အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ကျောက်ကပ်နှင့် သွေးတိုးရောဂါ

ကျောက်ကပ်နှင့် သွေးတိုးရောဂါ

Written By MyanmarChnnel@ on Saturday, August 9, 2014 | 11:03 PM


ကျောက်ကပ်မှာ ရောဂါတစ်ခုခုရှိရင် ဒါမှမဟုတ် ကျောက်ကပ်ထဲ သွေးအရောက်နည်းရင် သွေးဖိအား တက် လာတတ်တယ်။ ကျောက်ကပ် ထိခိုက်မှုသိသာလေ သွေးဖိအားတက်မှု သိသာလေဖြစ် တယ်။ ကျောက် ကပ် ရောဂါသည်တိုင်းမှာ သွေးတိုးရောဂါ ယှဉ်တွဲပြီးရှိနေ တတ်တယ်။ သွေးတိုးဆိုတာက သွေးဖိအားတိုင်း ကိရိယာနဲ့တိုင်းတဲ့အခါ အပေါ်သွေးဖိအား ၁၄ဝ မီလီမီတာ၊ အောက်သွေးဖိအား ၉ဝ မီလီမီ တာ ပြဒါးကျော် မှ ခေါ်ဆိုခြင်းဖြစ်တယ်။ သာမန် လူတစ်ဦး အနေနဲ့ အပေါ်အောက် ၁၂ဝ/၈ဝ မီလီမီတာ ပြဒါးခန့်သာ ရှိတယ်။

အသက်ကြီးလာရင် သွေးတိုးနဲ့ ကျောက်ကပ်ရောဂါ ပိုဖြစ်တတ်တယ်။ သွေးတိုးရောဂါ ခံစားရသူ ၁ဝဝ မှာ ၉ဝ ခန့်ဟာ ဘာကြောင့်ဖြစ်မှန်း မသိပါ။ ဒါပေမဲ့ ၁ဝ ရာခိုင်နှုန်း က ကျောက်ကပ်ရော ဂါကြောင့် ဖြစ် ပြီး ကျောက်ကပ်ရဲ့အထက် အကျိတ်ရောင် ရောဂါကြောင့် ဒါမှမဟုတ် ဦးနှောက်နဲ့ကျောရိုး နာ့ဗ်ကြောရောဂါ အချို့ကြောင့်လည်း ဖြစ်နိုင်တယ်။  

 သွေးတိုးလူနာ အများစုဟာ ကျောက်ကပ်ကြောင့်ဖြစ်တဲ့ သွေးတိုးက မများလှဘူးလို့ ဆိုတယ်။ ဒါပေမဲ့ ကျောက်ကပ်ရောင် ရောဂါသည် တိုင်း သွေးတိုးကြပါတယ်။ ကျောက်ကပ်က ရီနင်ကို ထုတ်ပေးတဲ့ အတွက် အခြားဟော်မုန်းဓာတ် ပစ္စည်းများနဲ့ ပေါင်းပြီး သွေးဖိအား တက်စေတယ်။ ရီနင်ဟာ ကျောက် ကပ်ရောဂါရ တိုင်း ကျောက်ကပ်ကို သွေးရောက်နည်းတဲ့ အခါမှာ ပိုထွက်လာတတ်တယ်။
အချို့ပညာရှင်များက ကျောက်ကပ်၊ နှလုံးဖြတ်တောက် လဲလှယ်ပြီးပေမယ့်လည်း သွေးတိုး ပြန်တယ် ဆိုတယ်။ ကိုယ်အင်္ဂါက ထုတ်တဲ့သွေးဖိအား တက်စေတဲ့ ဓာတ်များကို  ပုံမှန်အားဖြင့် ကျောက်ကပ်က ဖျက် ဆီးပေး၊ ထိန်းပေးရာက ကျောက်ကပ်နှစ်ခု မကောင်းတဲ့အခါ အထိန်းမဲ့လို့ သွေးတိုးရခြင်းဖြစ် တယ်။ ကျောက်ကပ်ကြောင့် သွေးတိုးရ တဲ့ ရောဂါအမျိုးမျိုးကတော့

(၁) ကျောက်ကပ်ရောင်ရောဂါ အမျိုးမျိုး၊
(၂) ဆီးခံကတော့ ကျောက်ကပ်ရောင် ရမ်းခြင်း၊
(၃) ကျောက်ကပ်သွေး အရောက်နည်းခြင်း၊
 (၄) ရေအိတ်များ ကျောက် ကပ်ရောဂါ၊
(၅) ကျောက်ကပ်၌ အသားပိုထွက်၊ အကျိတ်ထွက်၊ သွေးကြောပြတ်ခြင်း၊
(၆) ကျောက်ကပ် သွေးလွှတ်ကြော ကျဉ်းခြင်း၊
(၇) ဗီတာမင်ဒီ များလွန်းခြင်း၊
(၈) သိုင်းရွိုက် ဘေးအကျိတ် လွန်ကဲခြင်း၊
(၉) သွေးလွှတ်ကြော ပတ်လည်ရောင်ရမ်းခြင်း၊
(၁ဝ) တစ်ကိုယ်လုံး အနီကွက်ပေါ်ခြင်း၊
(၁၁) သွေးခဲမှုနည်းသော ရောဂါ၊
(၁၂) အေမိုင်လွိုက်ဒိုးဆစ် ခေါ် ကျောက်ကပ်တွင် ကျောက်တည်ခြင်း၊
(၁၃) ဆီးလမ်းကြောင်းပိတ် ရောဂါတွေဖြစ်တယ်။
ကျောက်ကပ် တစ်လုံးတည်း ရောဂါရပြီး ပြင်းထန်ပါက ကျောက်ကပ်ပြည်တည်ရောင်နာ ဖြစ်ကာ သွေးဖိအားအတက်မြန်ပြီး သွေးတိုး ပြင်းထန်တယ်။ အပေါ်သွေး ၁၅ဝ-၂ဝဝ ကျော်၊ အောက်သွေး ၁၅ဝ-၁၆ဝ မီလီမီတာကျော်အထိ တက်နို င်ပြီး ခေါင်းအလွန် ကိုက်ခြင်း၊ မျက်စိမှုန်ဝါး၊ နှလုံးခုန်အားကျပြီး သတိမေ့ကာ ချက်ချင်းသေဆုံးနိုင်တယ်။ အဲဒါကို   သွေးဖိအား အတက်ကြမ်းပြီး သွေးတိုးရောဂါဆိုး သို့မဟုတ် သေစေနိုင်တဲ့ သွေးတိုးလို့ ခေါ်တယ်။

ကုသပုံ ကတော့ သွေးတိုးရောဂါ ကုသပုံနဲ့ အတူတူပဲဖြစ် တယ်။ ကျောက် ကပ်ကြောင့် ရတဲ့ သွေးတိုးရောဂါ မှာ ရောဂါပျောက်ရန် ကုသဖို့လို တယ်။ ကျောက် ကပ်ရောဂါ ပျောက်ပါ က သွေးတိုးပျောက် သွားတယ်။ ကျောက်ကပ်ရောဂါ မပျောက် ရင် သွေးတိုးမပျောက် ပါ။ သွေးတိုးရော ဂါရှိရင် ကျောက် ကပ်ရောဂါဟုတ်၊ မဟုတ် အာထရာဆောင်းရိုက်ခြင်း၊ ယူရီးယားခရစ်ထီ နင် ဖောက် စစ်ခြင်း၊ သွေးကြောထဲ ဆေးထည့် ရိုက်ခြင်းများလုပ်ပြီး စစ်ဆေးနိုင်တယ်။  

Ref :  မြ၀တီ ကျန်းမာရေးသတင်း
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်