အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » Facebook post များတွင် စတစ်ကာများဖြင့် comment ရေးသားနိုင်ရန် Facebook စမ်းသပ်နေ

Facebook post များတွင် စတစ်ကာများဖြင့် comment ရေးသားနိုင်ရန် Facebook စမ်းသပ်နေ

Written By MyanmarChnnel@ on Friday, August 22, 2014 | 10:03 PM



Facebook post များတွင် စတစ်ကာများဖြင့် comment များ ရေးသားနိုင်ရန် စမ်းသပ်လျက်ရှိကြောင်း နာမည်ကျော် လူမှုရေးကွန်ရက်ဖြစ်သည့် Facebook မှ အတည်ပြု ပြောကြားခဲ့သည်။ လက်ရှိတွင် အဆိုပါ စတစ်ကာများကို Facebook Messenger တွင်သာ အသုံးပြုနိုင်သည်။

“ကျွန်တော်တို့ Facebook comment မှာ စတစ်ကာတစ်ခု ထည့်သွင်း ရေးသားနိုင်ဖို့အတွက် စမ်းသပ်နေပါတယ်” ဟု Facebook မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက The Next Web ထံ အတည်ပြု ပြောကြားခဲ့သည်။

သုံးစွဲသူများသည် Facebook comment တွင် စတစ်ကာဖြင့် ထည့်သွင်း ရေးသားခြင်းသည် Facebook Messenger app တွင် အသုံးပြုသည့် နည်းလမ်းအတိုင်း ပြုလုပ်ရမည် ဖြစ်သည်။ AllFacebook မှ ထွက်ပေါ်လာသော screenshot များအရ စတစ်ကာ ခလုတ်ကို comment bar ရှိ ကင်မရာ ခလုတ်ဘေးတွင် ထားရှိထားပြီး ၎င်းခလုတ်ကို နှိပ်လိုက်သည့်အခါ default စတစ်ကာများနှင့် သုံးစွဲသူမှ ဝယ်ယူထားသည့် စတစ်ကာများကို တွေ့မြင်ရမည် ဖြစ်သည်။

အဆိုပါ feature ကို ဖြန့်ချိမည့် အစီအစဉ် အသေးစိတ်အား Facebook မှ ပြောကြားခဲ့ခြင်း မရှိသော်လည်း လက်ရှိတွင် ရွေးချယ်ထားသည့် သုံးစွဲသူအချို့ထံ၌ ၎င်း feature ကို စမ်းသပ်လုပ်ဆောင်နေကြောင်း သိရသည်။

- See more at: http://www.internetjournal.com.mm/content/14121#sthash.ZssDxkQc.dpuf
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်