အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ခံတွင်းနံ့ဆိုးတွေ ပျောက်ကင်းစေဖို့ နည်းလမ်း (၆) ခု

ခံတွင်းနံ့ဆိုးတွေ ပျောက်ကင်းစေဖို့ နည်းလမ်း (၆) ခု

Written By MyanmarChnnel@ on Friday, August 22, 2014 | 10:16 PM



ခံတွင်းနံ့ဆိုးခြင်းဟာ လူအများနဲ့ ဆက်ဆံရတဲ့အခါမှာ ကိုယ့်ဘေးနားက လူတွေကို အနှောင့်အယှက် အပေးဆုံး အချက်ပါပဲ။ ခံတွင်းနံ့ဆိုး မထွက်အောင် ဘယ်လိုဂရုစိုက်သင့်သလဲ ဆိုတဲ့ အချက်လေးတွေ ဖော်ပြပေးလိုက်ပါတယ်။

သင့်သွားကို အဓိကထားဂရုစိုက်ပါ

ပထမဆုံးနဲ့ အလွယ်ကူဆုံးနည်းက ပါးစပ်ကို အထူးဂရုစိုက်ပေးပို့ပါ။ သွားပိုးပေါက်တွေ၊ သွားပျက်စီးခြင်း နဲ့ သွားဖုံးပေါ်က ရောဂါပိုးမွှားတွေဟာ မသိမသာ အနံ့အသက်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သွားတွေနဲ့ သွားဖုံးကြားက ဘက်တီးရီးယားပိုးတွေကို ဖယ်ရှားဖို့ တစ်နေ့ နှစ်ကြိမ် သွားတိုက်ပေးဖို့နဲ့ အနည်းဆုံး တစ်ရက် တစ်ခါလောက် သွားသန့်ရှင်းရေးလုပ်ပြီး အညစ်အကြေးတွေကို ဖယ်ရှားပေးသင့် ပါတယ်။ နောက်ပြီး သွားဆရာဝန်ဆီ တစ်နှစ် နှစ်ကြိမ် စစ်ဆေးပြီး သန့်ရှင်းရေးလုပ်ပေးဖို့လည်း အထူး သတိပြုသင့်ပါတယ်။

သင့်လျှာကို သန့်ရှင်းအောင်ထားပါ

လျှာရဲ့အရင်းနေရာဟာ အန္တရာယ်ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးမွားများ ပေါက်ပွားရာနေရာနဲ့ အနံ့အသက် ဆိုးတွေ ထွက်စေတဲ့နေရာ တစ်နေရာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အများစုက သွားတိုက်တဲ့အခါ အရေးပါတဲ့ အဲဒီနေရာကို လစ်လျူရှု တတ်ကြတယ်။

အချိုဓာတ်ကို ရှောင်ပါ

အရွက်စိမ်းနဲ့ ဂျမ်(ပီကေ)စားပေးခြင်းဖြင့် အနံ့အသက်ဆိုးကို ပျောက်ကင်းစေနိုင်ပါတယ်။ ဒါပေမဲ့ သင့် သိကြား အချိုဓာတ်ပါတဲ့ အမျိုးအစားတွေအသုံးပြုမယ်ဆိုရင် ပြဿနာကို တိုးပွားစေသလိုဖြစ်နေပါလိမ့်မယ်။ သင့်ပါစပ်းထဲက ဘက်တီးရီးယားတွေက ဆိုးရွားတဲ့ အနံ့အသက်တွေကို ဖြစ်ပေါ်စေပါလိမ့်မယ်။

အာခေါင်ကို စိုစွတ်နေအောင်ထားပါ

တံတွေးမှာ ဘက်တီးရီးယားပိုးတွေကို သေစေတဲ့ အဓိကမရှိမဖြစ် အင်ဇိုင်းတွေပါဝင်တာကြောင့် အာခေါင် ကပ်နေတယ်ရင် အနံ့အသက်တွေ ထွက်တတ်ပါတယ်။ ရေကို ပုံမှန်သောက်ပေးခြင်းဖြင့် တံတွေး ဂလင်းတွေကို လှုံ့ဆော်ပေးပြီး အာခေါင်ကို စိုစွတ်နေအောင်ထိန်းပေးပါတယ်။

အနားယူလက်ဖက်ရည်သောက်ဖို့အချိန်ပေးပါ
 
ရေနွေးကြမ်းသောက်ခြင်းသည် လည်း အနံ့ဆိုးတွေကို ပျောက်ကင်းစေဖို့အထောက်အကူဖြစ်စေပါတယ်။ လက်ဖက်ခြောက်တွေမှာပါတဲ့ chemical ဓာတ်တွေဟာ ဘက်တီးရီးယားတွေကြောင့်ထွက်တဲ့အနံ့ဆိုးတွေအပါအ၀င် ၎င်းဘက်တီးရီးယားပိုးမွားတွေရဲ့ ကြီးထွားမှုကို အဟန့်အတားဖြစ်စေပါတယ်။

ဟင်းခတ်အမွှေးအကြိုင်အသုံးပြုခြင်း

အိန္ဒိယအစားအစာတွေမှာ တွေ့နိုင်တဲ့ ဟင်းခတ်အမွှေးအကြိုင်မှာ ဘက်တီးရီးယားပိုးကို ခုခံနိုင်တဲ့ အာနိသင်ပါရှိတယ်လို့ သိရှိရပြီး ပါစပ်းအနံ့အသက်ကင်းစင်အောင် နှစ်ပေါင်းများစွာ အသုံးပြုခဲ့တယ်လို့ သိရှိရပါတယ်။ ဖာလာပင်ဟာ ဘီးတီးရီးယားပိုးမွားတွေကို သေစေပြီး ပြင်းထန်တဲ့ အနံ့သက်ဆိုးတွေကို သက်သာပျောက်ကင်းစေတဲ့ စီနိုလီ တစ်မျိုးပါဝင်ပါတယ်။

http://www.lyhealthcare.com/archives/2072
Source: womenshealthmag
Trend Myanmar


Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်