အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » နေရာဟောင်းမှာ

နေရာဟောင်းမှာ

Written By MyanmarChnnel@ on Tuesday, August 5, 2014 | 10:53 PM



မင်းနားမှာ
နေ့စဉ် သ၀န်နေတတ်တဲ့ ငါ
ရှိနေတာထက်စာရင်
မင်းတစ်ယောက်ထဲ ရှိနေတာက
ပိုပြီး အေးချမ်းပါတယ်။

မင်းနားမှာ
အမြဲ စိတ်မချမှုတွေနဲ့
ပြောနေမှာကို
နားထောင်နေတာထက်စာရင်
မင်းအတွက် နှစ်သိမ့်ပေးမယ့်လူက
ပိုပြီးကောင်းပါတယ်။

မင်းနားမှာ
အလွမ်းသွေးတွေကြောင့်
ခပ်ဆွေးဆွေး ညည်းတွားနေတဲ့
ငိုရှိုက်ကို ကြားနေရတာထက်စာရင်
မင်းကို ပျော်ရွှင်စွာထားမယ့်လူက
ပိုသင့်တော်ပါတယ်။

မင်းအပါးမှာ
အားငယ်နေတဲ့ ငါ့ကို
အစဉ်အားပေးနေမှာထက်စာရင်
မင်းကို အားပေးနိုင်တဲ့လူက
ပိုပြီး ကောင်းပါတယ်။

ဒဏ်ရာပရပွနဲ့
အလဲလဲ အကွဲကွဲ ဖြစ်နေတဲ့ ငါ့ဘ၀ကို
သနားနေမှာထက်စာရင်
ကိုယ့်အတွက် ပန်းခင်းထားတဲ့လမ်းက
ပိုပြီး သာယာပါတယ်။

မင်းပျော်ဖို့အတွက်
ဘာမဆို လုပ်ပေးနိုင်တဲ့ငါ
ငါ့ရင်ခွင်က
မင်းကို ခွဲထုတ်ရလည်း
ဒီဒဏ်ရာတွေက ပိုမနက်တော့ပါဘူး။

နာကျင်နေဆဲ ငါ့နှလုံးသားက
မင်း အနှောင့်ယှက်ဖြစ်အောင်
ငိုပြမှာမဟုတ်တော့ပါဘူး။

မင်း မရှိတဲ့ ဒီခုံတန်းတစ်ဖက်မှာ
တစ်ချိန်က မင်းရှိခဲ့ဖူးတဲ့
အငွေ့သက်တို့နဲ့
ငါ တစ်ယောက်ထဲ လွမ်း
ငါတစ်ယောက်ထဲ ရှိနေအုံးမှာပါ။

လွမ်းဆုလေး
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်