ခင် ... 
ခင့်ဘ၀ရှေ့ရေး 
စိတ်အေးရဖို့ 
မတွေးတော့ဘူးလားကွယ်။
ခင့်ဘ၀ အနာဂတ် 
လက်တွဲဖို့အတွက် 
အဖော်ကောင်းများ 
မရှာတော့ဘူးလားကွယ်။
ခင့်ဘ၀ နောင်ရေး
ဒီတိုင်းနေဖို့ 
ဆုံးဖြတ်ထားလေသလားကွယ်။
တစ်ယောက်ထဲနေရာ 
ကြင်နာသူလိုခဲ့ရင်ဖြင့် 
ဒီလူကို သတိရ 
အနားမှာ အမြဲ 
ရှိနေလျှက်ပါကွယ်။

0 comments:
Post a Comment