အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » ကျန်ရစ်သူ အလွမ်း (အချစ်ရဲ့ အဆိပ်)

ကျန်ရစ်သူ အလွမ်း (အချစ်ရဲ့ အဆိပ်)

Written By MyanmarChnnel@ on Thursday, August 14, 2014 | 1:27 AM




ဘာမှ မပြောတာ့ဘူးလို့ အသံတိတ်
အံကိုကြိတ်ထားပေမယ့်
တဆစ်ဆစ်နာကျင်နေတဲ့
ဘယ်ဘက်နှုတ်ခမ်းထောင့်မှာ
အေးစက်စက်အထိတွေ့တစ်ခု..
အော် ..
သွေးစက်တွေပါလား....။

ဘာမှမမြင်ချင်တော့ဘူးလို့
မျက်လုံးစုံမှိတ်
မျက်လွှာပိတ်လိုက်ပေမယ့်
ပါးပြင်ထက်မှာ ခပ်နွေးနွေး အရာတစ်ခု..
အော်..
မျက်ရည်စတွေပါလား .. ။

ဘာဖြစ်ဖြစ် နားလည်ပေးပါတယ်လို့
ဝေဒနာကိုသိမ်း
ရင်ကို ထိန်းလိုက်ပေမယ့်
တရှရှ နာကျင်နေတဲ့ အရာတစ်ခု..
အော်...
ငါ့နှလုံးသားလေး အကျဉ်းကျနေပါလား....။

နားလည်ပေးထားရက်နဲ့
ရင်ခွင်ဟောင်းကိုခွဲ
အသစ်ကို ပြောင်းခဲ့သူရယ်...

မင်းထားရစ်တဲ့ အမှတ်တရများက
ငါ့ရင်ကိုခွဲ ငါ့အသဲကို နုတ်နုတ်စင်းလို့
ငါ့အချိန်တိုင်း နာရီတိုင်းကို
မင်း အကြောင်းတွေး ဆွေးနေဖို့
ကျိန်စာတစ်ခုလို ငါ ...
အဆိပ်သင့်နေခဲ့ပြီကွယ်။

လွမ်းဆုလေး

ကြိုးစားပါအုံးမည်။

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်