အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ဗုဒ္ဒဘာသာ ၀င်ဖြစ်ရန်နှင့် ဗုဒ္ဒဘာသာ ၀င်တို့လိုက်နာရမည့် တာဝန် ၀တ္တရားတို့ကား အဘယ်နည်း။

ဗုဒ္ဒဘာသာ ၀င်ဖြစ်ရန်နှင့် ဗုဒ္ဒဘာသာ ၀င်တို့လိုက်နာရမည့် တာဝန် ၀တ္တရားတို့ကား အဘယ်နည်း။

Written By MyanmarChnnel@ on Tuesday, July 1, 2014 | 8:09 AM

    


ဗုဒ္ဒဘာသာ ၀င်ဖြစ်ရန်အတွက် လိုအပ်သော ပုဗ္ဖကရဏ (၀ါ) ရှေးဦးစွာ ပြည့်စုံလုံလောက် ရမည့် အရည်အချင်းတို့မှာ...

(၁) အကြောင်းနှင့်အကျိုးကို ဖြစ်မြဲ စေ၏။ အဓိပါယ် ကားကောင်းသော အကြောင်းသည် ကောင်းသော အကျိုး ၊ မကောင်းသော အကြောင်းသည် မကောင်းသော အကျိုး ကိုဖြစ်စေ တတ်၏။ အကြောင်းကို ငြိမ်းသတ်နိုင်မှ အကျိုးပြီးပြတ်နိုင်မည် ဟူရ်ျ  အကြောင်းအကျိုးတရားနှိုက် စွဲမြဲစွာ ယုံကြည် မှုကိုဆိုလိုသည်။

(၂) အရာအားလုံးသည် တစုံတခုသော ရှေးအကြောင်းကြောင့် ဖြစ်ပေါ်လာကြကုန်သည်။ ထို့ကြောင့် မမြဲသော သဘော အတ္တမှဆိတ် သော သဘောရှိ၏ ဟု သဘာဝကို အမှန်အတိုင်း သိမြင် ခြင်းတို့ပင် ဖြစ်ပေသတည်း။ က်ျ သို့သောဘာသာဝင် ဟူသော အမည်ကို မခံယူမီ ရှေးဦးစွာ ပြည့်စုံရမည့်  အရည်အချင်းဟု ဆိုအပ်သော ပုဗ္ဖကရဏကို ပြည့်စုံ စေပြီးသော် သရဏဂုံ ဆောက်တည် ဟုဆိုအပ်သော ပုဗ္ဖကိစ္စ ဟူသော မင်္ဂလာ အခမ်းအနား ကို ပြုလုပ်ရချေမည်။

             (1) ဗုဒ္ဒ ဘွဲ့ ထူးကို ခံယူ တော်မူသော ဘုရားရှင် ရှေ့ဆောင် လမ်းပြအဖြစ်ဖြင့် အသိအမှတ်ပြုပါ၏။ (2) ၄င်း ဘုရားရှင်ကိုယ်တိုင် တွေ့ရှိသိမြင်တိုင်း။ ဟောပြအပ်သော အမှန်တရားကို ရှေ့ဆောင်အဖြစ်ဖြင့် အသိအမှတ်ပြုပါ၏။ (3) ထိုဘုရားရှင်နှင့် တိုက်ရိုက် ဆက်သွယ်ရ်ျ အမှန်တရားကို အမှန်အတိုင်း လိုက်နာ ကျင့်ကြံ နေကြသော ပုဂ္ဂိုလ်မြတ်တို့ ကို လမ်းဖြစ်ဖြင့် အသိအမှတ် ပြုပါ၏ဟူရ်ျ ပုဗ္ဖကိစ္စကို ပြုလုပ်ရာနှိုက် ရွတ်ဆို ရလေသည်။၎င်းကို ဗုဗ္ဖဘာသာဝင် ဖြစ်လိုသူသည် အများသော ဗုဒ္ဒဘာသာဝင်တို့၏ မျက်မှောက်နှိုက်ဖြစ်စေ၊ သို့မဟုတ် ဆိတ်ငြိမ်ရာ အရပ်နှိုက်ဖြစ်စေ တည်ကြည်သောစိတ်၊ နှစ်မြို ၀မ်းမြောက်သော စိတ်တို့ဖြင့် ရွတ်ဆိုလျက် အဓိဠာန်ပြုရမည်။ထိုအခါ ၄င်းသည် ဗုဒ္ဒဘာသာဝင်ဟူသော အမည် နာမံကို ခံယူနိုင်လေတော့၏။

              ထို့ပြင်ဗုဒ္ဒဘာသာဝင်တို့ လိုက်နာလုပ်ကိုင်ရမည့် တာဝန် ၀တ္တရားတို့ကားနည်းပါးလှချေ၏။ လူသတ္တ၀ါ မလိုက်နာလောက်အောင်(၀ါ) တာဝန်မယူရဲလောက်များပြားလှသည်မဟုတ်ချေ။ စင်စစ် မှာ လူသတ္တ၀ါ တိုင်း တာဝန်ယူနိုင်၏။ သို့ယူနိုင်သည် အတိုင်းအတာ လူသားမှန်သမျှ လိုက်နာကျင့်ကြံ နိုင်၏။အဘယ်ကြောင့် နည်း။ ဗုဒ္ဒ ဘွဲ့ထူးကို ခံယူတော်မူသော လူသား သိဒ္ဒတ္ထဂေါတမ သည်၎င်းကို သူကိုယ်တိုင် လိုက်နာ ကျင့်ကြံနိုင်ခဲ့၏။

             ဗုဒ္ဒဘာသာဘုရားသည်၊ ယထ၀ါဒီ တထာကာရီ ဂုဏ်နှင့်ပြည့်စုံသောကြောင့် ပြောသလို လုပ်ရ်ျ လုပ်သလိုပြောခဲ့၏ ။၎င်းကိုယ်တိုင်ကျင့်ကြံအားထုတ်ခဲ့ရ်ျဖြစ်မြောက်ပြီးသော နည်းများကို သာ ဟောပြောခဲ့ေ သာကြောင့်တည်း။ ထို့ကြောင့် ဗုဒ္ဒ ဂေါတမ နှင့်တကွ၎င်း၏ တပည့် များလည်း လိုက်နာကျင့်ကြံနိုင်သဖြင့် များပြားကျယ်ဝန်းခြင်းမရှိသော ဗုဒ္ဒ ဘာသာဝင်တို့လိုက်နာရမည့် တာဝန်တို့ကား၊

   (၁) မှားယွင်းသောအမှုကိုမပြုလုပ်ခြင်း၊
   (၂)မွန်မြတ်မှန်ကန်သော အရာများကို ပြုလုပ်ခြင်း၊
   (၃) စိတ်ကို တည်ငြိမ် ဖြူစင်စေရ်ျ ဖြောင့်အောင်ပွားများ ခြင်းတို့ပင် ဖြစ်သတည်း။

              အို......အချင်းလူသား ။က်ျသို့ဆိုခဲ့ပြီးသော တရား ၃-ခုတို့သည် သင့်အတွက်ခက်ခဲရ်ျနေသေးသလော။ သင်သည် က်ျတရား ၃-ခုကို(၀ါ) တာဝန်သုံးမျိုး ကို လိုက်နာကျင့်ကြံနိုင်ခဲ့သော် သင်သည်လမ်းမှန် သို့ ရောက်အောင် အပြစ်ဟူသမျှ ပပျောက်ပြီးလျှင် မုချ အစစ်အမှန် ဖြစ်သော သုခ ချမ်းသာ ကိုရရှိခံစား ရပေလိမ့်မည်။ ထို့ကြောင့် သင်သည်က်ျ တာဝန် သုံးမျိုးကို ဦးလည်မသုန်ဘဲ ခံယူပါလော။။။။။။။။။
                                                                        ရှင်ဥက္ကဠ.
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်