အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ဓမ္မရောင်ခြည်ဓမ္မဒါနဖေါင်ဒေးရှင်း မိဘဆရာပူးပေါင်း

ဓမ္မရောင်ခြည်ဓမ္မဒါနဖေါင်ဒေးရှင်း မိဘဆရာပူးပေါင်း

Written By MyanmarChnnel@ on Thursday, July 17, 2014 | 12:19 AM







မင်္ဂလာပါ။အစစအရာရာအဆင်ပြေပါစေ။မနေ့ကရောက်ခဲ့တဲ့ကျောင်းလေးမှာသင်ကြားခဲ့ရတာစိတ်ချမ်း
 မြေ့စရာပါ။ရွာက မင်းရွာအသင်းရွာ။ သုံးခွမြို့နယ်ထဲမှာပါ။ သုံးခွမြို့ကနေတံတားမြို့ဘက်ကိုသွား၊ကဒပ်ပနရွာထိပ် ရောက်တော့စက်လှေဆိပ်ကိုဆင်း
၊စက်လှေနဲ့တစ်နာရီကျော်စီးမှ
ွာကိုရောက်တာပါ။ ရွာကိုမနက်(၁၀)နာရီရောက်တော့ ကျောင်းသူ၊ကျောင်းသား(၂၀၀)နဲ့မိဘ (၅၀)လောက် စုထားပေးထားပါတယ်။(၂)နာရီကျော်လောက်ဟောပြော၊ သင်ကြားခွင့်ရပါတယ်။ကလေးတွေကိုကျောင်းသူတဦးရဲ့ မိသားစုကအုန်းနို့ခေါက်ဆွဲလှူထားတယ်။ဓမ္မရောင်ခြည်က ဆရာ၊ဆရာမတွေအတွက် နည်းပြသင်တန်းဖိုင်တွေလှူပါတယ်။ကလေးတွေကိုဓမ္မကျောင်းတော်နဲ့ကဗျာအစုံ(၂၀၀)လှူပေး ခဲ့ပါတယ်။ဒီရွာလေးကိုလာဖြစ်ပုံကကျောင်းအုပ်ဆရာမကြီးနဲ့အဆက်အသွယ်ရတာပါ
။နွေရာသီမှာသင်တန်းဖွင့်ချင်တယ်တဲ့။
နွေရာသီထိစောင့်စရာမလိုဘဲနေ့စဉ်သင်နိုင်ကြောင်းရှင်းပြခဲ့ပြီး
ဆရာမနှစ်ဦးရန်ကင်းမှာနည်းပြသင်တန်း(၅)ရက်လာတက် ပါတယ်။သင်တန်းပြီးတော့ဆရာမတွေကိုဆင့်ပွားသင်ပေးပြီး၊ဒီနေ့ပွဲလေးဖြစ်လာပါတယ်။ကလေးတွေကိုပျော်ပျော်ရွင်ရွင်ရွင် သင်ကြားပေးခဲ့ပါတယ်။ နောက်နေ့ကစပြီး နေ့စဉ်ဆရာမတွေကဘုရားရှိခိုးပြီးတိုင်း(၁၅)မိနစ်လောက် မှန်မှန်သင်၊အိမ်ရောက်ရင်မိဘတွေကိုပြန်ဆိုပြ၊ ညကြရင် မိဘတွေနဲ့စုပေါင်းဘုရားရှိခိုး၊အဆုံးအမပေး၊ မိဘဆရာပူးပေါင်း ကလေးပညာကောင်းဆိုတာကိုနားလည်အောင်ရှင်းပြသင်ကြားပေးခဲ့ပါတယ်။မိဘတွေကိုကျောင်းပြီးဆုံးအောင်ကျောင်းထားပေးဖို့၊မြို့ပေါ်မှာပရဟိတကျောင်းတွေမှာအခမဲ့ကျောင်းတက်နိုင် ကြောင်းတိုက်တွန်းခဲ့ပါတယ်။ဒီကျောင်းလေးကတွဲဘက်အလယ်တန်းကျောင်းဖြစ်တော့(၈)တန်းထိသင်နိုင်တယ်။အနီးဆုံး အထက်တန်းကျောင်းက(၃)မိုင်ဝေးတယ်။လမ်းလျောက်တက်ရတာတဲ့။ရွာတွေမှာနွေမိုးဆောင်းဆိုင်ကယ်လောက်သွားနိုင်တဲ့ကျေးလက်လမ်းတွေလည်းအားနည်းဆဲပါ။ပညာတတ်တွေ တစ်နိုင်ငံလုံးဖြစ်ဖို့လုပ်စရာတွေမြောက်များစွာပါ။ဒီကျောင်းလေးကတော့လူတော်၊လူကောင်းလေးတွေမွေးထုတ်ပါတော့မယ်။ သုံးခွမြို့နယ်မှာရွာပေါင်း(၆၄)ရွာရှိပါသတဲ့။ကျောင်းတိုင်းမှာဖြစ်စေချင်ပါတယ်။ တစ်နိုင်ငံလုံးမှာဖြစ်လာစေချင်တာပါ။ မိတ်ဆွေတို့လည်းနီးစပ်ရာတိုက်တွန်းကြရအောင်။ ကျောင်းသားလေးတွေယဉ်ကျေးမှုသင်ခန်းစာတွေသင်ကြားခွင့်ရအောင်ဆောင်ရွက်ရင်းနေ့သစ်ကိုစလိုက်ကြရအောင်။
(အကူအညီလိုရင်။ ဓမ္မရောင်ခြည်ဓမ္မဒါနဖေါင်ဒေးရှင်း သိမ်ကြီးဈေး၊စီရုံအဆောင်4၊ပထပ်၊01382935၊ 095079674ကိုဆက်သွယ်လိုက်ပါ) 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်