အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ကိုယ်ပိုင်ဟန်နဲ့ ရုပ်ရှင်ကားကြီးမှာ သရုပ်ဆောင်မယ့် ရဲရင့်အောင်

ကိုယ်ပိုင်ဟန်နဲ့ ရုပ်ရှင်ကားကြီးမှာ သရုပ်ဆောင်မယ့် ရဲရင့်အောင်

Written By MyanmarChnnel@ on Friday, June 20, 2014 | 4:53 AM


သရုပ်ဆောင်အဖြစ် ရပ်တည်သွားရန် အစီအစဉ်မရှိသော်လည်း ဘိုဘိုအင်တာတိန်းမန့်မှ စီစဉ်သည့် ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်သရုပ်ဆောင်ရန် လက်ခံထားကြောင်း ရဲရင့်အောင်ကပြောသည်။
‘‘ငယ်ငယ်ကတည်းက ဘိုဘိုအန်တာတိန်းမန့်နဲ့ သီချင်းတွေ အမြဲလုပ်ဖြစ်တယ်။ သူတို့ စီစဉ်တဲ့ပွဲတွေမှာလည်း ဆိုဖြစ်တယ်။ အခုရုပ်ရှင်ရိုက်မယ်၊ အတူရိုက်ရမယ့်သူတွေကလည်း စီနီယာတွေ ဂီတလောကထဲက လူတွေပဲ ဆိုတော့ ရိုက်ဖြစ်တယ်’’ဟု ရဲရင့်အောင်က ပထမဆုံးရုပ်ရှင် လက်ခံရိုက်ကူးရသည့်အကြောင်းကို ပြောသည်။
အဆိုပါရုပ်ရှင်တွင် ၎င်းနှင့်အတူ လွှမ်းပိုင်၊ Bobby Soxer၊ နန်းမြတ်ဖြိုးသင်းတို့ ပါဝင်သရုပ်ဆောင်မည်ဖြစ်ပြီး လူငယ်ဆန်ဆန် တက္ကသိုလ်ကျောင်းသား ဇာတ်ကားအဖြစ် ဒါရိုက်တာ ၀င်းလွင်ထက်က ရိုက်ကူးမည်ဟုဆို သည်။
ရုပ်ရှင်ကို ဇူလိုင်တွင် စတင် ရိုက်ကူးမည်ဖြစ်ပြီး သရုပ်ဆောင်ဘက်တွင် မကျွမ်းကျင်သော်လည်း တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်မည်ဟု ရဲရင့်အောင်က ပြောသည်။
‘‘ကျွန်တော်နေ့စဉ်ကြုံတွေ့ နေရတာတွေကို ဒီလိုဖီလင် ရင်ထဲကိုဝင်လာရင် ငါ့ပုံစံဒီလိုဖြစ်သွားတယ်ဆိုပြီး မှတ်ထားတယ်။ သဘာဝကျကျနဲ့ ကျွန်တော်လုပ်တတ်တာတွေကိုပဲ လုပ်မှာပါ’’ဟု ၎င်းကပြောသည်။
ယခင်က ဗီဒီယိုဇာတ်ကားများတွင် သရုပ်ဆောင်ရန် ကမ်းလှမ်းမှုများရှိသော်လည်း အဆင်မပြေသဖြင့် လက်ခံရိုက်ကူးနိုင်ခဲ့ခြင်းမရှိဘဲ မကြာမီရက်အတွင်းက ကိတ်မုန့်ကြော်ငြာတစ်ခု လက်ခံရိုက်ကူးခဲ့ကြောင်း ရဲရင့်အောင်ကပြောသည်။
လတ်တလောအနုပညာ လှုပ်ရှားမှုအနေဖြင့် ပထမဆုံး တစ်ကိုယ်တော်ခွေအတွက် သီချင်းများ စတင်ရေးနေကြောင်း ၎င်းကပြောသည်။
Admin - Lwan Su Lay
facebook - https://www.facebook.com/saunghnin.chitthu
website - http://lwansulay.blogspot.com/
http://lwansaung.blogspot.com/
(လွမ်းဆုလေး) 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်