လွမ်းဆုလေး -
သူမကြင် တမင်စိမ်း
စိမ်းရက်လေသလား
သူမခင် တမင်တိမ်း
ယိမ်းရက်လေသလား ကွယ်။
သရက်သီး -
စာနာမှုမထား မေ့နိုင်အား
မုန်းနိုင်အား
ရက်စက်လသလား ခင်။
လွမ်းဆုလေး-
သူမကြင် တမင်တကာစိမ်း
ဘယ်အညိုးနဲ့ အမုန်းဖွဲ့လေတယ်။
တွယ်တာရသူ မေ့ရင်က
နားခိုရာ သစ်တစ်ပင်မို့
မကြင်သူ ရှောင်ဖယ်တိမ်း
စိမ်းရက်လေအုံးတော့ ...
မရွှင်နှလုံး အသာဖုံးလို့
ပြုံးနေပါ့မယ် ကွယ်။
သရက်သီး -
အပြစ်မမြင် ချစ်ခင်ကာစ
သံသယပွားကာ သူပစ်ခွာ
အသစ်ရှာချင်ပြီး
ဒီမောင်မှာရတက်ပွေ
သောကတွေဝေဖို့
မျက်ရည်များစွာ ကြွေခဲ့ပြီ။
လွမ်းဆုလေး -
ထိုထိုမျက်ရည် ပင်လယ်ပြင်မက
ကျယ်ပြောလှ ဝေဒနာများစွာ
မောင်မမြင် တမင်စိမ်း
ပြောရက်လေသလား ကွယ်။
သရက်သီး -
အလွမ်းစာစီ သ၀ဏ်လွှာပါး
မေ့အနားသို့ အယူခံဝင်
ကဗျာတစ်ပုဒ် အသည်းဆုပ်လို့
ဆက်သလေပြီ ကျေနပ်ပေါ့ သခင်။
လွမ်းဆုလေး -
ဘုရင်မတစ်ပါး နန်းစံစားဖို့
နှလုံးသားကိုစတေး
အသဲကိုခွဲကာ ဆက်သသော်လည်း
လိုချင်ခဲ့တာ မောင်တစ်ယောက်ထဲမို့
မည်သို့ ပြုရပါမည်နည်း။
သရက်သီး - လွမ်းဆုလေး
(ကဗျာ မောင်နှမ သရက်သီးနှင့် လွမ်းဆုလေးတို့ ရေးစပ်ထားသော ဒီကဗျာလေးအား သူငယ်ချင်းများ မျှဝေခံစားဖို့ တင်ပြပေးလိုက်ရပါသည်။ လွမ်းဆုလေး၏ * ရင်ကွဲမှတ်တမ်း * တစ်ပုဒ်အား ကူညီရေးသား ထုဆစ်ပေးခဲ့သော ကိုသရက်သီးကို ကျေးဇူးအထူး တင်ရှိပါသည်။
0 comments:
Post a Comment