပြေးအလွှားရောက် လာပြီး ကလေးငယ်ကို ပြုစုပေးကြပါတယ်..။
 
ကလေးကို ထုပ်ပိုးထားတဲ့ အနှီးကို ဖွင့်လိုက်တဲ့အခါမှာ.. အနှီးထဲမှာ ဖုန်းလေး တစ်လုံးကို တွေ့လိုက်ရတယ်..။ အဲ့ဒီဖုန်းမှာ မက်ဆေ့(စ်) တစ်ကြောင်းရှိနေ ပါတယ်..။
"သားတစ်ကယ်လို့ အသက်ရှင်ခဲ့မယ်ဆိုရင်.. အမေသားကို ဘယ်လောက်ချစ်တယ်ဆိုတာ မမေ့ပါနဲ့…"
 
ဒီဖုန်းလေးဟာ တစ်ယောက်ကနေ တစ်ယောက်ဆီ လက်ဆင့်ကမ်းရောက်သွားပြီး ဖတ်မိသူတိုင်း မျက်ရည် မထိန်းနိုင်ခဲ့ကြပါဘူး..။
 
"သားတစ်ကယ်လို့ အသက်ရှင်ခဲ့မယ်ဆိုရင်.. အမေသားကို ဘယ်လောက်ချစ်တယ်ဆိုတာ မမေ့ပါနဲ့…" တဲ့….။
သြော်… အမေ့မေတ္တာ…. ကြီးမားလှချေလားဗျာ…။
အောင်ထွန်းဦး
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်