ပင်မြင့်မှာစံ
နန်းသုံးခံဖို့
တော်ဝင်သည့်ပန်း
မဖြစ်ခဲ့ပေမယ့်
နွမ်းခြောက်နေလဲ
ပန်းခြောက်လေးအဖြစ်
အားလုံးရင်ထဲ
စွဲနစ်ရသူပါကွယ်။
မာနတံတိုင်း
မထားခဲ့ပါဘူး..
အလှမာန်ဝင့်
မတင့်ခဲ့ပါဘူး..
ပင်ယံထက်တောင်
ပွင့်စဉ်ဘ၀နဲ့
မနေခဲ့ရရှာတဲ့
ပန်းခရေပါ။
အညှာမခိုင်
အကြွေစောပေမယ့်
အကြွေ ပန်းဘ၀နဲ့
ရနံသင်းလို့
ဆံကေသာထက်မှာ
နေရာယူတဲ့
ခရေ ပါကွယ်။
မြေပေါ်မှာဖွေး
လေပြေမှာ မွှေးစေတဲ့
ပန်းခရေ ဆိုတာလဲ
ကိုယ်ပိုင် ရနံ့ နဲ့
ပန်းတစ်ပွင့်ပါ ။
လွမ်းဆုလေး
0 comments:
Post a Comment